Miss Supranational 2013 ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့အလှမယ် ခင်၀င့်ဝါအား Miss Internet ဆုအတွက် အွန်လိုင်းမှတစ်ဆင့် စက်တင်ဘာ ၂ရက်မှ စတင်၍ http://www.misssupranational.com/VotingPage.html ၌ တရား၀င် မဲပေးနိုင်ပြီဖြစ်ကြောင်း သိရပါသည်။
“Miss Supranational ပြိုင်ပွဲမှာ Miss Internetဆုနှင့် Top 20အတွင်း ၀င်ဖို့အတွက် တရား၀င် မဲပေးနိုင်ပါပြီ။ အွန်လိုင်းကနေ အခမဲ့ Like လုပ်ရုံနဲ့တော့ မရပါဘူး။ အွန်လိုင်းကတစ်ဆင့် ငွေပေးချေတဲ့ စနစ်နဲ့ တစ်ဦးကို ငါးဒေါ်လာပေးပြီး Vote ၁၀ကြိမ်လုပ်လို့ရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဒီလို အွန်လိုင်းကနေ ငွေပေးချေရမယ့် စနစ်က သိပ်အဆင်မပြေပေမယ့် သူတို့ Organizationက သတ်မှတ်ထားတာမို့လို့ တတ်နိုင်သမျှတော့ Vote ပေးစေချင်ပါတယ်။ စက်တင်ဘာ ၂ရက်နေ့ကနေ နောက်ဆုံးအဆင့် ပြိုင်ပွဲကြီး ကျင်းပမယ့် စင်တင်ဘာ ၆ရက်အထိပဲ Voting လုပ်ပေးလို့ ရမှာပါ”ဟု Miss Supranational Myanmar Organizationမှ ဒါရိုက်တာ ကိုဟန်ဇော်လတ်က ပြောကြားသည်။
Miss Supranational 2013 ပြိုင်ပွဲအတွက် အွန်လိုင်းမှတစ်ဆင့် မဲပေးနိုင်ခြင်း၊ လေးမျိုးရှိပြီး တရား၀င်ငွေပေးချေ၍ မဲပေးနိုင်သည့် စနစ်မှာ Miss Internetဆုနှင့် Top 20 စာရင်း၀င်စေရန်အတွက် Miss supranational Organization ဘက်မှ တရား၀င် သတ်မှတ်ထားသည့်စနစ်ဖြစ်ကြောင်း သိရသည်။
“အခြား အခမဲ့ အွန်လိုင်းကနေ Vote ပေးတာတွေကလည်း အလကား မဖြစ်ပါဘူး။ အဲဒီအတွက်လည်း အသီးသီး သတ်မှတ်ထားတဲ့ ဆုတွေလည်း ရှိပါတယ်။ အဲဒီဆုတွေအတွက်တော့ သြဂုတ် ၂၆ရက်ကနေ စက်တင်ဘာ ၄ရက် ၁၂နာရီအထိ နောက်ဆုံးထားပြီး ပေးရမှာပါ။ လောလောဆယ်တော့ ခင်၀င့်ဝါက မဲအများဆုံး နေရာမှာ ရှိပါတယ်”ဟု ၄င်းက ဆက်လက်ပြောကြားသည်။
အွန်လိုင်းမှတစ်ဆင့် အခမဲ့ Like လုပ်ပေးခြင်းဖြင့် ပေးထားသည့် Vote အရေအတွက်ပေါ် မူတည်ကာ Russian Websiteမှ Most Beautiful women in the world ဆု၊ Missosology မှ People Choice Award နှင့် The Face of Miss Supranational ဆုများ ပေးအပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။ လက်ရှိတွင် မြန်မာ့အလှမယ် ခင်၀င့်ဝါမှာ အခမဲ့ Vote ပေးနိုင်သည့် စနစ်အားလုံးတွင် နံပါတ်တစ် မဲအများဆုံး နေရာတွင် ရောက်ရှိနေပြီ အနည်းဆုံး ဆုသုံးဆုခန့် ရရှိနိုင်မည်ဟု ဆိုသည်။
Miss Supranational 2013 နောက်ဆုံးအဆင့် ပြိုင်ပွဲကြီးကို စက်တင်ဘာ ၆ရက်တွင် Belarus နိုင်ငံ၊ Minsk မြို့တော်၌ ကျင်းပမည် ဖြစ်သည်ဟု သိရသည်။
လာပြန်ပြီလားခင်ဝင့်ဝါ
very good