အိုင်တီ နှင့် နည်းပညာခေတ်တွင် လူတိုင်းလိုလိုအနည်းဆုံး Smartphone တစ်လုံးတော့ အသုံးပြုကြပါတယ်။ လုပ်ငန်းခွင်များမှာ ဆိုရင်တော့ Manual စာရင်းကိုင်စနစ် မှ သည် Computerize စနစ်များကို ပြောင်းလဲအသုံးပြုနေကြပါပြီ။ အခုလို PC နှင့် Mobile ပစ္စည်းများကို မိမိလုပ်ငန်းကိစ္စ အတွက်များသာမက ကိုယ်ရေးကိုယ်တာအတွက်ပါ အသုံးပြုကြလာတဲ့အခါမှာ မိမိအတွက် အရေးကြီးသော အချက်အလက်များကို ခိုးယူဖျောက်ဖျက်စေမည့် အန္တရာယ်အမျိုးမျိုး ကို ကြုံတွေ့နေရပါတယ်။
ဒါကြောင့် မိမိ PC နှင့် Mobile ပစ္စည်းများကို အန္တရာယ်ကြီးမားသောတိုက်ခိုက်မှုများ၊ ခိုးယူမှုများ မှ လုံခြုံမှုရှိစေရန်မှာ အလေးပေးဦးစားပေးရမည့် အချက်ဖြစ်နေပါပြီ။ အိုင်တီနည်းပညာလောကတွင် ဦးဆောင်နေတဲ့ Intel Company မှ Computer နှင့် Mobile ပစ္စည်းများကို အန္တရာယ်အမျိုးမျိုးမှ ကာကွယ်မှု အပြည့်အဝပေးမည့် Security Software များကို ဈေးနှုန်း သက်သက်သာသာဖြင့် ဝယ်ယူအသုံးပြုနိုင်ရန်အတွက် KMD မှ ဖြန့်ဖြူးရောင်းချပေးနေပါတယ်။
PC အသုံးပြုသူများအတွက် အနည်းဆုံးမရှိမဖြစ် လိုအပ်တဲ့အခြေခံ Antivirus Software အဖြစ် McAfee Antivirus၊ လုံခြုံစိတ်ချရတဲ့ Internet နှင့် Network အသုံးပြုမှုကို အပြည့်အဝရရှိနိုင်ရန် အတွက် McAfee Internet Security နှင့် Mobile Smartphone နှင့် Tablet များအတွက် McAfee Mobile Security ဟူ၍ Product (၃) မျိုးကို မြန်မာနိုင်ငံအတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိပါတယ်။ McAfee Mobile SecurityAndroid စမတ်ဖုန်း နှင့် Tablet များအား ယုံကြည်စိတ်ချရသော အင်တာနက် အသုံးပြုမှုနှင့် အခြားဖုန်း, Tabletများအား ချိတ်ဆက်အသုံးပြုမှုများ ရှိစေရန်နှင့် အချက်အလက်များ လုံခြုံမှုများရှိစေရန်အတွက် အကောင်းဆုံး ကာကွယ် ဖြေရှင်းပေးပါတယ်။
မိုဘိုင်းအသုံးပြုပစ္စည်း နှင့် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို အန္တရာယ်ကြီးမားသော Virus, Malware နှင့် အင်တာနက် ဘေးဥပဒ်များမှ လုံခြုံမှုရှိစေရန် ကာကွယ်ပေးခြင်း၊ အန္တရာယ်ကြီးမားသော အင်တာနက် Link များ နှင့် စိတ်ချရမှုမရှိသော Wifi-Network များကြားတွင် လုံခြုံစိတ်ချစွာ အပြည့်အဝဖြင့် အင်တာနက် ချိတ်ဆက်အသုံးပြုနိုင်ခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် မိုဘိုင်းအသုံးပြုစ္စည်း ပျောက်ဆုံးသွားသော်လည်း (SIM Card အား ဖြုတ်ခြင်း ၊ လဲလှယ်ခြင်းများ အပါအဝင်) မိုဘိုင်းအတွင်းရှိ အချက်အလက်များကို လုံခြုံစိတ်ချမှုရှိစေပြီး အလွယ်တကူပြန်လည် ရယူနိုင်ခြင်း၊ မိုဘိုင်းအသုံးပြုပစ္စည်း ပျောက်ဆုံးသော်လည်း မိမိကိုယ်ရေးကိုယ်တာ အချက်အလက်များအား Cloud Storage ပေါ်တွင်အလွယ်တကူ Backup နှင့် Restore ပြုလုပ်နိုင်ခြင်း စတဲ့ဝန်ဆောင်မှုများနှင့် အရည်အသွေးများ ပါဝင်ပါတယ် ။
McAfee Antivirus
Intel Security မှ McAfee® AntiVirus ကတော့ Virus အန္တရာယ်များ၊ ကွန်ပျူတာရှိ အချက်အလက်များအား ခိုးယူခြင်းများ နှင့် Social Media များမှ မလိုလားအပ်သော အန္တရာယ် များကိုထိရောက်စွာ ကာကွယ်ဖြေရှင်းပေးပါတယ်။ မိမိ Wifi Network အားခိုးယူသုံးစွဲနေမှုများ မှ တားဆီးပေး၍ ကွန်ပျူတာ Performance ကောင်းမွန်နေစေရန် ထိန်းညှိပေးမှုများ အမြဲပြုလုပ်ပေးပါတယ်။ ကွန်ပျူတာ နှင့် အချက်အလက်များကို အန္တရာယ်ကြီးမားသော Virus, Malware နှင့် အင်တာနက် ဘေးဥပဒ်များမှ လုံခြုံမှုရှိစေရန် ကာကွယ်ပေးခြင်း၊ မလိုအပ်သော ဖိုင်များအားရှာဖွေ၍ ပယ်ဖျက်ပေးခြင်း၊ ကွန်ပျူတာ၏ Hard Disk နှင့် Memory များအတွက် နေရာလွတ်များကျန်ရန်ရှင်းလင်းပေးခြင်း နှင့် လျင်မြန်ပေါ့ပါး၍ တည်ငြိမ်မှုရှိသော ကွန်ပျူတာ စွမ်းဆောင်ရည်အတွက် ထိန်းညှိပေးမှုများ ပါဝင်ခြင်း၊ အန္တရယ်ကြီးမားပြီး မလိုလားအပ်သော Download ပြုလုပ်ခြင်းများ မရှိစေရန် အရည်အသွေးမြင့်မားတဲ့ 2-way Firewall ဖြင့် ကာကွယ်ပေးခြင်း နှင့် Wifiအားမိမိသိမှတ်ခြင်း မှအပ အခြားသူများခိုးယူချိတ်ဆက်အသုံးပြုမှုရှိလျှင် အလိုအလျောက် အချက်ပြဖော်ပြပေးမည့် Network Manager များစတဲ့ အရည်အသွေးများပါဝင်ပါတယ်။
McAfee Internet Security
Intel Security မှ McAfee® Internet Security အနေနဲ့ Virus အန္တရာယ်များမှ ကာကွယ်ပေးခြင်း၊ မိမိမိသားစုနှင့် သားသမီးများ PC နှင့် အင်တာနက်အသုံးပြုမှု ကို Control ပြုလုပ်နိုင်ခြင်း နှင့် အခြားလုံခြုံရေး လိုအပ်ချက်များကို ထိရောက်စွာဖြေရှင်း ဆောင်ရွက်ပေးပါတယ်။ Virus , Malwares နှင့် အင်တာနက် ၏ မလိုလားအပ်သော အန္တရာယ်မျိုးစုံမှ သင်၏ PC နှင့် အချက်အလက်များကို လုံခြုံမှုရှိစေရန် ထိန်းသိမ်းပေးခြင်း၊ အန္တရာယ်ကြီးမားပြီး မလိုလားအပ်သော Download ပြုလုပ်ခြင်းများ မရှိစေရန် အရည်အသွေးမြင့်မားတဲ့ 2-way Firewall ဖြင့် ကာကွယ်ပေးခြင်း နှင့် Wifiအား မိမိသိမှတ်ခြင်းမှ အပအခြားသူများ ခိုးယူချိတ်ဆက် အသုံးပြုမှုရှိလျှင် အလိုအလျောက် အချက်ပြ ဖော်ပြပေးမည့် Network Manager များပါဝင်ခြင်း ၊ မိသားစုသားသမီးများအတွက် လုံခြုံစိတ်ချမှုရှိသော ကွန်ပျူတာ နှင့် အင်တာနက်အသုံးပြုမှု ရှိစေရန်အတွက် ထိန်းသိမ်းပေးခြင်း စတဲ့အရည်အသွေးများနဲ့ ပြီးပြည့်စုံတဲ့ Security Software ဖြစ်ပါတယ် ။
၁ နှစ်စာ အသုံးပြုနိုင်မယ့် Intel Security ၏ Product များဖြစ်တဲ့ McAfee Mobile Security ကို ၄,ဝ၀ဝ ကျပ်၊ McAfee Antivirus ကို ၄,၅၀ဝ ကျပ် နှင့် McAfee Internet Security ကို ၆,၅၀ဝ ကျပ် ဖြင့် KMD မှ ဖြန့်ဖြူးရောင်းချလက်ရှိပြီး အမြို့မြို့ အနယ်နယ်ရှိ IT နှင့် Mobile အရောင်းဆိုင်ကြီးများတွင် ဝယ်ယူရရှိနိုင်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဖုန်း : 01 -381-129 , 381-035, 245-180 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။