Featured, News

Facebook နဲ့Youtube ဗီဒီယို Fileတွေကို စိတ်ကြိုက် Format ပြောင်းပြီး Download လုပ်မယ်။

Facebook နဲ့Youtubeဗီဒီယို File တွေကိုစိတ်ကြိုက် Format ပြောင်းပြီး Download လုပ်မယ်

အွန်လိုင်းပေါ်မှာ တင်ထားကြတဲ့ ဗီဒီယို file တွေတော်တော်များကို မိမိစိတ်ကြိုက် Format ပြောင်းပြီး Download လုပ်လို့ရတဲ့ အကောင်းဆုံး Website တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ Clip Converter ဆိုတဲ့ Website ဖြစ်ပါတယ်။ ဒီWebisteဟာ Facebook နှင့်Youtube တို့မှာရှိတဲ့ Video fileတွေကို Convert လုပ်ဖို့တင်မဟုတ်ပဲ မိမိကွန်ပျူတာ၊ မိမိဖုန်းထဲမှာ ရှိနေတဲ့ဗီဒီယိုဖိုင်တွေကိုပါ မိမိစိတ်ကြိုက် Format တွေပြောင်းလဲကာ Download လုပ်နိုင်ပါတယ်။ Website မှာ မိမိရဲ့ကိုယ်ပိုင် Account တွေ ဖန်တီးနိုင်တဲ့အတွက်ကြောင့်လဲ မိမိပြောင်းလဲထားတဲ့ ဗီဒီယိုဖိုင်တိုင်းဟာ မိမိရဲ့အကောင့်ထဲမှာ ရှိနေမှာဖြစ်ပါတယ်။ ဒါကြောင့် Format ပြောင်းလဲထားပြီးသား Video File များကို ကိုယ်လိုအပ်တဲ့အခါ အချိန်မရွေး ပြန်လည် Download လုပ်ယူနိုင်ပါတယ်။

အွန်လိုင်းမှာရှိတဲ့ ဗီဒီယိုဖိုင်တွေကို Format ပြောင်းလဲလိုရင်တော့ Video Files ရဲ့ URL ကို Clip Converter Website မှာရှိတဲ့ Media URL to Download ဆိုတဲ့ အကွက်ထဲမှာ ထည့်ပေးပြီး Continue ကိုနှိပ်ကာ မိမိစိတ်ကြိုက် Format များကိုရွေးချယ်ပြီး Start Button ကိုနှိပ်လိုက်ရင် မိမိလိုချင်တဲ့ file format နဲ့ ဖိုင်တစ်ဖိုင် ရရှိလာမှာဖြစ်ပြီး Download လုပ်ကာအသုံးပြုနိုင်ပါပြီ။

မိမိရဲ့ကွန်ပျူတာ သို့မဟုတ် ဖုန်းအတွင်းမှာရှိနေတဲ့ Video files တွေကို Convert လုပ်ချင်ရင်တော့ Website မှာ Upload and convert file ဆိုတဲ့ စာသားလေးကိုနှိပ်ကာ မိမိစိတ်ကြိုက် format ပြောင်းလဲနိုင်ပါတယ်။ ဒါ့အပြင် မိမိရဲ့ကွန်ပျူတာအတွင်းမှာရှိတဲ့ Video file တွေသာမကဘဲ မိမိရဲ့ Cloud Drive (Dropbox , One Drive , Google Drive) အတွင်းမှာရှိတဲ့ Video file တွေကိုလည်း ပြောင်းလဲနိုင်ပါသေးတယ်။ Facebook က Video File ၊ Youtubeက Video File နှင့်မိမိကွန်ပျူတာ၊ မိမိဖုန်းအတွင်းမှာရှိနေတဲ့ Video File တွေကို Internet Download Manager လို့ခေါ်တဲ့ IDM ၊ Android Download Manager လို့ခေါ်တဲ့ ADM အပြင် Youtube Downloader လို့ခေါ်တဲ့Tubemate Downloader စတဲ့ Software တွေကို တကူးတက Install လုပ်စရာမလိုတော့ပဲ အွန်လိုင်းမှာရှိတဲ့ Website ကိုအသုံးပြုရုံနဲ့ Video File တွေကို Format ပြောင်း Download လုပ်နိုင်ပါပြီ။

 

Leave a Reply

Your email address will not be published. Required fields are marked *