Featured, News

iPhone , iPad နဲ့Macbookတို့ရဲ့ နောက်ကြောဘက်က စာသားသင်္ကေတများအကြောင်း

iPhone , iPad နဲ့Macbookတို့ရဲ့နောက်ကြောဘက်ကစာသားသင်္ကေတများအကြောင်း

Apple Products တွေကို အသုံးပြုကြတဲ့ မိတ်ဆွေတို့အနေနဲ့ သတိမထားမိတဲ့ အချက်တစ်ချက်ရှိပါတယ်။ အဲ့ဒါကတော့ Apple products တွေရဲ့ နောက်ကြောမှာရှိနေတဲ့ စာသားသင်္ကေတတွေအကြောင်း ဖြစ်ပါတယ်။ ပထမဦးဆုံးတွေ့ရှိရမှာကတော့ FC ဆိုတဲ့ logo ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ iPhone ဟာ Federal Communications Commission (FCC) ရဲ့ အသိမှတ်ပြုခြင်း အတိုကောက် ဖြစ်ပါတယ်။ FCC အုပ်ချုပ်မှုဆိုတာ Electronic Devices တွေရဲ့ရေဒီယို သတ္တိကြွမှုကို စစ်ဆေးပြီး သူတို့သတ်မှတ်ထားတဲ့ Class B အမျိုးအစားအောက်ကိုရောက်နေတဲ့ Device ဆိုရင် အသုံးပြုသူတွေကိုရေဒီယိုသတ္တိကြွမှုနဲ့ ပတ်သက်တဲ့ ဆိုးကျိုးတွေမဖြစ်ပေါ်စေဖို့ ရည်ရွယ်ကာ အဆိုပါ Device များကို ထုတ်လုပ်ခွင့်မပေးခဲ့ပါဘူး။ဒါကြောင့် Apple ဟာ FCC ရဲ့ အသိမှတ်ပြုထားတဲ့ သာမန်အသုံးပြုသူအတွက် မည်သည့်ရေဒီယိုသတ္တိကြွမှု ဆိုးကျိုးမျှမဖြစ်ပေါ်စေတဲ့ Electronic Device တစ်မျိုးဖြစ်ပါတယ်။

နောက်ထပ်သင်္ကေတဖြစ်တဲ့ ဘီးတပ်ထားတဲ့ပုံးအပေါ်မှာ X ပုံစံ အမှားပြထားတာကတော့ iPhone , iPad နဲ့Macbookတို့ကိုအသုံးမပြုချင်တဲ့အခါ အမှိုက်အဖြစ် လွှင့်မပစ်ရပဲ Apple Company ကိုအကြောင်းကြားကာ Company မှ လွှင့်ပစ်ဖို့ ခွင့်ပြုပြီဆိုမှ လွှင့်ပစ်နိုင်မှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် အဆိုပါသင်္ကေတဟာ ဥရောပရဲ့ အီလက်ထရောနစ်ပစ္စည်းများ စွန့်ပစ်မှုစစ်ဆေးရေး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ WEEE (Waste Electrical and Electronic Equipment) Directive cooperation ရဲ့ခွင့်ပြုချက်ရယူထားတဲ့ သင်္ကေတတစ်မျိုး ဖြစ်ပါတယ်။

စက်ဝိုင်းလေးထဲတွင် Exclamation mark ရေးစွဲထားသည့် သင်္ကေတကတော့ Class II wireless device လို့ခေါ်ပြီး Apple အသုံးပြုသူတွေကို ရေဒီယိုသတ္တိကြွမှုကြောင့် အသုံးမပြုရဘူးလို့ ပိတ်ပင်ခြင်းမပြုရဘူးဆိုတဲ့ သင်္ကေတဖြစ်ပါတယ်။ Apple devices များကို အခြားနိုင်ငံများသို့ ယူဆောင်သွားသည့်အခါတွင်လည်း ရေဒီယိုသတ္တိကြွမှုကြောင့် အသုံးမပြုရဘူးလို့ပိတ်ပင်ခွင့် မရှိနိုင်တဲ့အတွက်ကြောင့် မည်သည့်နိုင်ငံ၊ မည်သည့်နေရာကိုမဆို ယူဆောင်အသုံးပြုခွင့် ရှိပါတယ်။

“0682” နှင့် “CE” ကတော့ ဥရောပအဖွဲ့အစည်းရဲ့ ခွင့်ပြုချက်တစ်ခု ဖြစ်ပါတယ်။ 0682ကတော့ Cetecom ICT Services an accreditation firm ရဲ့ ခွင့်ပြုချက်ရ ကုမ္ပဏီအရေအတွက်တွေဖြစ်ပြီး CE ကတော့Conformite Europeenne ရဲ့     ဥရောပနိုင်ငံအတွင်းမှာ ရောင်းချခွင့်ကို ခွင့်ပြုတဲ့အမှတ်အသားတစ်ခု ဖြစ်ပါတယ်။

ဒါ့အပြင် MacBook မှာပါဝင်တဲ့ VCCI ရဲ့အမှတ်အသားကတော့ Voluntary Control Council for Interference လို့ခေါ်ပြီး Laptop များတွင် ရေဒီယိုသတ္တိကြွဓါတ်များ ထုတ်လွှတ်မှုကို စစ်ဆေးတဲ့ ဂျပန်နိုင်ငံ အဖွဲ့အစည်းတစ်ခုရဲ့ ခွင့်ပြုချက်ရရှိထားတဲ့ သင်္ကေတဖြစ်ပါတယ်။ နောက်ထပ် MacBook မှာပါဝင်တဲ့ တြိဂံထဲမှာ အမှန်ခြစ်ပုံ အမှတ်အသားကတော့Regulatory Compliance Mark (RCM) လို့အဓိပ္ပါယ်ရပြီး သြစတြေးလျနိုင်ငံ အီလက်ထရောနစ်ဆိုင်ရာ စိတ်ချစွာ အသုံးပြုနိုင်မှု အမှတ် အသားဖြစ်ပါတယ်။

အထက်ဖော်ပြပါအချက်တွေကတော့ Apple ရဲ့ Product များကို ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်သည့် နိုင်ငံတကာမှ အသိမှတ်ပြု အမှတ်အသားများ ဖြစ်ပါတယ်။ ဒီအမှတ်အသားတွေက သင့်ရဲ့ Apple Devices တွေကို အပေါ်က Cover တွေမတပ်ထားရင်တောင်မှ ခဏအလွယ်တကူ ပျက်သွားမှာမဟုတ်ပဲ ကြာရှည်စွာ ထင်ရှားနေမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *