Apps

Mozilla Firefox 23.0.1

ကျွန်တော်တို့ နေ့စဉ်အသုံးပြုနေကြတဲ့ အင်တာနက်အတွက် Browserတွေ များစွာ ရှိတဲ့အထဲက လူသုံးအများဆုံး ဖြစ်တဲ့ Mozilla Firefoxရဲ့ နောက်ဆုံးထွက် ဗားရှင်းကို တင်ဆက်ပေးလိုက်ပါတယ်။ Windows OSမှာသာမက Mac, Linux 32-bit, Linux 64-bitစတာတွေ မှာပါ မောင်းနှင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဖိုင်အရွယ်အစား 21.4MB ရှိပြီးတော့ ဒီနေရာမှာ အခမဲ့ ဒေါင်းလုဒ်ရယူ သုံးစွဲနိုင်ပါတယ်။ ဗားရှင်းအသစ်တွေကို အခုလို မြန်မြန်ဆန်ဆန် ဖြန့်ချိနေတဲ့ အတွက်လည်း Mozillaက ၎င်းတို့ရဲ့ အသစ်အသစ်တွေကို ရက်သတ္တခြောက်ပတ် တစ်ခါ ထုတ်လုပ်မယ်လို့လည်း သိရပါတယ်။ အခု ဖြန့်ချိလိုက်တဲ့ ဗားရှင်းအသစ်မှာလည်း Mac OSတွေ အတွက် Scrollbar Styleအသစ် ထည့်သွင်းပေးထားပြီး Windows Vistaမှာတော့ Video Encodingလုပ်တဲ့အခါ ပိုမိုမြန်ဆန်စေဖို့ စီစဉ်ပေးထားပါတယ်။ ဒါ့အပြင် Firefox Logoကိုလည်း အသစ်ပြောင်းလဲပေးလိုက်ကာ User Interfaceလည်း ပိုမိုကောင်းမွန်လာတာကို တွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *