News, Review

ဒုတိယအကြိမ် Myanmar Connect ထိပ်သီးဆွေးနွေးပွဲကြီးတွင် ဆက်သွယ်ရေးကဏ္ဍ၏ အဓိကတိုးတက်မှုများနှင့် ဆက်သွယ်ရေးကုမ္ပဏီများ၏ ကြေညာချက်များ ထုတ်ပြန်

ဒုတိယအကြိမ် Myanmar Connect ထိပ်သီးဆွေးနွေးပွဲကြီးတွင် ဆက်သွယ်ရေးကဏ္ဍ၏ အဓိကတိုးတက်မှုများ နှင့်ဆက်သွယ်ရေးကုမ္ပဏီများ၏ ကြေညာချက်များ ထုတ်ပြန်

မြန်မာနိုင်ငံ၊ နေပြည်တော်၊ စက်တင်ဘာလ၊ ၂၅ရက်၊ ၂၀၁၄ခုနှစ် – ပြီးခဲ့သည့် သီတင်းပတ်တွင် ကျင်းပခဲ့သော Myanmar Connect 2014 ကို ဆက်သွယ်ရေးကဏ္ဍ၏ ပြောင်းလဲမှုတွင် ပါဝင်လျက်ရှိသည့် ပြည်တွင်း၊ ပြည်ပမှ လူပေါင်း ၄၅၀ စံချိန်တင် တက်ရောက်ခဲ့ပြီး ၎င်းတို့သည် မြန်မာနိုင်ငံရှိ မိုဘိုင်းသိပ်သည်းဆအား ၇ရာခိုင်နှုန်းမှ ၇၀ရာခိုင်နှုန်းအထိ ၂၀၁၅ခုနှစ်အကုန်တွင် တိုးတက်လာစေရန် ကြိုးပမ်းနေသည့်  ဆက်သွယ်ရေး ကုမ္ပဏီလေးခုမှ အုပ်ချုပ်သူများ၏ ထင်မြင်ယူဆချက်များကိုပါ လေ့လာနိုင်ခဲ့ပါသည်။ မြန်မာ့ဆက်သွယ်ရေးလောက၏ အဓိက အရေးပါသော ထိုဆွေးနွေးပွဲကြီးကို နေပြည်တော်မြို့၊ MICC 2 တွင် စက်တင်ဘာလ ၁၆ရက်နေ့မှ ၁၇ရက်နေ့အထိ ကျင်းပခဲ့ပြီး တက်ရောက်လာသူများသည် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် အဓိက ဦးဆောင်လျှက်ရှိသူများနှင့် တွေ့ဆုံနိုင်ခဲ့ပြီး စီးပွားရေးအခွင့်အလမ်းအသစ်များကိုလည်း လေ့လာနိုင်ခဲ့ကြပါသည်။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးဖြစ်သူ ဦးသောင်းတင်မှ အဖွင့်နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့ပြီးနောက် အဆိုပါဆွေးနွေးပွဲကြီး၏ ကနဦး အစီအစဉ်အဖြစ်   ဈေးကွက်ဦးဆောင်ကုမ္ပဏီများမှ ဟောပြောသူများက မြန်မာနိုင်ငံ၏ဆက်သွယ်ရေးနယ်ပယ်နှင့် လူမှုစီးပွားရေးဆိုင်ရာ အလားအလာကို တွန်းအားပေးမောင်းနှင်နေသည့် နည်းဗျူဟာ၊ အခြေခံအဆောက်အအုံနှင့် ဝန်ဆောင်မှုလုပ်ငန်းများ အပေါ်ဦးတည်ပြီး ဆက်သွယ်ရေးဆိုင်ရာဂေဟစနစ်ရှိ အလွန်အရေးပါသည့်ဖြစ်ရပ်များကို အချေအတင် ဆွေးနွေးမှုများနှင့် ခွဲခြမ်းစိတ်ဖြာ လေ့လာမှုများပြုလုပ်သွားခဲ့ပါသည်။Telenor Myanmar ၏ CEO ဖြစ်သူ Petter Furberg ကတော့ ၎င်းတို့၏ဝန်ဆောင်မှုအား မိတ်ဆက်မည့်ရက်ကို အတိအကျမပြောကြားခဲ့ပဲ “မကြာခင်ကာလအတွင်းမှာ မိတ်ဆက်သွားမည်” ဟုသာလျှင် ပြောကြားခဲ့သော်လည်း Telenor ၏ Value Added Services (VAS) ကိုတော့ ရှင်းလင်းမိတ်ဆက် ပြောကြားခဲ့ပါသည်။ ၎င်း၏ ပြိုင်ဘက်များထက်သာလွန်အောင် မြန်မာနိုင်ငံ၏ သုံးစွဲသူများနှင့် အသင့်လျော်ဆုံးဖြစ်မည့် VAS တို့ကို Telenor မှ ဖန်တီးပြီးအကောင်းဆုံး ဝန်ဆောင်မှုပေးစွမ်းနိုင်ရန်အတွက် Facebook, Google, Opera နှင့် Wikipedia ကဲ့သို့သော နိုင်ငံတကာမှ အဖွဲ့အစည်းလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။Ooredoo Myanmar ၏ CEO ဖြစ်သူ Ross Cormack မှ Ooredoo ၏ ဝန်ဆောင်မှု ဈေးကွက်စတင်မိတ်ဆက်ချိန်တွင် လူအများ၏ စိတ်ဝင်စားမှုကို အထူးခံခဲ့ရသည့် ကိစ္စများနှင့် ပတ်သတ်ပြီး မေးခွန်းများကို ပြည့်ပြည့်စုံစုံ ပြန်လည်ရှင်းပြခဲ့ပါသည်။ ထို့အပြင် Ooredoo ၏ “MayMay” မိုဘိုင်းကျန်းမာရေးဝန်ဆောင်မှု application ကိုလည်း Cormack မှ မိတ်ဆက်ခဲ့ပါသည်။ ထို application သည် ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေး ကျန်းမာရေးအထောက်အကူပြုနိုင်ရန်အတွက် မိုဘိုင်းဖုန်းမှတဆင့် ကိုယ်ဝန်ဆောင်ချိန်တွင် သိသင့်သိထိုက်သော ကျန်းမာရေး အချက်အလက်တို့ကို လေ့လာနိုင်မည် ဖြစ်သည်။ ထို application ကို KoeKoe Tech နှင့် Ooredoo တို့မှ ဖန်တီးထားခြင်း ဖြစ်ပါသည်။Cormack မှ “Myanmar Connect ဆိုတာ မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးကွန်ယက်ကဏ္ဍတစ်ခုလုံးမှာ အရေးပါတဲ့ပြောင်းလဲမှုတွေအတွက် တွေ့ဆုံမှုပါပဲ” ဟုဆိုပါသည်။

ဆက်လက်ပြီး “ဒီအရေးပါတဲ့ပြောင်းလဲမှုမှာ ပါဝင်တဲ့လူတွေအားလုံးနဲ့ တွေ့ဆုံခဲ့ရတဲ့ ဒီဆွေးနွေးပွဲနှစ်ရက်ကတော့ တစ်ကယ့်ကို အကျိုးရှိတဲ့ ရက်တွေပါပဲ” ဟုဆိုသည်။Myanmar Connect 2014 ဆွေးနွေးပွဲ မတိုင်မှီ ရက်အနည်းငယ် အတွင်းမှာပဲ MPT မှ ၎င်းတို့ရဲ့ logo အသစ်ကို မိတ်ဆက်သွားခဲ့ပါတယ်။ MPT-KDDI-Sumitomo Joint Operation ၏ တွဲဖက် အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးခင်မောင်ထွန်းမှနေ၍ KDDI နှင့် MPT တို့ပူးပေါင်းဆောင်ရွက်မှု ခရီးလမ်းစတင်မှုအနေဖြင့် ကုမ္ပဏီဖွဲ့စည်းတည်ဆောက်မှုပုံစံသစ် ကို ရှင်းလင်းပြောကြား သွားခဲ့ပါသည်။ အမှုဆောင်အရာရှိ အုပ်ချုပ်မှု နေရာများတွင် MPT ဘက်မှ တစ်ယောက် နှင့် KDDI ဘက်မှ တစ်ယောက်စီပါဝင်မည်ဖြစ်ပြီး အတွေ့အကြုံနှင့် အတက်ပညာများကို အပြန်အလှန် ဝေမျှသွားရန် ရည်ရွယ်ပါသည်။ ထို့အပြင် MPT ၏ Chief Commercial Officer ဖြစ်သူ Koichi Kawase မှလည်း မိုဘိုင်းဖုန်းဖြင့်ငွေလွှဲဝန်ဆောင်မှု နှင့်ပတ်သတ်ပြီး ဆက်သွယ်ရေးလုပ်ငန်း၏ ကဏ္ဍကိုပါ ဆွေးနွေးပြောကြားခဲ့ပါသည်။

Myanmar Connect 2014 တွင် ပါဝင်ခဲ့သော စိတ်ဝင်စားဖွယ်ရာ ဆွေးနွေးပွဲများမှ တစ်ခုကို ထုတ်နှုတ်ဖော်ပြရလျှင် Blue Ocean ၏ ဥက္ကဋ္ဌဖြစ်သူ ဦးထွန်းထွန်းနိုင်၊ Ooredoo Myanmar ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Ross Cormack၊ Samsung Myanmar ၏ Head of Marketing ဖြစ်သူ Richard See နှင့် Total Gameplay Studio ၏ တည်ထောင်သူနှင့် ဒါရိုက်တာဖြစ်သူ ဦးမြင့်ကျော်သူ တို့ပါဝင်သည့် “Inspiring Myanmar Consumers” ဆွေးနွေးပွဲတွင် နည်းပညာကဏ္ဍတွင် မြန်မာစာ အသုံးပြုမှုအကြောင်းကို သုံးသပ်ဆွေးနွေးခဲ့ပါသည်။ လက်ရှိကာလတွင် MPT နှင့် Ooredoo တို့သည် ဇော်ဂျီ font ကိုသာ အသုံးပြုလျက်ရှိသော်လည်း အနာဂါတ်ကာလတွင် မြန်မာစာ စနစ်သုံး ကုန်ပစ္စည်းများနှင့် applications တို့အတွက် Unicode မှာ အရေးပါသော ကဏ္ဍမှ ပါဝင်လာမည်ဟု သုံးသပ်ခဲ့ကြပါသည်။ Myanmar Connect 2014 ပိတ်ပွဲ အခမ်းအနားတွင် ပွဲစီစဉ်သူ Capacity Media ၏ CEO ဖြစ်သူ Rosalind Irving မှ “ဒုတိယအကြိမ် Myanmar Connect ပွဲဟာ ကျွန်မတို့ မျှော်လင့်ထားတာထက် အများကြီး ပိုအောင်မြင်ခဲ့ပါတယ်။

တက်ရောက်သူအရေအတွက်မှသည် မျှဝေခဲ့တဲ့ အကြောင်းအရာများ အထိ ကြည့်မည်ဆိုပါက Myanmar Connect ပွဲကြီးဟာ မြန်မာ့ဆက်သွယ်ရေး ကဏ္ဍတစ်ခုလုံးရဲ့ အလားအလာကောင်းတွေနဲ့ ပြောင်းလဲမှု အခြေအနေတွေကို ပွင့်ပွင်းလင်းလင်း လေ့လာတွေ့ရှိနိုင်တဲ့ ဆွေးနွေးပွဲတစ်ခုပါပဲ” ဟုဆိုသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *