Apps

လာပါ..ငါနဲ့အတူ ကကြစို့

http://www.dancewithme.co.nz/

http://www.dancewithme.co.nz/

ဖက်ရှင်ဒီဇိုင်နာတွေ၊ အကသမားတွေနဲ့ အကလေ့လာလိုသူတွေ ကြည့်ရှုသင့်တဲ့ ၀က်ဘ်ဆိုက် ဖြစ်ပါတယ်။ မိန်းမ၀တ် အက၀တ်စုံတွေ၊ စကတ်တွေ၊ ပန့်ပုံစံအက အ၀တ်ဒီဇိုင်းတွေ၊ ကပြရာမှာ အနုပညာဆန်ပြီး ကြည့်ရှုသူတွေ ရင်သပ်ရှုမောစေဖို့ တွဲဖက် အသုံးအဆောင်ပစ္စည်းတွေအပြင် ယောက်ျား၀တ် အက၀တ်တွေပါ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ လက်တင်လုပ် အက၀တ်စုံ၊ အ၀တ်အထည်တွေကို အရောင်၊ အရွယ်အစား၊ ဈေးနှုန်းတွေနဲ့ တင်ပြပေးထားပြီး ကြိုက်နှစ်သက်လို့ ၀ယ်ယူချင်သူတွေအတွက် အချိန်မရွေး၀ယ်ယူနိုင်မယ့် အွန်လိုင်းရှော့ပင်း ၀က်ဘ်ဆိုက်တစ်ခုလည်း ဖြစ်ပါတယ်။ ဒ့ါအပြင် နယူးဇီလန်မှာ အတော်ဆုံး ဆရာတွေထဲက တစ်ယောက်ဖြစ်တဲ့ Marcela Diaconoနဲ့ လှပတဲ့ အာဂျင်တီးနား တန်ဂို အကကိုလည်း သင်ယူနိုင်မှာဖြစ်ပြီး လက်ထပ် ထိမ်းမြားမင်္ဂလာပွဲတွေမှာ သတို့သားနဲ့ သတို့သမီး ကြိုက်နှစ်သက်ရာ သီချင်းနဲ့ တွဲကနိုင်မယ့် ပျော်ရွှင် ရယ်မောစရာ၊ စိတ်ဖိစိးမှုတွေ ပပျောက်စေပြီး လွယ်ကူစွာ တတ်မြောက်စေမယ့် အကလေ့ကျင့်ခန်းတွေကိုလည်း ရယူနိုင်မှာ ဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

One thought on “လာပါ..ငါနဲ့အတူ ကကြစို့

  1. Myo Thiha says:

    ဖက်ရှင်ကိုအလေးထားနေသူတွေ အတွက် ထိရောက်စေမယ့် ၀က်ဆိုဒ်တစ်ခု လို့ ထင်ပါတယ်။အက တွေပါပါဝင်တယ်ဆိုတော့ ၀င်ကြည့်မယ်ဆိုရင်အခုပဲစလိုက်ကြရအောင်။

Leave a Reply

Your email address will not be published. Required fields are marked *