News

Lenovo က Yoga Tablet 10 HD+ Tablet ကို ပြသ

Lenovo က Yoga Tablet 10 HD+ Tablet ကို Mobile World Congress မှာ ပြသလိုက်ပါတယ်။ ၂၀၁၃ ခုနှစ် မှာ အောက်တိုဘာလ မှာ ထုတ်လုပ် ရောင်းချခဲ့တဲ့ Yoga 10 ထက် Screen Resolution ပိုမိုကောင်းမွန်လာပါတယ်။

Yoga Tablet 10 HD+ Tablet မှာ ဆယ်လက်မ 1920×1200 Full HD Display နဲ့ 1.6GHz Qualcomm Snapdragon 400 Processor တပ်ဆင်ထားပါတယ်။ 2GB RAM ပါရှိပါတယ်။ အနောက်ဘက်မှာ 8 Megapixel Camera နဲ့ မျက်နှာချင်းဆိုင်မှာ 1.5 Megapixel Camera တပ်ဆင်ထားပါတယ်။ 16 or 32 GB Storage ပါရှိပါတယ်။ 64GB အထိ၀င်ဆန့်တဲ့ MicroSD Card အသုံးပြုနိုင်ပါတယ်။ Android 4.3 Jelly Bean ကို အသုံးပြုထားပါတယ်။ 9000mAh ဘက်ထရီ တပ်ဆင်ထားပြီး ဘက်ထရီ သက်တမ်း (၁၈) နာရီကြာ အသုံးခံပါတယ်။

တက်ဘလက် ကို ကိုင်တွယ်အသုံးပြုဖို့ Hold, Tilt, Stand စသဖြင့် Mode သုံးမျိုးပါရှိပါတယ်။ Hold က လက်ထဲမှာ ကိုင်တွယ်အသုံးပြုရတဲ့ Mode ဖြစ်ပြီး Tilt ကတော့ စားပွဲပေါ်မှာ တက်ဘလက် ကို လှဲပြီး အသုံးပြုရတဲ့ Mode ဖြစ်ပါတယ်။ Stand ကတော့ တက်ဘလက် ကို ထောင်ပြီး အသုံးပြုရတာဖြစ်ပါတယ်။

Lenovo က Accessories များ ကိုလည်း ထုတ်လုပ်ပေးထားပါတယ်။ ကီးဘုတ် အနေနဲ့သာမက ကာဗာ အနေနဲ့ပါအသုံးပြုနိုင်တဲ့ Bluetooth Keyboard Cover ၊ တီဗီများဆီသို့ မီဒီယာများ ကို ထုတ်လွှင့်ပေးနိုင်တဲ့ MiraCast Dongle တို့ ဖြစ်ပါတယ်။

Yoga Tablet 10 HD+ ကို ဧပြီ မှာ ဒေါ်လာ (၃၄၉) နဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။

တက်ဘလက် အပြင် Lenovo က Apps အသစ်ငါးခု ကို ပြသခဲ့ပြီး SHAREit, SECUREit,SYNCit,SNAPit,SEEit တို့ဖြစ်ပြီး Android Device များမှာ ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။

SHAREit က Bluetooth, WiFi တို့ကနေ တစ်ဆင့် Pictures, Video, Music , Documents များကို အခြား Device များ နဲ့ Share လုပ်နိုင်ပါတယ်။ Lenovo Device များသာမက iOS Device , Windows PC များနဲ့လည်း Share လုပ်နိုင်ပါတယ်။

SECUREit က လုံခြုံရေး ဆော့ဝဲဖြစ်ပြီး Virus, Span Text Messages များကို သတိပေးနိုင်ပါတယ်။ SIM Card ကိုဖြုတ်ရင် Password တောင်းမယ့် Anti-Theft နည်းပညာပါရှိပါတယ်။ SYNCit က Backup စွမ်းဆောင်ချက်ဖြစ်ပြီး စာများ၊ပုံများ ကို Cloud မှာ သိမ်းပေးထားနိုင်ပါတယ်။

SNAPit က ကင်မရာ ဆော့ဝဲ ဖြစ်ပြီး ဓာတ်ပုံအများအပြား ကို တစ်ပြိုင်နက် ရိုက်ကူးပေးနိုင်တဲ့အပြင် Panoramic Photo များကိုရိုက်ကူးပေးနိုင်ပါတယ်။ SEEit က Gallery App ဖြစ်ပြီး Photos များကို ကဏ္ဍတွေခွဲခြားပြီး သိမ်းနိုင်ပါတယ်။

Lenovo က Yoga Tablet အမျိုးအစားများကို ထုတ်လုပ်နေပြီး Yoga Tablet 10 ရဲ့ စွမ်းဆောင်ချက်အသေးစိတ် ကို ရေးသားထားတဲ့ ဆောင်းပါး ကို အောက်က လင့် ကနေ ဖတ်နိုင်ပါတယ်။

/reviews/lenovo-yoga-tablet-10-review/

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *