၂၀၁၃ခုနှ စ်၊ဒီဇင်ဘာလတွင်ကျင်းပတော့မည်ဖြစ်သော၂၇ကြိ မ်မြောက်အရှေ့တောင်အာရှအားကစား ပြိုင်ပွဲကြီးတွင်မြန်မာမှုမြန် မာ့ဟန်ဖြင့် မြန်မာ့
ဂုဏ်ဆောင်နိုင်တော့မည် ဖြစ်ပြီး အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား တွင်ပါဝင်ဖျော်ဖြေလိုသော မြန်မာ့ဆိုင်းဝိုင်းနှင့်ဆိုင်း ပညာရှင်များကို လျှောက်လွှာခေါ်ယူ နေပြီ ဖြစ်ကြောင်း သိရသည်။ ဝါသနာရှင်များကို ဧပြီလကုန်နောက်ဆုံးထားပြီး ဖွင့်ပွဲ၊ပိတ်ပွဲ အခမ်းအနားသပ်ရပ်လှပပြီး အဆင့်အတန်း ပြည့်မီစွာ ကျင်းပနိုင်ရန်အတွက် ကြိုတင် ပြင်ဆင် လေ့ကျင့်ရေး ကော်မတီရုံး၊ ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ဖုန်း – ၀၁-၃၉၅-၁၅၇၊ မန္တလေးဇာတ်ရုံ၊ ဖုန်း – ၀၂-၆၁၁-၆၈တို့သို့ ဆက်သွယ် လျှောက်ထားနိုင်ကြောင်း သိရသည်။
လျှောက်ထားရာတွင် ကျား၊ မ မရွေး အသက်အရွယ် အကန့်အသတ်မရှိ လျှောက်ထားနိုင်ကြောင်း၊ တီးခတ် ရာတွင် မြန်မာ့ရိုးရာ ဆိုင်းဝိုင်း အပြည့်အစုံနှင့် ဆိုင်းပညာရှင် ၈ဦး ထက် မပိုရကြောင်း အဖွဲ့ဝင်များ၏ ရောင်စုံဓာတ်ပုံ၊ ပတ်စ်ပို့ ဓာတ်ပုံ သုံးပုံ၊ ဆက်သွယ်ရမည့် လိပ်စာနှင့် ကိုယ်ရေး မှတ်တမ်းများနှင့် အတူ လာရောက် လျှောက်ထားနိုင်ကြောင်း သိရသည်။ ပါဝင် ဆင်နွှဲသူတို့အား အခမ်းအနား ကျင်းပစဉ် ကာလအတွင်း ဝတ်စုံ၊ စားသောက်ရေး၊ တည်းခိုနေထိုင်ရေး၊ သယ်ယူပို့ဆောင်ရေး စသည်တို့ကို ပ့ံပိုးသွားမည် ဖြစ်ကြောင်း သိရပါသည်။