Automobile, News

ကားမောင်းနေစဉ် အနှောက်အယှက် ဖြစ်စေမဲ့ အကြောင်းအရာများ

ကားမောင်းနေစဉ် အနှောက်အယှက် ဖြစ်စေမဲ့ အကြောင်းအရာများ

သင်ဟာ ကားမောင်းသူတစ်ဦး အနေနှင့် ယာဉ်အန္တာရယ် ကင်းအောင် အရင်ဆုံး တွေးတောသင့်ပါတယ်။ ကားမောင်းနေတဲ့ အချိန် မိမိအတွက် ဘယ်အရာက အန္တရယ်အများဆုံးလဲ? ဘယ်အရာတွေက မပြုသင်ဘူးလဲ၊ ဘာကိုလိုက်နာသင့်သလဲဆိုတာ တွေးထားသင့်ပါတယ်။ တကယ်လို့ မတော်တဆတစ်ခု ဖြစ်ပွားတဲ့အခါ မိမိအတွက်၊ မိသားစုအတွက်၊ တစ်ခြားတစ်ပါးသူ အတွက်ရော မကောင်းလှပါဘူး။

ဒါကြောင့် ရှောင်ရန်ဆောင်ရန်လေးတွေကို Motors.com.mm ကနေ ဖော်ပြရေးသားလိုက်ရပါတယ်။ အောက်ပါ အချက်တွေဟာ အမြန်လမ်း ဟိုင်းဝေးလမ်းတွေအတွက်သာမက မြို့တွင်း မြို့ပြင် အတွက်မှာပါ ရည်ရွယ်တာ ဖြစ်ပါတယ်။ လောလောဆယ် ကားတွေ ကျပ်နေကြဖြစ်တဲ့ ရန်ကုန်မှာတော့ လီဗာတစ်ချက်နင်း၊ ဘရိတ်တစ်ချက်နင်းနဲ့ ဘီးတွေကို တစ်ဘီးချင်း လှိမ့်နေရ တာကိုက ကားအမြန်မောင်းနှင်ရာကနေ မတော်တဆတွေ ဖြစ်ဖို့ အန္တရယ်ကနေ ဖယ်ရှား ပေးနေသလားလို့တော့ ဟာသအမြင် အနေနဲ့ မြင်မိတွေးမိပါတယ်။ ကားပိတ်တာတောင် အချိန်ကုန်တာက လွဲလို့ ကောင်းကောင်းကြီးလားလို့ပေါ့။ သို့ပေမဲ့ လမ်းယာဉ်တဲ့ ညဖက်တွေမှာတော့ ဖြစ်သလို မောင်းနှင်နေကြတာကိုတော့ တွေ့မြင်ရမှာ ဖြစ်ပါတယ်။

၁။ လက်ကိုင်ဖုန်း

1

ဟုတ်ပါတယ်။ သင်ဟာ ကားမောင်းခြင်းကို မည်မျှပင် ကျွမ်းကျင်စေကာမူ ကားမောင်းနှင်နေစဉ်မှာ ဖုန်းပြောခြင်းက လုံးဝ အန္တာရယ် များစေပါတယ်။ ဒါကြောင့်ဆင်ခြင်ရှောင်ရှားသင့်ပါတယ်။ တစ်ခြားအန္တာရယ်များစေတဲ့ အချက်တွေအနေနှင့် ဘာတွေရှိဦးမလဲ…စဉ်းစားကြည့်ရအောင်

၂။ အီးမေးလ်

2

ဒါကတော့ အင်တာနက်လိုင်း အဖွံ့ဖြိုးဆုံးနိုင်ငံတွေမှာ အတွေ့ရများတဲ့ ကိစ္စတစ်ရပ် ဖြစ်ပါတယ်။ သို့ပေမဲ့ သိထားသင့် ဆင်ခြင် သင့်တဲ့ ကိစ္စတစ်ရပ် ဖြစ်ပါတယ်။ ကားမောင်းရင်း တစ်ဖက်ကလာသော အီးမေးလ်ကို ပြန်လည်ချိတ်ဆက်စာရိုက်ခြင်းက အန္တာရယ်ကြီးပါတယ်။ များသောအားဖြင့် ဖုန်းမှာစာရိုက်ခြင်းက လက်နှစ်ဖက်စလုံး အသုံးပြုကာ လုပ်ဆောင်ခြင်း ဖြစ်တာ တစ်ချက်၊ အမြင်အာရုံအနေနှင့် ကားရှေ့တည့်တည့်မှာ ရှိရမည့်အစား ဖုန်းပေါ်သို့ အာရုံရောက်နေခြင်းတို့က တစ်ချက် ထိုအချက်များက မည်သူမှမကြုံချင်ကြတဲ့ အနိဌာန်အာရုံတစ်ခုကို ဖြစ်ဖို့ အားပေးစေပါတယ်။ ယင်းတို့ကို မလွဲမသွေ အသုံးပြု ရမည်ဆိုရင် ကားကို လမ်းဘေးကိုချကာ ရပ်နားပြီး လုပ်ဆောင်ခြင်းကသင့်ကို လုံခြုံစိတ်ချရစေပါတယ်။

၃။အစားစားခြင်း

3

ဒါကတော့ ဟိုင်းဝေး ကားမောင်းနှင်မှုနဲ့ ဆိုင်ပါတယ်။ တကယ်ပါ။ သင့်ဟာ ဗိုက်ဆာလို့ မုန့်စားခြင်းကိုတော့ ဒီလိုကားပေါ်မှာ ဖြစ်သလို ဖြေရှင်းချင်မှာ မဟုတ်ပါဘူး။ သို့ပေမဲ့ သင်တကယ်တမ်း ဗိုက်ဆာလာတဲ့ အချိန်ကျရင် ဘေးနားမှာရှိနေတဲ့ မုန့် တစ်ခုခု ကို ကားမောင်းရင်းစားမိမှာ ကြိမ်းသေပါတယ်။ ဒါဟာ အန္တာရယ်များပါတယ်။ ကားမောင်းရာမှာ နည်းနည်းမှ အနှောင်အယှက် မဖြစ်စေဖို့ ဒီလိုအချက်တွေကစလို့ ဆင်ခြင်ရန်ရှိပါတယ်။ ဒါကြောင့် ဗိုက်ဆာလာတဲ့ အခါကျရင် ကားကို ကားပါကင် ခဏ ဖြစ်ဖြစ်ထိုးကာ ဖြေရှင်းလိုက်ပါလို့အကြံပေးချင်ပါတယ်။

၄။ ပင်ပန်းနွမ်းနယ်နေခြင်း

 

4ဒီအချက်ကအဆိုးဆုံးပါပဲ။ များသောအားဖြင့် ခရီးရှည်ဟိုင်းဝေးမောင်းနှင်တဲ့ နေရာမျိုးမှာ ပိုမိုကြုံတွေ့ရတတ်ပါတယ်။ သင်ဟာ တကယ်လို့ မောင်းနှင်နေစဉ်မှာ ပင်ပန်းနွမ်းနယ်ကာ အိပ်ချင်လာသလို ဖြစ်လာရင် မောင်းနှင်မှုကို ခဏနားပြီးမှ ပြန်လည်စတင် သင့်ပါတယ်။ ပင်ပန်းနေပြီးလို့ အချက်ပြနေတဲ့ သင့်ရဲ့ အာရုံကြောတွေကို အတင်းညစ်ကာ မခိုင်းသင့်ပါဘူး။ သင့်ရဲ့ ခေါင်းမာမှု ကြောင့် မလိုလားအပ်တဲ့ အရာတွေကို မဖြစ်ပါစေနဲ့။

၅။ တစ်စုံတစ်ခုကို ဖြတ်ခနဲကြည့်မိခြင်း

လမ်းပေါ်မှာ ကားမောင်းသွားရင်းက သင်စိတ်ဝင်စားမိတဲ့ အကြောင်းအရာတစ်ခု ဖြတ်ခနဲတွေ့လိုက်တယ်ဆိုပါစို့။ သင် ဟာ မဖြစ်မနေ လှမ်းကြည့်မိမှာ သေချာပါတယ်။ တကယ်လို့ အဲဒီလိုဖြစ်ခဲ့မယ်ဆိုလျှင် ကားကိုမောင်းနေရာက လမ်းလေးတစ်ဘက် တစ်ချက်ကို ကပ်ကာ အရှိန်လျော့ရပ်တန်းပြီး ကြည့်ပါ။ ဒါဟာသေချာတဲ့ ကြိုတင်ကာကွယ်မှု တစ်ခုဖြစ်ပါတယ်။မောင်းနှင်နေချိန်မှာတော့ ကိုယ်မျက်စိရှေ့ တည့်တည့်ကိုသာ အာရုံစိုက်ထားသင့်ပါတယ်။

ဒီအချက်တွေကတော့ အန္တာရယ်ကင်းအောင် ရှောင်ကြည်ရမဲ့ အချက်တွေထဲက အချို့အနည်းသာ ရှိပါသေးတယ် ။ အကောင်းဆုံးကတော့ သင့်ရဲ့ အသိတွေ ၊ အာရုံတွေ၊ သတိတွေကို ယာဉ်မောင်းနှင်ခြင်းအပေါ်မှာ အပြည့်အဝ အလေးပေး ထားရမှာဖြစ်ပါတယ်။ ဘယ်အလုပ်ပဲလုပ်လုပ် ၊ အလုပ်တစ်ခုအပေါ်အာရုံစိုက်ကာ တစ်စိုက်မတ်မတ် လုပ်မှသာ အကောင်းဆုံး အခြေအနေကို ရောက်ရှိနိင်မှာ ဖြစ်ပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *