News, Opinion, Review

ဖိုင်တွေအများကြီးကို တစ်ကြိမ်တည်းနဲ့ ပို့ကြမယ်

ကိုယ့်အလုပ်မှာ ဖိုင်တွေအများကြီးပို့ရတဲ့အခါ zip file သို့မဟုတ် rar file လုပ်ပြီး ပို့ပေးပါဆိုတာမျိုး Request လုပ်တာကြုံရသလို ကိုယ်ကိုယ်တိုင်ကလည်း ဖိုင်တွေအများကြီးကို ကိုယ့်ရဲ့ကွန်ပြူတာထဲမှာ နေရာကျစ်ကျစ်လျစ်လျစ်နဲ့ သိမ်းထားချင်တဲ့အခါမျိုးရှိပါတယ်။
ဒီအခါမှာ ဖိုင်တွေကို Size ချုံ့ပေးနိုင်သလို တစ်စုတစ်စည်းတည်း ဖြစ်အောင်လုပ်ပေးနိုင်တဲ့ ဆော့ဖ်ဝဲလေးတွေလိုလာပါပြီ။ အိုင်စီတီကာစတန်မာတို့အတွက် သိထားသင့်ပြီး အသုံးများတဲ့ zip/rar ဆော့ဖ်ဝဲလေးတွေကို မင်မင်က ဒီပို့စ်လေးမှာစုစည်းပေးထားပါတယ်နော်။
1. WinRAR
2. Ashampoo Zip Free
3. WinZip
4. 7-zip
5. Express Zip
ဒီဆော့ဖ်ဝဲလေးတွေက zip file, rar file အစရှိသဖြင့် compressed file format တွေအများကြီးကို ပြောင်းလဲပေးနိုင်တဲ့အပြင် ကိုယ့်ရဲ့ zip file မှာ password လည်းထည့်ပေးလို့ရတဲ့အတွက် ဒေတာတွေကိုအလွယ်တကူခိုးယူလို့မရနိုင်စေသလို Malware တွေရန်ကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။
အရမ်းကောင်းတဲ့အချက်က ဒီဆော့ဖ်ဝဲလေးတွေကို FREE Download ရယူနိုင်တာဖြစ်ပြီး ကိုယ့်ရဲ့ကွန်ပြူတာမှာ အလွယ်တကူ Install ပြုလုပ်နိုင်ခြင်းပဲ ဖြစ်ပါတယ်။
မင်မင်ကတော့ ဒီဆော့ဖ်ဝဲလေးတွေကို Zip File တွေကို ပြန်ဖြည်ချင်တဲ့နေရာမှာ ပိုပြီးအသုံးများပါတယ်။ Windows 10 မှာ ဆော့ဖ်ဝဲမလိုဘဲ Zip File အဖြစ်ပြောင်းလဲချင်ရင် ကိုယ်ဖိုင်တွေထည့်ထားတဲ့ Folder ကို Right-Click နှိပ်ပြီးတော့ Send to (Compressed Zip Folder) လေးကိုနှိပ်လိုက်ရုံနဲ့ Zip File အဖြစ်ပြောင်းလဲသွားမှာပါ။
ကဲ အိုင်စီတီရဲ့ ချစ်ကာကာတို့ကတော့ ဘယ်လို zip file ဆော့ဖ်ဝဲလေးတွေကို သုံးကြတယ်ဆိုတာ Knowledge Sharing အနေနဲ့ အခြားသူတွေလည်းသိအောင် ပြောခဲ့ကြပါဦး။

Leave a Reply

Your email address will not be published. Required fields are marked *