News

Amazon၏ Kindle Fire HD Tabletအသစ်

Amazon၏ Kindle Fire HD Tabletအသစ် ပုံစံကို ဖော်ပြထားသည့် ဓာတ်ပုံအချို့ထွက်ရှိ ခဲ့သည်။ အဆိုပါ Tabletအသစ်သည် ရှေ့ကထွက်ရှိခဲ့သည့် Kindle Fire HD Tabletကဲ့သို့ ထောင့်စွန်းများ လုံး၀န်းခြင်း မရှိဘဲ ထောင့်ကျနေကြောင်း တွေ့ရသည်။ အဆိုပါ ဓာတ်ပုံကိုလည်း မြန်မာအိုင်စီတီ ပရိသတ်များ လေ့လာနိုင်စေဖို့ တင်ဆက်ပေးထား ပါသည်။ Kindle Fireတက်ဘလက် အသစ်၏ ဒီဇိုင်းပုံစံသည် အရင်ကထွက်ရှိ ခဲ့သည့် HTC၏ Touch Diamondစမတ်ဖုန်း ကိုပြန်ပြောင်း အမှတ်ရစေပြီး အဆိုပါ စမတ်ဖုန်းပုံစံကိုလည်း ဖော်ပြပေး လိုက်ပါသည်။

အဆိုပါ Kindle Frie HD Tabletအသစ်တွင် ၇လက်မနှင့် ၈.၉လက်မ ဟူ၍ဗားရှင်း နှစ်မျိုးလာမည် ဖြစ်သည်။ မျက်နှာပြင် ၇လက်မ Tabletတွင် 1920×1200 Pixelရုပ်ထွက်၊ Quad-Core Qualcomm Snapdragon 800 Chipsetတပ်ဆင် ထားပြီး CPUအမြန်နှုန်းလည်း 2GHzထက် ပိုမိုမြန်ဆန်မည်ဟု ခန့်မှန်းရသည် RAM 2GBတပ်ဆင် ထားကာ Wi-Fi, Mobile Dataနှင့် အချက်အလက် ထားသိုမှုအတွက် Internal Storage 16GB, 32GB, 64GBစသည်ဖြင့် အသီးသီး စီစဉ်ပေးထားမည် ဖြစ်သည်။

HTC Diamond

HTC Diamond

8.9inches Modelတွင်မူ 2560×1600-Pixel HDရုပ်ထွက် ထောက်ပံ့ပေးထားကာ 8MPအရည်အသွေးရှိ ကျောဘက်ကင်မရာလည်း ပါ၀င်မည် ဖြစ်သည်။ ဒါ့အပြင် အဆိုပါ Modelနှစ်မျိုးလုံးသည် ရှေ့ကထွက်ရှိ ခဲ့သည့် Tabletများထက် ပေါ့ပါးပြီး ယခုနှစ်ကုန်ပိုင်းတွင် ဈေးကွက်တွင်း ရောက်ရှိလာမည်ဟု ခန့်မှန်းရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

One thought on “Amazon၏ Kindle Fire HD Tabletအသစ်

Leave a Reply

Your email address will not be published. Required fields are marked *