News

Smartphone Phone နှင့် Tablet အသုံးပြုမှုများကို စိတ်ချမှု အပြည့်အဝ ရှိစေမယ့် McAfee Mobile Security

Smartphone Phone နှင့် Tablet အသုံးပြုမှုများကို စိတ်ချမှု အပြည့်အဝ ရှိစေမယ့် McAfee Mobile Security

ယခုတလော Android Smartphone နှင့် Tablet များကို အဓိက ထား၍ တိုက်ခိုက်လျက်ရှိသော Power Off Hijack အမည်ရ Malware တစ်မျိုးမှာ ဖုန်း နှင့် Tablet အတွင်းရှိ အချက်အလက်များကို ခိုးယူလျက်ရှိပြီး လျင်မြန်စွာ ကူးစက် ပျံ့နှံ့ လျက်ရှိပါတယ် ။ အဆိုပါ Power Off Hijack Malware ဟာ Phone/Tablet များ Lock ချထားချိန် နှင့် Power ပိတ်ထားချိန်တွင် ဖုန်းများ ခေါ်ဆိုခြင်း ၊ Message များပေးပို့ခြင်း ၊ Camera အသုံးပြုခြင်း စသည်တို့ကို Phone/Tablet အသုံးပြုသူ မျက်ကွယ်တွင် အလိုအလျောက် ပြုလုပ်နိုင်သော အန္တရယ် ကြီးမားတဲ့ Malware ဖြစ်ပါတယ် ။

အထက်ဖော်ပြပါ Malware အမျိုးစားကဲ့ သို့ Malware ၊ Spyware နှင့် Virus အန္တရယ်များကို Intel ရဲ့ Security Software ဖြစ်တဲ့ McAfee Mobile Security မှ အပြည့်အဝ ကာကွယ်ပေးသွားမည် ဖြစ်ပါတယ် ။ McAfee Mobile Security မှာ နေ့စဉ် နှင့်အမျှ အသစ်ထွက်ပေါ်လျက်ရှိသော Malware, Spyware နှင့် Virus များကို ရှာဖွေလျက် မိမိ Smartphone နှင့် Tablet များကို အစဉ်မပြတ် Up to date ကာကွယ်ပေးမှာ ဖြစ်ပါတယ် ။ အကြောင်းအမျိုးမျိုးကြောင့် မိမိ Smartphone နှင့် Tablet ပျောက်ဆုံးသွားပါက အတွင်းရှိ အကြောင်းအရာ အချက်အလက်များကို အခြားသူ လက်ထဲသို့ မရောက်ရှိသွားစေရန်အတွက်လည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ် ။

စိတ်ချမှုမရှိတဲ့ Network , Wifi များကို ချိတ်ဆက်အသုံးပြုမှုများ မရှိစေရန်အတွက်လည်း ကြိုတင်ကာကွယ်ပေးမည့် အချက်ပေးစနစ်များ ပါဝင်ပါတယ် ။ ဒါ့အပြင် Smartphone နှင့် Tablet များ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးမယ့် Maintenance App များလည်း ပါဝင်ပါတယ် ။ McAfee Mobile Security License App ၁ နှစ်စာ Subscriptionကို ဈေးနှုန်း ၄,ဝ၀ဝ ကျပ်ဖြင့် KMD မှ တရားဝင် ဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး အမြို့မြို့ အနယ်နယ် ရှိ KMD Sales Centre များနှင့် ကွန်ပျူတာ မိုဘိုင်း အရောင်းဆိုင်များတွင် ဝယ်ယူနိုင်ပါတယ် ။ အသေးစိတ် အချက်အလက်များအတွက် ဖုန်း KMD : 01-381-129, 01-381-035,01- 245-180 သို့ ဆက်သွယ် မေးမြန်းနိုင်ပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *