News

အင်တာပို သတင်းအချက်အလက် သရုပ်ခွဲမှုဆိုင်ရာ သင်တန်းတက်ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သို့ ကမ်းလှမ်း

အင်တာပို သတင်းအချက်အလက် သရုပ်ခွဲမှုဆိုင်ရာ သင်တန်းတက်ရောက်နိုင်ရန်အတွက် အဆိုပြုလွှာကို အင်တာပိုစွမ်းရည်မြှင့်တင်ရေးဆိုင်ရာ အာရှဒေသရုံးခွဲမှ ကမ်းလှမ်းလာကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ သတင်းအချက်အလက် ထုတ်ပြန်ရေးအဖွဲ့မှ ၂၆.၈.၂၀၁၃က သိရသည်။

အဆိုပါ သင်တန်းကို အင်ဒိုနီးရှားနိုင်ငံ ဆီဗားရမ်းမြို့တွင် ၂၀၁၃ခုနှစ်၊ စက်တင်ဘာ ၃၀ရက်မှ အောက်တိုဘာ ၁၀ရက်အထိ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းတွင် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့မှုခင်း သတင်းအချက်အလက် သရုပ်ခွဲမှုဆိုင်ရာ သင်တန်း (Interpol Criminal Intelligence Analysis Traning Course)ဖြစ်ကာ မြန်မာနိုင်ငံမှ ရဲတပ်ဖွဲ့ဝင်ခြောက်ဦး အဆိုပြုနိုင်ကြောင်း သိရသည်။

သင်တန်းတွင် သင်ခန်းစာ ၁၁ခု သင်ကြားပို့ချပေးမည်ဖြစ်ပြီး ယင်းတို့တွင် တရားစွဲဆိုမှုဆိုင်ရာ ဉာဏ်ပညာအသစ် ဖြစ်ပေါ်မှု ယူဆချက်၊ တယ်လီဖုန်း စိစစ်ချက်နဲ့ ခွဲခြမ်းစိတ်ဖြာ လေ့လာရန် အထူးပြုထားသော ဆော့ဖ်ဝဲလ်များ အသုံးပြုမှုတို့ ပါဝင်မည်ဖြစ်သည်ဟု ဆိုသည်။ ၎င်းသင်တန်းကို တက်ရောက်ရန်အတွက် ကုန်ကျစရိတ်များကို အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ အတွင်းရေးမှုးချုပ်ရုံးနှင့် ကနေဒါနိုင်ငံ အစိုးရတို့က အကုန်အကျခံ ပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။

 

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *