LG Electronics company မှ 55-inch OLED TVS (EM9700) ကို အပြည်ပြည်ဆိုင်ရာလေဆိပ် ၄၅ ခုမှာ သြဂုတ်လ တွင်စတင်ထားရှိမည် ဖြစ်ကြောင်း သိရှိရပါတယ်။ ခရီးသွားလာသူများက ကျယ်ပြန့်တဲ့ မျက်နှာပြင်ရှိနဲ့OLED တီဗွီရဲ ့ ကြည်လင်ပြတ်သားပြီး ထူးခြားကောင်းမွန်တဲ့ အရည်အသွေးတွေကို ကိုယ်တိုင်ကြုံတွေ ့ခံစားနိုင်မှာဖြစ်ပါတယ်။ ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ နာတာလီလေဆိပ်မှာစတင်ထားရှိမှာဖြစ်ပြီး နယူးယောက်၊ ဘာလင်၊ ဒူဘိုင်း နှင့် ဘန်ကောက်လေဆိပ်တွေမှာ ထားသွားမှာဖြစ်ပါတယ်။
“ကျွနု်ပ်တို ့အနေနဲ ့ ကမ္ဘာအနှံ ့ခရီးသွားလာ နေကြတဲ့ခရီးသည်များကို ကျေနပ်နှစ်သက်စေမယ့် ထူးခြားတဲ့ခံစားမှုများကို LG OLED TV မှပေးနိုင်မယ်လို ့ယုံကြည်ပါတယ်” ဟု LG Electronics Companyမှ President and CEOဖြစ်သူ Havis Kwon ကပြောကြားခဲ့ပါတယ်။
ခရီးသွားပြည်သူ မိသားစုများ ၊ လုပ်ငန်းရှင်များ အနေနဲ ့လမ်းလျှောက်ရင်းဖြစ်စေ ၊ လေယာဉ်စောင့်ရင်း သတင်းအချက်အလက်တွေကို ဆန်းသစ်လှပသောဒီဇိုင်းနဲ ့ကြည်လင်ပြတ်သားသောအရည်အသွေးရှိတဲ ့ OLED TVတွေ ကိုကိုယ်တိုင် ကြည့်ရှုခံစားပြီးမှသိရှိရမှာဖြစ်ပါတယ်။ ကမ္ဘာ ့အကောင်းဆုံး နံပါတ်တစ် OLED TV ကို LG Company မှယခုနှစ်အတွင်း ရောင်းချခဲ့ပြီး သုံးစွဲသူများနှင် ့ မီဒီယာသမားတွေရဲ ့အာရုံကိုဖမ်းစားနိုင်ခဲ့ပါတယ်။
LG Electronics (LG) အနေနဲ့ EISA ( European Imaging and Sound Association) Awards ကိုရလိုက်တာဟာ ထင်သာမြင်သာတဲ့အောင်မြင်မူတွေရလိုက်တာပါပဲ ၊။ ဒါတွေဟာ LG CURVED OLED TV (model 55EA9800) ရဲ့ Featuring ကောင်းမွန်မှု ၊ IMAX-like Screen တွေကြောင့်ပါပဲ ၊ LG ရဲ့ CURVED OLED TV ဟာ ထင်သာမြင်သာနဲ့ မျက်စိအာရုံကို ဖမ်းစားနိုင်တဲ့ အနုပညာမြောက်မှုတွေ ၊ 4mm အထိပါးလွှာတဲ့ CURVED OLED TV ရဲ့ ဒီဇိုင်းဟာ အခုလက်ရှိ LG ရဲ့ အကြီးမားဆုံး OLED screen displays နည်းပညာဈေးကွက်ကွန်ယက်နဲ့ တိုက်ရိုက်ဆက်နွယ်နေပါတယ်။
“EISA ကနေ အသိအမှတ်ပြုခြင်းခံရတာဟာ အရမ်း ဂုဏ်ယူမိပါတယ်လို့” Havin Kwon (President and CEO of the LG Home Entertainment Company )က ပြောပါတယ်။ ဒီဂုဏ်ပြုဆုဟာ LG ရဲ့ ဒီဇိုင်းတီထွင်ကြံဆမှုနဲ့ အသုံးပြုသူများ တောင့်တနေတဲ့ နည်းပညာတွေကို အသုံးပြုနိုင်တာကို မှတ်ကျောက်တင်ပေးတဲ့ အောင်မြင်မှုဖြစ်ပါတယ်။