ရန်ကုန်မြို့အတွင်း BRT (အမြန်သယ်ယူ ပို့ဆောင်ရေးစနစ်)စတင်ရာတွင် ရန်ကုန်တိုင်းဒေသကြီးမှ ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် ပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်ပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များကိုလည်း မေတ္တာလှိုင်း မော်တော်ယာဉ်အသင်းမှ လစာများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“BRTစနစ် စတင်တဲ့အခါမှာ သတ်မှတ်လမ်းကြောင်းကို အသုံးပြုမှာဖြစ်တဲ့အတွက် ကနဦးအစမှာ အခြားယာဉ်လမ်းကြောင်းက မော်တော်ယာဉ်များနှင့် မီးပွိုင့်အဝင်အထွက်တွေ၊ လမ်းဆုံအကွေ့တွေ၊ ယာဉ်ရပ်နားမှတ်တိုင်တွေမှာ အယူအဆ လွဲမှားမှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။ အဲဒီအတွက် ယာဉ်ထိန်းရဲ တပ်ဖွဲ့ရဲ့ အကူအညီကို ရယူတာ ဖြစ်ပါတယ်။ ကာလအတိုင်းတာ တစ်ခုအထိ အကူအညီယူမှာ ဖြစ်တဲ့အတွက် လိုအပ်တဲ့လစာ ထောက်ပံ့မှုနဲ့ ယာဉ်ထိန်းဆိုင်ကယ် အစီး၃၀ကို ကျွန်တော်တို့ ကုမ္ပဏီကနေ ထောက်ပံ့ ပေးသွားမှာ ဖြစ်ပါတယ်”ဟု Omini Focus Co.,Ltdမှ မန်နေဂျင်း ဒါရိုက်တာ ဦးကျော်သီဟက ပြောပါသည်။