Mobile, Review

LG G Pad 8.3 Google Play Edition ကိုဝေဖန်သုံးသပ်ခြင်း

LG က Google အတွက် Nexus 4, Nexus 5 များထုတ်လုပ်ပေးခဲ့ပြီး အခုအခါမှာလည်း G Pad 8.3 ကို Google Play Edition အဖြစ် ထုတ်လုပ်ပေးလိုက်ပါတယ်။ G Pad 8.3 က LG ရဲ့ ရှစ်လက်မအရွယ် စွမ်းဆောင်ရည်မြင့် တက်ဘလက် ဖြစ်ပါတယ်။ Google Play Edition Device ဆိုတာ ဘာလဲဆိုတာ အနည်းငယ် ရှင်းပြချင်ပါတယ်။

Google Play Edition ဆိုတာ

Google Play Edition ဆိုတာ Pure Android ကို အသုံးပြုထားတာဖြစ်ပါတယ်။ ဖုန်းထုတ်လုပ်သူအများစုရဲ့ စမတ်ဖုန်း၊ တက်ဘလက် တွေက Pure Android မဟုတ်ပါဘူး။ Samsung က TouchWiz၊ Huawei က Emotion UI၊ HTC က Sense စတဲ့ သူတို့ကိုယ်ပိုင် ဆော့ဝဲတွေနဲ့ Android OS ကို ပေါင်းစပ်အသုံးပြုတာ ဖြစ်ပါတယ်။ အဲဒါကြောင့် စမတ်ဖုန်း တစ်ခုနဲ့ တစ်ခုက အသုံးပြုပုံချင်းနဲ့ User Interface ချင်းမတူညီကြတာ ဖြစ်ပါတယ်။ Pure Android အသုံးပြုတဲ့ ဖုန်း၊ တက်ဘလက် တွေကတော့ သွင်ပြင်ချင်းတူညီသလို အသုံးပြု ပုံချင်းလည်း တူညီပါတယ်။ နောက်ပြီး Google Play Edition Device တွေမှာ ထုတ်လုပ်သူတွေက ဖြုတ်မရ အောင်ထည့်ပေးလိုက်တဲ့ Apps or Bloatware တွေလည်း မပါရှိပါဘူး။ အဲဒီအတွက် Google Play Edition Device တွေဟာ အသုံးပြုသူအတွက် Storage နေရာ များစွာ ကျန်ရှိတဲ့ အကျိုးကျေးဇူး ရရှိပါတယ်။ Android OS အသစ်ထွက်ရင်လည်း Google Play Edition တွေဟာ အမြန်ဆုံးရရှိကြပါတယ်။ အခြား စမတ်ဖုန်း ၊ တက်ဘလက် တွေကတော့ သူတို့ရဲ့ ဆော့ဝဲ တွေနဲ့ ကိုက်ညီအောင် ပြုပြင်ကြရတာ ဖြစ်တဲ့အတွက် လနဲ့ချီပြီး အချိန်ကြာတတ်ပါတယ်။ Nexus Device တွေဟာ လည်း Pure Android ကို အသုံးပြုကြတာဖြစ်ပါတယ်။ Nexus Device နဲ့ Google Play Edition ကွာခြားချက်က Nexus Device တွေမှာ ဘက်ထရီ ကို ဖြုတ်မရအောင် အသေတပ်ထားတာဖြစ်ပြီး MicroSD Card အသုံးပြုလို့မရတာဖြစ်ပါတယ်။ Pure Android အသုံးပြုတဲ့ စမတ်ဖုန်း ၊ တက်ဘလက် တွေရဲ့ အားနည်းချက်က ထုတ်လုပ်သူတွေရဲ့ Features တွေ အသုံးပြုလို့မရတာဖြစ်ပါတယ်။ ဥပမာအားဖြင့် Samsung Galaxy S4 Google Play Edition မှာ Samsung ရဲ့ စွမ်းဆောင်ချက်တွေ ဖြစ်တဲ့ Multi-Window, Smart Stay စတာတွေကို အသုံးပြုလို့မရပါဘူး။

ဒီဇိုင်း

LG ရဲ့ ဒီဇိုင်း က နောက်ပိုင်းမှာ ပိုမိုကြည့်ကောင်းလာပါတယ်။ မျက်နှာပြင်ပတ်လည် က ဘောင်တွေကို သေးငယ်အောင်ပြုလုပ်ထားတဲ့အတွက် မျက်နှာပြင် ကို ထင်းထင်းရှင်းရှင်း မြင်ရပါတယ်။ G Pad မျက်နှာပြင်ပတ်လည်က ဘောင်တွေကိုလည်း အဲဒီလို သေးငယ်အောင်ပြုလုပ်ထားပါတယ်။ ဘေးပတ်လည်ဆိုပေမယ့် အပေါ်နဲ့အောက်က ဘောင်တွေကတော့ အနည်းငယ်ကြီးမားပါတယ်။ မျက်နှာပြင် ကို ထင်းထင်းရှင်းရှင်း မြင်ရပါတယ်။ G Pad က G2 စမတ်ဖုန်း နဲ့ ဒီဇိုင်းဆင်တူပါတယ်။ ထောင့်ချိုးတွေကို လုံး၀န်းအောင်ပြုလုပ်ထားလို့ ကြည့်ကောင်းပါတယ်။ G Pad ကို သတ္တုနဲ့ပြုလုပ်ထားတာဖြစ်ပါတယ်။ LG က များသောအားဖြင့် ပလတ်စတစ် ကို သာ အသုံးပြုတတ်တဲ့အတွက် G Pad ဟာ ထူးခြားကောင်းမွန်တယ်လို့ ပြောလို့ရပါတယ်။ အနောက်ဘက်မှာ အနက်ရောင် သတ္တု နဲ့ ဖုံးအုပ်ထားပါတယ်။ အထူက ၈.၃ မီလီမီတာ ဖြစ်ပြီး အလေးချိန် က ၃၃၈ ဂရမ် ရှိပါတယ်။ G Pad 8.3 ဟာ ရှစ်လက်မအရွယ် တက်ဘလက် တွေထဲမှာ ကိုင်တွယ်အသုံးပြုရ အကောင်းဆုံးဖြစ်ပါတယ်။

Hardware

အရှေ့ဘက် မှာ ၈.၃ လက်မအရွယ် ဖန်မျက်နှာပြင်တပ်ဆင်ထားပါတယ်။ မျက်နှာပြင် အထက်မှာ 1.3 MP Camera နဲ့ LG Logo ကို တပ်ဆင်ထားပါတယ်။ ကင်မရာ နဲ့ Logo နားမှာ Sensors တွေ တပ်ဆင်ထားပေမယ့် မမြင်ရအောင် ဖွက်ထားပါတယ်။ အောက်ခြေမှာတော့ Microphone နဲ့ USB Port တို့တပ်ဆင်ထားပါတယ်။ အပေါ်မှာတော့ MicroSD Card Slot နဲ့ ၃.၅ မီလီမီတာ Headphone Jack တပ်ဆင်ထားပါတယ်။ IR LED ကိုလည်း တွေ့ရှိရပေမယ့် တီဗီ ကို ထိန်းချုပ်ဖို့ ထည့်သွင်းထားတဲ့ App ကိုတော့ ရှာမတွေ့ပါဘူး။ ညာဘက်မှာ Volume Button နဲ့ Power Button ကိုတပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 5 MP Camera နဲ့ စပီကာ နှစ်လုံးတပ်ဆင်ထား ပါတယ်။ LG Logo ကိုလည်း အလယ်နားမှာ တွေ့မြင်ရပါတယ်။

မျက်နှာပြင်

၈.၃ လက်မ Full HD Display တပ်ဆင်ထားပြီး 1920×1200 Pixel Resolution ဖြစ်ပါတယ်။ တစ်လက်မလျှင် Pixel ၂၇၃ ပါရှိပါတယ်။ ၂၀၁၃ ခုနှစ် ထုတ် Google Nexus 7 နဲ့ Resolution တူညီပါတယ်။ မျက်နှာပြင် အရည်အသွေးက အလွန်ကောင်းမွန်ပါတယ်။ ရုပ်ထွက် တွေကို ကြည်လင်ပြတ်သားစွာ မြင်တွေ့နိုင်ပါတယ်။ iPad ရဲ့ Retina Display နဲ့ တောင်ယှဉ်နိုင်ပါတယ်။ အရောင်ထုတ်လုပ်မှု ကလည်း အလွန်ကောင်းမွန်ပါတယ်။ အလင်းပြန်မှုလည်း နည်းပါးပါတယ်။ ဒါပေမယ့် မူလ G Pad 8.3 မှာ ပါတဲ့ စွမ်းဆောင်ချက်ဖြစ်တဲ့ မျက်နှာပြင် ကို နှစ်ချက်ထိလိုက်ရင် Lock/Unlock လုပ်နိုင်တာ မပါရှိပါဘူး။ အဲဒီ စွမ်းဆောင်ချက်ကို Knock On လို့ခေါ်ပြီး Pure Android ကြောင့် မပါတာဖြစ်ပါတယ်။

