News

တစ်လမပြည့်မီ ဖုန်းမက်ဆေ့ချ်မှ အင်တာနက် လျှောက်သူ တစ်သိန်းကျော်ရှိ

ဖုန်းမက်ဆေ့ချ်မှ တစ်ဆင့် SMS (စာတိုပို့ စနစ်)ဖြင့် အင်တာနက်ပေးပို့ လျှောက်ထားသည့် အရေအတွက်သည် တစ်လနီးပါးအချိန်တွင် ၁၃၀,၀၀၀ခန့် ရှိသည်ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းဌာနမှ အင်ဂျင်နီယာမှူး ဦးအောင်ကျော်သက်က သြဂုတ်လ ၂၈ရက်တွင် မဇ္ဈိမကို ပြောကြားသည်ဟု သိရသည်။ ယင်းကဲ့သို့ ဖုန်းမက်ဆေ့ချ်ဖြင့် အင်တာနက် လျှောက်ထားနိုင်ခြင်းကို သြဂုတ်လ ၁ရက်က စတင်လိုက်ခြင်းဖြစ်ရာ ၂၈ရက်အတွင်း လျှောက်ထားသူ ၁၃၀,၀၀၀ခန့် ရှိခြင်းဖြစ်သည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ယင်းသို့ ခွင့်ပြုပြီးနောက်ပိုင်း ရုံးသို့ လာရောက်လျှောက်ထားခြင်းကို လက်မခံတော့ဘဲ ဖုန်းမက်ဆေ့ချ်ဖြင့် အင်တာနက် လျှောက်ထားမှုကိုသာ လက်ခံသည်ဟု သိရသည်။

ဦးအောင်ကျော်ဘက်က “SMSနဲ့ အင်တာနက်လျှောက်တာကို Prepaid (ကြိုတင်ငွေဖြည့်ကတ်သုံး)ဖုန်းတွေပဲ လျှောက်လို့ရမယ်။ အခုလောလောဆယ်တော့ SMSဖုန်းတွေပဲ အင်တာနက် လျှောက်လို့ရဦးမယ်။ CDMAကတော့ အဆင်သင့် မဖြစ်သေးလို့ အင်တာနက်လျှောက်လို့ မရသေးဘူး”ဟု ပြောသည်။ မိုဘိုင်းအင်တာနက်ကို ဖုန်းမက်ဆေ့ချ်အင်တာနက်ကို ပေးပို့လျှောက်ထားရာတွင် ၁၃၃၁နံပါတ်သို့ “Order data service”ဟူသော စာသားကို ပေးပို့ရမည်ဖြစ်သည်။ လျှောက်ထားလိုသူများအနေဖြင့် ဖုန်းဘီလ်အနည်းဆုံး ကျပ် ၁၀,၀၀၀အထက် ဖြည့်သွင်းထားရမည်ဖြစ်ပြီး အင်တာနက်လိုင်းရရှိပါက “You Have Order Data Service Successfully”စာသားကို ပြန်လည်ပေးပို့ကာ မိမိဖုန်းဘီလ်မှ ကျပ် ၁၀၀၀၀ကို အလိုအလျောက် ဖြတ်တောက်မည် ဖြစ်သည်။

ယခင်က ဆက်သွယ်ရေးရုံးများတွင် အင်တာနက်လိုင်း သွားရောက်လျှောက်ထား၍ အင်တာနက်လိုင်း မဖွင့်ပေးသေးသည့် အချိန်တွင်ထပ်မံ၍ SMSပေးပို့သည့်စနစ်ဖြင့် အင်တာနက်လျှောက်ထားပါက အင်တာနက်လိုင်း အသုံးပြုခ နှစ်ကြိမ်ဖြတ်တောက်သွားမည်ဟုလည်း မြန်မာ့ ဆက်သွယ်ရေးက ပြောသည်။ “အချို့က ရုံးမှာသွားပြီးငွေ ပေးချေပြီး အင်တာနက်ဖွင့်ထားတာ။ အဲဒီအချိန်မှာ လိုင်းမပွင့်သေးတဲ့ အခါကျတော့ ဒီSMSနဲ့ ထပ်ပို့ပြီး လျှောက်ထားတယ်ပေါ့။ အဲဒီအခါ ပိုက်ဆံ ထပ်ဖြတ်သွားတော့ နှစ်ခါကုန်ဖြစ်သွားတာပေါ့”ဟု ဦးအောင်ကျော်သက်က ပြောသည်။

SMSပေးပို့ကာ မိုဘိုင်းအင်တာနက် လျှောက်ထားသည့် စနစ်သည် အချိန်ကုန်သက်သာပြီး အချိန်တိုတွင်း အင်တာနက်လိုင်း ဖွင့်ပေးသည့်အတွက် အဆင်ပြေသည်ဟု လျှောက်ထားသူအများစုက ပြောသည်။ ဖုန်းမက်ဆေ့ချ်ဖြင့် အင်တာနက်လျှောက်ထားသူ ကုမ္ပဏီဝန်ထမ်းအမျိုးသမီး တစ်ဦးက “ဖုန်းကနေအင်တာနက် လျှောက်တာ တော်တော်လေး အဆင်ပြေပါတယ်။ ရုံးကိုလည်း သွားစရာမလိုတော့ဘူး။ ချက်ချင်းလည်းရတယ်။ ဒီလိုအဆင်ပြေအောင် လုပ်ပေးတာ ကောင်းပါတယ်”ဟု ဆိုသည်။ လက်ရှိတွင် မိုဘိုင်းလ်ဖုန်းဖြင့် အင်တာနက် အသုံးပြုသူ ခုနစ်သိန်းခန့် ရှိသည်ဟု သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

8 thoughts on “တစ်လမပြည့်မီ ဖုန်းမက်ဆေ့ချ်မှ အင်တာနက် လျှောက်သူ တစ်သိန်းကျော်ရှိ

  1. MPT ကသိန်းပေါင်းတသောင်းကျော်
    ရသွားပြီပေါ့

  2. အဲ့လောက်ရရင် လိုင်းကောင်းအောင်လုပ်ပေးသင့်တယ်

  3. ထောပီးရင်ထော

  4. Aung Soemoe says:

    cdma 800 တွေ ဘယ်တော့ မှ SMS နဲ့ ပို့လို့ရမလဲမသိ

  5. Zaw Bala says:

    1 လုံး တစ်သောင်းဆိုတော ဆက်သွယ်ရေးက သိန်းတစ်သောင်း ရသွားတာပေါ့ ဆက်သွယ်ရေးကပြောတာ မကြားဘူးလား … သနားတယ် တဲ့

  6. Jai Jao says:

    ဖွင့်လို့ရတာတော့အမှန်ပဲ၂၅၈၃၀၁၃ရက်နေ့က သူတို့ပြောသလို မစ်ဆေ့ပို့ပီးဖွင့်တယ် ဖွင့်ပီးကြောင်းစာပြန်လာတယ် ဒါပေမယ့် ထုံစံအတိုင် ဖုန်းမှာ setting-access point name-mptnetဖြည့်တယ် ဒီနေ့အထိနက်လိုင်မဝင်ပါ မေးချင်ပါတယ် ဖွင့်ပီးပိုက်ဆံကိုပဲစားလိုက်တာလားမြန်မာ့ဆက်သွယ်ရေးရေသိချင်ပါတယ် ရှမ်းပြည်တောင် ပန်ဆိုင်းကပါ

  7. La Min Lay says:

    ဘာပဲဖြစ်ဖြစ်အဆင်ပြေတာပေါ့

Leave a Reply

Your email address will not be published. Required fields are marked *