News

Microsoft က Surface Pro Tablets တွေကို ဈေးလျှော့ရောင်းချ

Microsoft က Surface Pro Tablets တွေကို $100 ဈေးလျှော့ရောင်းချပေးလိုက်ပါတယ်။ 64GB Model ကို $699 , 128GB ကို $799 , 256GB ကို $999 နဲ့အသီးသီးရောင်းချပေးလိုက်ပါပြီ။ ဒါပေမယ့် US, Canada နှစ်နိုင်ငံ ကိုပဲ ဈေးလျှော့ရောင်းချပေးသေးတာဖြစ်ပါတယ်။

August လတုန်းကလည်း Surface Pro တွေကို $100 ဈေးလျှော့ရောင်းချခဲ့ပြီးပါပြီ။ အခုတစ်ခါ ဒုတိယအကြိမ် ဈေးလျှော့ရောင်းချပေးတာဖြစ်ပါတယ်။

July လတုန်းက Surface RT တွေကို ဈေးလျှော့ရောင်းပေးခဲ့ပြီး 32GB ကို $349 , 64GB ကို $499 နဲ့ရောင်းချပေးခဲ့ပါသေးတယ်။ 32GB ကတော့ အခုလည်းအဲဒီဈေးဖြင့်ရောင်းပေးနေပြီး 64GB ကတော့ အခု $399 လျှော့ဈေးနဲ့၀ယ်ယူနိုင်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *