Apple ရဲ့ iPad Fan တွေအတွက် 2021 iPad အသစ်လေး ရောက်ရှိလာပါပြီ။ ဂိမ်းကစား၊ အင်တာနက်သုံး၊ အလုပ်လုပ် အားလုံးကို သူမတူတဲ့ Performance နဲ့ စွမ်းဆောင်ပေးဦးမှာပါ။ သူ့ရဲ့ Features လေးတွေကတော့ –
A13 Bionic chip လေးနဲ့မောင်းနှင်ပေးမှာဖြစ်လို့ Message ပို့တာမှအစ Web Browsing အထိ apps တွေအများကြီးကို ပိုပြီးမြန်မြန်ဆန်ဆန် အသုံးပြုနိုင်မှာပါ။ 20% အထိပိုမိုမြန်ဆန်လာတဲ့ GPU က ဂိမ်းကစားမယ့်သူတွေအတွက် အလန်းစား Graphic Performance ကို ပေးမှာနော်။
အနုစိပ်ပြီးတောက်ပတဲ့အရောင်အသွေးတွေနဲ့ 10.2” Retina Display မျက်နှာပြင်က ရုပ်ရှင်ကြည့်မလား၊ အလုပ်လုပ်မလား၊ ပုံဆွဲမလား အားလုံးအဆင်ပြေပါတယ်။
Center Stage နည်းပညာက ဗီဒီယို Calls ခေါ်ရင်ပဲဖြစ်ဖြစ်၊ ဗီဒီယိုရိုက်ကူးရင်ပဲဖြစ်ဖြစ် သင့်ကို Frame အလည်တည့်တည့်မှာရှိနေအောင် အလိုအလျောက်ညှိပေးမှာဖြစ်ပြီး Social Apps တွေမှာတင်ဖို့ အလန်းစားဗီဒီယိုလေးတွေကိုလည်း ဖန်တီးနိုင်ဦးမှာပါ။
အရမ်းမြန်ဆန်တဲ့ WiFi ကြောင့် နေရာမရွေး၊ Network မရွေး လိုင်းဆွဲအားကောင်းကောင်းနဲ့ အမြဲတမ်းချိတ်ဆက်နိုင်မှာပါ။
စာရွက်ပေါ်မှာ ဘောလ်ပင်နဲ့ရေးနေတဲ့အတိုင်းခံစားရမယ့် Apple Pencil လေးလည်း ပါပြီး Smart Keyboard နဲ့တွဲသုံးမယ်ဆိုရင် စာရေးဖို့အတွက်ပဲဖြစ်ဖြစ်၊ Business Plan တွေ ချရေးဖို့ပဲဖြစ်ဖြစ် လုံးဝအဆင်ပြေပါတယ်။
အခြား Apple Product တွေအတိုင်း အသုံးပြုသူရဲ့ Privacy နဲ့ Security ကိုအထူးလုံခြုံအောင် ဒီဇိုင်းဆွဲပေးထားလို့ သင့်ရဲ့ Privacy ချိုးဖောက်ခံရမှာကို စိတ်ပူစရာမရှိပါဘူး။
ကြီးမားတဲ့ Multi-Touch Display နဲ့သုံးဖို့ ဒီဇိုင်းထုတ်ထားတဲ့ iPadOS 15 က Apps တွေတပြိုင်နက်သုံးနိုင်စွမ်း ပိုမြင့်လာတဲ့အတွက် သတင်းအချက်အလက်တွေတပြိုင်နက်ကြည့်ရှုတာ၊ မှတ်စုရေးတာ စတဲ့အလုပ်တွေအများကြီးကို တပြိုင်နက်လုပ်နိုင်စေမှာပါ။
ကဲ ဒီလို Feature အစုံစုံနဲ့ Apple ရဲ့ iPad 2021 လေးကို လေ့လာကြည့်ချင်တယ်၊ ဝယ်ယူချင်တယ်ဆိုရင် ပေးထားတဲ့လင့်ခ်လေးကိုသာ နှိပ်လိုက်တော့နော်။
ဆက်သွယ်မေးမြန်းလိုပါက






Team ICT.com.mm