News

Developing POS and Accounting System သင်တန်းရက် ပြောင်းရွှေ့ဖွင့်လှစ်မည်

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ အောက်တိုဘာ ၃ ရက်တွင် ဖွင့်လှစ်မယ့် Developing POS and Accounting System သင်တန်းကို အောက်တိုဘာ ၁၇ ရက်သို့ ပြောင်းရွှေ့လိုက်တယ်လို့ သိရပါတယ်။

ယင်းသင်တန်းတွင် POS system များ၊ Accounting System များတွင် ပါဝင်သော Modules များနှင့် Features များအကြောင်း အစုံအလင်သိရှိရန်၊ POS နှင့် Accounting Software များ ရေးသားနိုင်သည်အထိ သင်ကြားမယ်လို့ သိရပါတယ်။

သင်တန်းတက်ချင်တယ်ဆိုရင်တော့ C#.Net (Programming Skill), Microsoft SQL Server (Database Skill) များကို အခြေခံသိရှိရန်လိုအပ်ပါတယ်။

သင်တန်းကာလမှာ အောက်တိုဘာ ၁၇ ရက်မှ ဒီဇင်ဘာ ၁၃ ၇က်အထိ ဖြစ်ပြီး ညနေ ၄ နာရီခွဲမှ ၆ နာရီခွဲ (စနေ၊ တနင်္ဂနွေ)နေ့များမှာ သင်ကြားမှာ ဖြစ်တယ်လို့ သိရပါတယ်။ သင်တန်းကြေးကတော့ အပြင်လူအနေနဲ့ ကျပ် ၂ သိန်း ပေးရမှာဖြစ်ပြီး MCPA အသင်းဝင်ဆိုရင်တော့ ကျပ် ၁ သိန်းသာပေးရမယ်လို့ သိရပါတယ်။ သင်တန်းနေရာကတော့ အဆောင် (၉)၊ မြေညီထပ်၊ MCPA Lab Room၊ လှိုင်မြို့နယ်ဖြစ်ပါတယ်။

အသေးစိတ်သိချင်တယ်ဆိုရင်တော့ အဆောင် ၄၊ အခန်း ၄၊ MICT Park၊ ဖုန်း 01-652276 သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *