News

Dual Sim Cardပါဝင်ပြီး ဖုန်းပါပြောနိုင်သော Lenovo Tabletများကို တရားဝင် (၁)နှစ် အာမခံဖြင့် ဝယ်ယူရရှိနိုင်မည်

ရုံးသုံး၊အိမ်သုံးနှင့် ကလေး၊ လူကြီးလူငယ်မရွေး အသုံးပြုနိုင်သော Lenovo Tablet များကို KMD Sales Centre နှင့် Lenovo အရောင်းဆိုင်ကြီးများတွင် တရားဝင် တစ်နှစ် အာမခံဖြင့် ဝယ်ယူရရှိနိုင်ကြောင်း သိရသည်။ Lenovo Tablet များကို  A1000, A3000, S6000 နာမည်များဖြင့် အမျိုးအစား သုံးမျိုးဝယ်ယူရရှိနိုင်မည်ဖြစ်သည်။ Lenovo A1000 နှင့် A3000 Tabletများမှာ Dual Sim Card ပါဝင်သောကြောင့် ဖုန်းပါပြောနိုင်မည်ဖြစ်သည်။  Lenovo S6000 Tabletတွင်  3G စနစ်ပါဝင်ပြီး၊ ဖုန်းလိုင်းကဒ်ထည့်၍ Internetအသုံးပြု နိုင်မည်ဖြစ်သည်။

Lenovo A1000ကို Mobile Musicအတွက် လည်းကောင်း၊ Lenovo A3000ကို Mobile Powerful Entertainmentလုပ်ငန်းများ အတွက်လည်းကောင်း၊ Lenovo S6000ကို Game, Multimedia အစရှိသော လုပ်ငန်းများကို စွယ်စုံအသုံးပြု ချင်သူများအတွက် အဓိက ထုတ်လုပ်ထားကြောင်း သိရသည်။ Lenovo Tabletများမှာ International English Versionဖြစ်ပြီး၊ မြန်မာစာကိုလည်း အပြည့်အဝ အသုံးပြုနိုင်ကြောင်း သိရသည်။ ဈေးနှုန်းအနေဖြင့် Lenovo A1000ကို (၁၂၉၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ Lenovo A3000ကို (၁၉၉၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ Lenovo S6000 ကို (၂၉၉၀၀၀)ကျပ် ဖြင့်လည်းကောင်း KMD Sales Centreနှင့် Lenovoအရောင်းဆိုင်ကြီးများတွင် ဈေးနှုန်းတူညီစွာဖြင့် ဝယ်ယူရရှိနိုင်မည့်အပြင်၊ Lenovo Tablet များအတွက် Original Accessories များကိုပါ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

Lenovo Tabletများကို KMD Computer Groupမှ မြန်မာပြည်တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် တင်သွင်းဖြန့်ဖြူးကြောင်း လည်းသိရသည်။ အသေးစိတ်သိလိုပါက KMD Computer Centre: 245180, 385177, 385877, 381035သို့ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်း သိရသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

6 thoughts on “Dual Sim Cardပါဝင်ပြီး ဖုန်းပါပြောနိုင်သော Lenovo Tabletများကို တရားဝင် (၁)နှစ် အာမခံဖြင့် ဝယ်ယူရရှိနိုင်မည်

  1. Arkar Arkar says:

    ဘယ်မှာ ဝယ်လို့ရလည်း
    ဘယ်လောက်လည်း

    1. Myanmar ICT says:

      ကျွန်တော်တို့ Websiteမှာ ပြည့်ပြည့်စုံစုံ ရေးပေးထားပါတယ်။ ပေးထားတဲ့ Linkကို သွားပြီး ဖတ်ရှုနိုင်ပါတယ်။

  2. Be Care says:

    ဘယ်လိုဖတ်ရမှာလဲ။

  3. Jack Son says:

    ဝင်ကြည့်လိုက်ပါ..သူ့အမျိုးအစားအလိုက်အသုံးဝင်ပုံလေးတွေက်ရှင်းပြထားတယ်..ဈေးနှုန်းလဲပါတယ်…

  4. Jack Son says:

    ဈေးနှုန်းလဲ မဆိုးပါဘူး…အသုံးချမှု့တွေလဲ သူ့နေရာနဲ့သူကောင်းပါတယ်

  5. ဆက်သွယ်လို့ရတဲ့ ဖုန်းနံပါတ် ရှိလား

Leave a Reply

Your email address will not be published. Required fields are marked *