Gaming

Nakaimo – My Sister is Among Them!

Nakaimo - My Sister is Among Them!

Genre – Ecchi, Harem
No. of Episodes – 12
Studio – Studio Gokumi
Score – 3 out of 5

2012 July နှင့် September ကြားမှာပြသခဲ့တဲ့ Summer Season အတွင်းမှာ Romance Animation Series တွေ အတော်များများ ပါလာတာကို တွေ့ရပါတယ်။ အရင် Season တိုင်းမှာလည်း Ecchi Seriesတွေ အတော်များပေမည့် ခု Summer 2012 Season မှာတော့ Fantasy Action ဇာတ်လမ်းအများစုကော Science Fiction Mecha ဇာတ်လမ်းတွေမှာပါ Romance နှင့် Comedy လေးတွေ ရောနေတာ တွေ့ရလို့ Summer Season ကတော့ Ecchi Series တွေကို ရှောင်မရတဲ့ Season တစ်ခု ဖြစ်နေပါတယ်။ ယခု လက်ရှိ ပြနေတဲ့ 2012 Fall Season မှာတော့ Seinen Shows နှင့် အတည်ပေါက် ဇာတ်လမ်းတွေ ပိုများနေတာတော့ တွေ့ရပါတယ်။

Summer Season က အပိုင်း (၁၂)ပိုင်းပါ Anime Series တစ်ခု ဖြစ်တဲ့ Nakaimo – My Sister is Among Them! ကတော့ ထုံးစံအတိုင်း Harem နှင့် Ecchi ရောစပ်ထားတဲ့ ဟာသဇာတ်လမ်းသစ် တစ်ခုပါ။ Japan အမည်ကတော့ “Kono Naka ni Hitori, Imōto ga Iru!” ဖြစ်ပြီး Online Streaming website ဖြစ်တဲ့ Crunchyroll.com မှာတော့ “Nakaimo – My Sister is Among Them!” အမည်နဲ့ English စာတမ်းထိုးဖြင့် ပြသခဲ့ပါတယ်။ စာရေးဆရာ Hajime Taguchi ရဲ့ Light Novel စာအုပ်ဇာတ်လမ်းတွေကို မှီငြမ်းထားတာပါ။

Kono Naka ni Hitori, Imōto ga Iru! ဟာ Harem Show အမျိုးအစား ဖြစ်တဲ့အတိုင်း အဓိကဇာတ်ကောင်ဖြစ်တဲ့ Shougo Mikadonoကို ကောင်မလေးတွေ ဝိုင်းနေကြမှာ ဖြစ်ပါတယ်။ Shougo Mikadonoဟာ မကြာခင်က သေဆုံးသွားတဲ့ Mikadono Group အမည်ရ အောင်မြင် ကျော်ကြားတဲ့ Company ပိုင်ရှင်ရဲ့ တစ်ဦးတည်းသောသား ဖြစ်ပါတယ်။ သူ့ရဲ့ ဖခင် မသေဆုံးခင်မှာ Mikadonoကို အမွေဆက်ခံရန်အတွက် တစ်နှစ်အတွင်း ချစ်သူ ရှာဖွေပြီး လက်ထပ်ရမည်ဖြစ်ကြောင်း မှာကြားခဲ့တဲ့အတွက် Mikadono ဟာ သူလက်ရှိ တက်ရောက်နေတဲ့ Miryuuin Academy ကျောင်းသစ်အတွင်းက ကောင်မလေးတွေထဲက တစ်ယောက်ကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ Mikadono အနေနှင့် ဇာတ်လမ်းအစမှာ သိလိုက်ရတဲ့ အချက်တစ်ခုကတော့ သူ့မှာ မွေးကတည်းက ကွဲနေတဲ့ ညီမတစ်ယောက် ရှိနေတယ် ဆိုတဲ့ အချက်ဖြစ်ပြီး Miryuuin Academy ကျောင်းအတွင်းမှာ သူ့ညီမ ဘယ်သူလည်းဆိုတာပါ လိုက်ရှာရမှာပါ။

Mikadono ဟာ ငယ်ငယ်က ဦးခေါင်းပိုင်း ဒဏ်ရာ ရရှိခဲ့လို့ အတိတ်က အချို့အဖြစ်အပျက်တွေကို မေ့နေတဲ့အတွက် ကျောင်းတွင်းမှာ အခက်အခဲ တစ်ချို့နှင့် ရင်ဆိုင်ရပါတယ်။ အမျိုးသမီး ဇာတ်ကောင်တွေအနေနှင့်ကတော့ Mikadono ရဲ့ ငယ်သူငယ်ချင်းဖြစ်သူ Konoe Tsuruma၊ Swimming Club Member ဝင်နှင့် စွာတတ်တဲ့ Tsundere character type ဇာတ်ကောင် Miyabi Kannagi၊ Cosplay Café’မှာ အလုပ် လုပ်ပြီး အမြဲတမ်း စုန်းမလေး တစ်ယောက်လို ဝတ်ဆင်ထားတတ်တဲ့ Mei Sagara အစရှိတဲ့ ဇာတ်ကောင်တွေ ပါဝင်သလို အခြားပုံစံမျိုးစုံနှင့် မိန်းကလေးဇာတ်ကောင်များ ပါဝင်ပါတယ်။

ဇာတ်ကောင် ဒီဇိုင်းတွေက ချစ်ဖို့ကောင်းပေမည့် အခြားနာမည်ကြီး Harem Show တွေနဲ့စာရင်တော့ အရမ်းကြီး ထူးခြားမှု မရှိတာ တွေ့ရပါတယ်။ Mikadono ဟာ ချစ်သူ ရှာရမှာ ဖြစ်သလို မိမိရဲ့ ညီမကိုလည်း ရှာရမှာ ဖြစ်တဲ့အတွက် ဟာသဆန်တဲ့ အဖြစ်အပျက်မျိုးစုံနှင့် ရင်ဆိုင်ရမှာပါ။ Nakaimo ဟာ Koi to Senkyo to Chocolate တုန်းကလိုပဲ အဓိက အမျိုးသမီး ဇာတ်ကောင်တွေထက် ဇာတ်ပို့တွေက ပို စိတ်ဝင်စားဖို့ ကောင်းတာ တွေ့ရပါတယ်။ Nakaimo ဟာ အရမ်းကြီး ထူးခြားမနေပေမည့် ကြည့်ပျော်တဲ့ Harem ဇာတ်လမ်းသစ် တစ်ခု ဖြစ်ပါတယ်။

author-avatar

About Nay Aung Latt

အမည်ရင်းမှာ နေအောင်လတ်ဖြစ်ပြီး Myanmar ICTတွင် Game Animation/ PC Game များအကြောင်းကို ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *