Lady GaGaရဲ့ ချစ်ပရိတ်သတ်အားလုံး စောင့်မျှော်နေကြတဲ့ သူမရဲ့ ကိုယ်ပိုင် Social Network တစ်ခုဖြစ်တဲ့ littlemonsters.com ကို private betaအဖြစ် အင်တာနက်ပေါ်မှာ လွှင့်တင်လိုက်ပြီ ဖြစ်ပါတယ်။ ဒီ ဆိုဒ်ကတော့ ကမ်ဘာပေါ်မှာ နာမည်ကျော်ကြားတဲ့ အနုပညာရှင်များရဲ့ ပထမဆုံး ကိုယ်ပိုင် Social Networkလို့ ဆိုရလောက်ပေမယ့်လည်း သူမရဲ့ Facebook fan pageနဲ့ ဆက်စပ်ပြီးမှ အသုံးပြုလို့ရမယ်လို့လည်း သိရပါတယ်။
Littlemonstersရဲ့ အသွင်အပြင်လေးကတော့ သိပ်မကြာသေးမီက နာမည်ကျော်လာခဲ့တဲ့ Pinterest.comနှင့် websiteတွေ စတင်ခေတ်စားချိန်က Bulletin Board ကြားထဲမှာ ရှိတယ်လို့လဲ သတင်းများက ဖော်ပြထားပါတယ်။ အဆိုပါ websiteကတော့ Lady Ga Ga ပံပိုးပေးနေတဲ့ ကုမ္ပဏီအသစ်တစ်ခုဖြစ်တဲ့ Backplaneအတွက် ခြေလှမ်းတစ်ခုဖြစ်စေသည်ဟုလည်း ဆိုထားပါတယ်။
Lady GaGaရဲ့ ကိုယ်ပိုင် Social Network

15
Jul