ကင်မရာ

တက်ဘလက် တွေ ရဲ့ကင်မရာဟာ ကောင်းမွန်မှုမရှိပါဘူး။ G Pad ရဲ့ ကင်မရာ ကလည်း မကောင်းပါဘူး။ အနောက်ဘက်မှာ 5MP Camera နဲ့ မျက်နှာချင်းဆိုင်မှာ 1.3MP Camera တပ်ဆင်ထားပါတယ်။ Video Call ပြုလုပ်ဖို့ပဲအဆင်ပြေပြီး ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးဖို့အတွက်တော့ စွမ်းဆောင်ရည် နိမ့်ပါတယ်။ အချုပ်ပြောရရင်တော့ ကင်မရာ က သာမာန် အဆင့်လောက်ပဲရှိပြီး ထူးခြားကောင်းမွန်မှု မရှိပါဘူး။

စွမ်းဆောင်ချက်

Snapdragon 600 Chipset ပေါ်မှာ 1.7GHz Processor တပ်ဆင်ထားပါတယ်။ Adreno 320 GPU တပ်ဆင်ထားပါတယ်။ 1920×1200 Display ကိုမောင်းနှင်ဖို့အတွက် လုံလောက်ကောင်းမွန်ပြီး Nexus 7 နဲ့ စွမ်းဆောင်ရည်ချင်းတူညီပါတယ်။ များသောအားဖြင့်တော့ အသုံးပြုရတာ လျှင်မြန်ပေမယ့် တစ်ခါတစ်လေ မှာ အနည်းငယ်လေးလံတာ တွေ့ရပါတယ်။ ဂိမ်းတွေ ကစားရတာ အလွန်ကောင်းပါတယ်။ စွမ်းဆောင်ရည်မြင့်ဂိမ်းတွေ ကစားကြည့်တဲ့အခါ လွန်စွာ ကောင်းမွန်တာ တွေ့ရပါတယ်။ ဂရပ်ဖစ် စွမ်းဆောင်ရည် ကို စမ်းသပ်ထားတဲ့ ရလဒ် တွေကို အောက်မှာ ဖော်ပြထားပါတယ်။ Samsung Galaxy Note 8.0, Samsung Galaxy Tab 3 , Nexus 7 တို့ထက် ကောင်းမွန်တာတွေ့ရပါတယ်။

1

2

G Pad မှာ 2GB RAM ပါတဲ့အတွက် Multitasking ပြုလုပ်ရတာ ကောင်းမွန်ပါတယ်။ 16GB Version မှာ အသုံးပြုသူအတွက် 12GB ကျော်ကျော်ကျန်ရှိပါတယ်။ MicroSD Card အသုံးပြုနိုင်ပါတယ်။

ဆက်သွယ်မှု

WiFi , Bluetooth 4.0 , Miracast အသုံးပြုနိုင်ပေမယ့် NFC အသုံးပြုလို့မရပါဘူး။ USB OTG ကို Support ပေးတဲ့အတွက် USB Keyboard , PS3 Controller တို့နဲ့ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ စပီကာ အသံထွက်က သိပ်မကောင်းတာ တွေ့ရပါတယ်။ မီဒီယာ တွေကြည့်ရတာ အလွန်အဆင်ပြေပါတယ်။

ဆော့ဝဲ

Android 4.4 KitKat ကို အသုံးပြုထားလို့ အလွန်ထူးခြားကောင်းမွန်ပါတယ်။ Google Apps အသစ်များ ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် Google Play Edition ဖြစ်တဲ့အတွက် LG ရဲ့ Knock On, Q Slide , Q Pair တို့ကို အသုံးပြုလို့မရပါဘူး။

ဘက်ထရီ

4600mAh Lithium Polymer Battery တပ်ဆင်ထားပြီး ပိတ်လိုက်ဖွင့်လိုက် အသုံးပြုရင် ရက်အတော်ကြာ အသုံးခံပါတယ်။ မနားတမ်း အသုံးပြုမယ်ဆိုရင် တစ်ရက် ကနေ နှစ်ရက် အသုံးခံပါတယ်။

အနှစ်ချုပ်

LG G Pad 8.3 Google Play Edition က စွမ်းဆောင်ရည်မြင့် တက်ဘလက် ဖြစ်ပြီး ထိပ်တန်း တက်ဘလက် တွေကို ယှဉ်ပြိုင်နိုင်ပါတယ်။ ဒီဇိုင်းလှပပြီးမျက်နှာပြင် က အလွန်ကောင်းမွန်ပါတယ်။ Pure Android ကို မြည်းစမ်း အသုံးပြုနိုင်ပါတယ်။ ဘက်ထရီ သက်တမ်း ကြာရှည်အသုံးခံပါတယ်။ စွမ်းဆောင်ရည် က တစ်ခါတစ်လေ မှာ လေးလံတတ်ပါတယ်။ Pure Android ဖြစ်တဲ့အတွက် LG ရဲ့ စွမ်းဆောင်ချက်တွေကို အသုံးပြုလို့မရပါဘူး။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *