Apps

၂၄ နာရီ အင်္ဂလိပ်စကားပြောမယ်

English Learning Websites

http://www.speaking24.com

အင်္ဂလိပ်စာစကား တိုးတက်ချင်သူတွေအတွက် အင်္ဂလိပ်စကားပြော လေ့ကျင့်ခန်းတွေ အခမဲ့ လေ့လာလို့ ရနိုင်မယ့် ၀က်ဘ်ဆိုက်ပါ။ အင်္ဂလိပ် စကားပြော ကျွမ်းကျင်ဖို့ရာ ရှုပ်ထွေးနက်နဲခေါင်းစားစေတဲ့ သဒ္ဒါနည်းတွေ သိစရာမလိုဘဲ အစပိုင်းမှာ ပြောကျင့်ရဖို့သာဖြစ်ပြီး တဖြည်းဖြည်း ကျွမ်းကျင်လာအောင် လုပ်ယူဖို့သာ လိုပါတယ်။ ကျွမ်းကျင်အောင်လုပ်ဖို့ ဆိုတာကလည်း ေဝါဟာရ ထိုက်သင့်သလောက် ပိုင်နိုင်ထားရမှာဖြစ်ပြီး စကားပြော ကျွမ်းကျင်ပြီးတဲ့အခါမှာတော့ သဒ္ဒါအသုံးအနှုန်းပိုင်းကို အာရုံစိုက်ရမှာ ဖြစ်ပါတယ်။ အင်္ဂလိပ်စာ အင်္ဂလိပ်စာလို့ တကြော်ကြော်အော်၊ သူတစ်ပါး အထင်ကြီးဖို့ အီဒီယမ်တွေ လျှောက်ရွတ်ပြရုံနဲ့ အင်္ဂလိပ်စာ တကယ် မတတ်သေးတဲ့ အကြောင်းက ေဝါဟာရ၊ သုံးနှုန်းပုံနဲ့ အသံထွက်ပိုင်းကို စနစ်တကျ မလေ့လာထားမိလို့ပါပဲ။ ဒီ၀က်ဘ်ဆိုက်ကတော့ ပြောဆိုလေ့ကျင့်မှုနဲ့ ထိတွေ့ခွင့်ရဖို့ နိုင်ငံတကာ ချက်ရွန်းပါရှိပြီး မိမိအရည်အချင်းကို စစ်ဆေးနိုင်မှာလည်း ဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

One thought on “၂၄ နာရီ အင်္ဂလိပ်စကားပြောမယ်

  1. Myo Thiha says:

    နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်ဖို့ ဘာသာစကားမှာ အရေးပါတဲ့ အင်္ဂလိပ်စာ စကားကို အခု လိုlink ပေးတဲ့အတွက် ICT ကို နှစ်ထပ်ကွမ်းကျေးဇူးတင်ပြန်ပြီ။ဒါတွေကို အားလုံးသိဖို့ တစ်ဆင့်ပြန်ဝေလိုက်မယ်။

Leave a Reply

Your email address will not be published. Required fields are marked *