News

LG L70 ကို ကြိုတင်မှာယူနိုင်ပြီ

LG L70 ကို ဘာစီလိုနာ မှာ ဖေဖော်ဝါရီလ တွင် ပြုလုပ်ခဲ့တဲ့ Mobile World Congress မတိုင်မီမှာ ကြေညာခဲ့တာဖြစ်ပါတယ်။ LG Optimus L7 II ရဲ့ မျိုးဆက်ဖြစ်ပါတယ်။ LG က ဈေးနှုန်း ကို ကြေညာခြင်းမရှိသေးပါဘူး။ ဒါပေမယ့် အရောင်းဆိုင်တစ်ချို့ က L70 ကို ကြိုတင်မှာယူခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။

ဂျာမနီ Amazon DE က ယူရို (၁၇၉) ဖြင့် ကြိုတင် ရောင်းချပေးနေပြီး Clove UK က ယူရို (၁၆၅) ၊ ထိုင်၀မ် ePrice က ဒေါ်လာ (၁၆၃) ဖြင့် ကြိုတင်ရောင်းချပေးနေပါတယ်။

ဧပြီလ (၁) ရက်နေ့မှာ စတင် ပို့ဆောင်ပေးမှာဖြစ်ပါတယ်။

LG L70 မှာ ၄.၅ လက်မ အရွယ် 400×800 Pixels Display တပ်ဆင်ထားပြီး တစ်လက်မတွင် Pixels သိပ်သည်းဆ (၁၉၉) ရှိပါတယ်။ အရွယ်အစားအပြည့်အစုံ မှာ 5.01 x 2.63 x 0.37 in ဖြစ်ပါတယ်။ Dual-Core 1.2GHz Cortex-A7 Processor ကို မောင်းနှင်လည်ပတ်မှာဖြစ်ပါတယ်။ 1GB RAM ပါရှိပါတယ်။ 4GB Internal Storage ပါရှိပြီး MicroSD Card အသုံးပြုနိုင်ပါတယ်။ Android 4.4.2 KitKat ကို မောင်းနှင်လည်ပတ်မှာဖြစ်ပါတယ်။ အနောက်ဘက်မှာ တပ်ဆင်ထားတဲ့ ကင်မရာ က နိုင်ငံအလိုက်ကွဲပြားမှာ ဖြစ်ပြီး 8MP နဲ့ 5MP နှစ်မျိုးဖြစ်ပါတယ်။ မျက်နှာချင်းဆိုင်မှာ VGA Camera တပ်ဆင်ထားပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *