News

ဆီးရီးယားကို သုံးရက်ဖြင့် အပြတ်တိုက်မည်

ပင်တဂွန်က ဆီးရီးယားကို ရက်ရှည် တိုက်ရန် မူလကရည်ရွယ်ထား သော်လည်း ယခုအခါ သုံးရက်သာ တိုက်ခိုက်သွားမည် ဖြစ်ကြောင်း လော့စ်အိန်ဂျလိစ်တိုင်းမ် သတင်းစာက ရေးသားဖော်ပြလိုက်သည်။ ဒုံးလက်နက်များဖြင့် တိုက်ခိုက်၍ မထိခိုက်သော ပစ်မှတ်နေရာများအား စစ်လေယာဉ်များက အပြင်းအထန် တိုက်ခိုက်သွားမည် ဖြစ်ကြောင်း အရာရှိများ၏ ပြောကြားချက်ကို တိုင်းမ်ကကိုးကား၍ ဖော်ပြခဲ့သည်။ အိမ်ဖြူတော်က မူလကပေး ထားသောပစ်မှတ် ၅ဝထက်ပိုသော ပစ်မှတ် များကို တောင်းထားသည် ဟုဆိုသည်။

ဆီးရီးယားသမ္မတ ဘာရှားအယ်လ်အာဆတ်၏ စစ်တပ်များ ပြိုကွဲသွားရန် တိုက်ခိုက်သွားမည့် ကြိုးပမ်းမှု၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်ဟုဆိုသည်။ ပင်တဂွန်စစ်ရေးစီစဉ်သူများက လေတပ်ဗုံးကြဲလေယာဉ်များနှင့် ဒုံးပျံတပ်ဖျက်သငေ်္ဘာ ငါးစင်းက မြေထဲပင်လယ်မှ ဆီးရီး ယားဒုံးပျံများ မမီနိုင်သည့်နေရာ မှ နေ၍ဝေဟင်မှ မြေပြင်ပစ်ဒုံးများဖြင့် ပစ်ခတ်သွားမည်ဟုဆိုသည်။ ပင်လယ်နီ၌တပ်စွဲထားသော လေယာဉ်တင်သငေ်္ဘာ USS Nimitzကလည်း ဒုံးပျံများဖြင့် ပစ်ခတ်မည်ဖြစ်သည်။ ၇၂နာရီအတွင်း အဆက်မပြတ် ပစ်ခတ်သွားမည်ဖြစ်ပြီး ပစ်မှတ်ကိုသေချာစစ်ဆေး၍ နောက်ထပ်ပစ်ခတ်မည် ဟုလည်းဆိုသည်။ ပစ်ခတ်မှုမှာ ၇၂နာရီကြာမည်ဟု သက်ဆိုင်ရာမှ တိုင်းမ်သို့ပြောခဲ့သည်။

သမ္မတအိုဘားမားက တနင်္လာနေ့တွင် အသံလွှင့်ဌာနသုံး ခုဖြစ်သည့် PBS, CNNနှင့် Fox News တို့နှင့် တွေ့ဆုံမေးမြန်း မည်ဖြစ်ပြီး ၎င်းမေးမြန်းချက်ကို ရေဒီယိုမှလည်း ထုတ်လွှင့်မည် ဟုဆိုသည်။ အိုဘားမားက စစ်လေယာဉ် များအရေအတွက် နည်းနည်းသာ အသုံးပြုလိုသည်ဟုဆိုသည်။ ”အမေရိကန်ထိုးစစ်က အာဆတ်ရဲ့စစ်ရေးကို ဟန့်တား နိုင်ပါလိမ့်မယ်”ဟု အမေရိကန် အရာရှိတစ်ဦးက ဆိုသည်။ ယခုတိုက်ခိုက်မှုက လက်ရှိ ဆီးရီးယားစစ်ကို ရပ်ပစ်မှာမဟုတ် သကဲ့သို့ ဆီးရီးယားစစ်ပွဲမှာ နောက် နှစ်နှစ်ခန့်ကြာဦးမည်ဟု အမေရိကန်အရာရှိတစ်ဦးက ဆိုသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

One thought on “ဆီးရီးယားကို သုံးရက်ဖြင့် အပြတ်တိုက်မည်

Leave a Reply

Your email address will not be published. Required fields are marked *