Opinion

အချိန်တန်ြပီ

Firefox OSရဲ့ အမိုက်စား Video Clip လေးကို ၁၀ မိနစ်လောက် စိတ်ရှည်စွာ ဒေါင်းလုဒ်ကာ ကြည့်ရှုပြီး မြန်မာပြည်ရဲ့ လမ်းမတွေေပါ်က ပဲပြုတ်ရောင်းတဲ့ အဒေါ်ကြီးရဲ့ “ပဲ… ပြုတ်”လို့ အော်ပြီး ဈေးရောင်းေနတဲ့ အသံလေးေတွ၊ ရွှေရင်အေးသည်ကြီးရဲ့ တွန်းလှည်ပေါ်က လော်စပီကာကြီးနဲ့ အသံသွင်းထားတဲ့ တိတ်ေခွကြီးမှ ထွက်လာတဲ့ “ရွှေရင်… အေးေအးေလး” ရမည် ဆိုတဲ့ အသံလေးေတွကို စာရေးသူ ကြားယောင်ေနမိတယ်။

မနက်ခင်း မိန်းမကို ဈေးဝယ်လိုက်ကူရင်းနဲ့ ငါးအစိမ်း ရောင်းတဲ့ အဒေါ်ကြီး Samsung Smartphoneနဲ့ ကျယ်လောင်စွာ စကားပြေေနတဲ့ အသံလေးကိုလည်း ကြားနေမိပြန်တယ်။

ရုတ်တရက် – ဖေဖေပြောထားတယ်ေလ၊ ပင်လယ်ရေေအာက်က အင်တာနက် သုံးလို့ ရဖို့ ချိတ်ဆက်ထားတဲ့ ကြိုးကြီး ပြတ်လို့ Power Rangers တွေရဲ့ ဝက်ဆိုဒ် သားသား iPadမှာ ကြည့်လို့ မရဘူးလို့ အသံပြဲပြဲကြီးနဲ့ သူ့ အဒေါ်ကို အော်ပြောလိုက်တဲ့ ငါးနှစ်သားအရွယ် သားတော်မောင်ေကြာင့် တိုင်းပြည်အတွက် ရင်လေးရမလား ကိုယ့် ရင်ေသွး အနာဂတ် စိတ်ပူရမလား ဇဝေဇဝါဖြစ်ရင်း ဒီည အိပ်မရ ဖြစ်ရပြန်တယ်။

Leave a Reply

Your email address will not be published. Required fields are marked *