သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သိမှတ်ဖွယ်ရာများ ဟောပြောဆွေးနွေးပွဲတစ်ရပ်ကို ဇွန်လ ၅ ရက် သောကြာနေ့ ညနေ ၅နာရီ အချိန်တွင် ဗြိတိသျှကောင်စီ စာကြည့်တိုက်၌ ကျင်းပပါမည် ဖြစ်ရာ ပွဲကြိုသတင်းအဖြစ် အဆင်ပြေပါက အသုံးပြုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဟောပြော ဆွေးနွေးမည့်သူများမှာ Myanmar Climate Change Watch မှ အမှုဆောင်အရာရှိချုပ် ဒေါက်တာ ဦးထွန်းလွင် နှင့် Myanmar Environmental Working Group မှ အကြံပေးအရာရှိ ပါမောက္ခ ဦးခင်မောင်ချိုတို့
ဖြစ်ပြီး ဆွေးနွေးပွဲတွင် Climate Knowledge for Climate Action ( ဥတုရာသီဆိုင်ရာ ဗဟုသုတ) နှင့် Managing Resources for Sustainable Development ( ရေရှည်တည်တန့်မည့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် သယံဇာတများအား စီမံခန့်ခွဲမှု ) အကြောင်းအရာများကို တင်ပြဆွေးနွေးသွားပါမည်။
ဟောပြောပွဲအပြီးတွင် ဆရာကြီးတို့နှင့် သိလိုသည်များကို ဆွေးနွေးနိုင်မည် ဖြစ်ပါသည်။ စိတ်ပါဝင်စားသူများ အနေဖြင့် ဇွန်လ ၄ ရက် ကြာသပတေးနေ့ နောက်ဆုံးထား၍ online တွင် https://www. surveymonkey.com/ s/bc-librarytalk မှ စာရင်းပေး၍ ဖြစ်စေ ဗြိတိသျှကောင်စီ စာကြည့်တိုက် (၂၅၄-၆၅၈/၂၅၆-၂၉၀ လိုင်းခွဲအမှတ် ၃၃၁-၆ နှင့် အီးမေးလ်လိပ်စာ library.enquiriesmm. britishcouncil.org) သို့ ဆက်သွယ်၍ဖြစ်စေ စာရင်းပေးနိုင်ပါသည်။ အသင်းဝင်မဟုတ်သူများလည်းပါဝင်နိုင်ပြီး စာကြည့်တိုက်သို့ လာရောက်သောအခါ မှတ်ပုံတင် (သို့) ကျောင်းသားကဒ် တစ်ခုယူဆောင်လာရန်လိုပါသည်။ ဗြိတိသျှကောင်စီမှ အများစိတ်ဝင်စားဖွယ် သုတဟောပြော ပွဲများကို ပုံမှန်ပြုလုပ်ပေးနေပြီး စာကြည့်တိုက်ဝန်ဆောင်မှုများအကြောင်းကို အသေးစိပ်သိရှိလိုပါက http://www.britishcouncil.org.mm/ english/libraries သို့မဟုတ် www.facebook.com/ BritishCouncil Myanmar သို့ဝင်ရောက်ကြည့်ရှုကာ ဆက်သွယ်မေးမြန်းနိုင်ပါသည်။