Business, News

နိုင်ငံတကာအဆင့်မီ Hintha Business Centre ဖွင့်ပြီ

ပြည်တွင်းပြည်ပ စီးပွားရေး လုပ်ငန်းရှင်များအတွက် အချိန်ပိုင်းဖြစ်စေ၊ ကာလအကန့်အသတ်မရှိ ဖြစ်စေ ရုံးခန်းငှားရမ်း အသုံးပြုနိုင်ရန် နိုင်ငံတကာအဆင့်မီ အမေရိကန် ဒေါ်လာတစ်သန်း အကုန်အကျခံ တည်ဆောက်ထားသည့် Hintha Business Centre ဖွင့်လှစ်လိုက်ပြီဟု သိရသည်။ ယင်း Business Centreတွင် ရုံးခန်းငှားရမ်းခြင်းအပြင် ရုံးခန်းတစ်ခု အသွင်အပြင် ဖြစ်စေရန် အခြား ၀န်ဆောင်မှုများပါ ထည့်သွင်း ပေးထားပြီး တစ်ရက်၊ တစ်ပတ်၊ တစ်လ (သို့မဟုတ်) တစ်လထက်ပို၍ ကုမ္ပဏီ၏ လိုအပ်ချက်အပေါ် မူတည်ပြီး ငှားရမ်း အသုံးပြု နိုင်မည်ဟု ဆိုသည်။

“မြန်မာနိုင်ငံမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမယ့်သူတွေ နောက်ပိုင်း သိပ်များလာကြမှာပါ။ သူတို့လို ကာလတစ်ခုပဲ လာမယ့်သူတွေအတွက် ရုံးခန်း လာဖွင့်နိုင်အောင် ရည်ရွယ်ပြီး ဖွင့်လှစ်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ကာလကိုလည်း သတ်မှတ်ထားခြင်း မရှိပါဘူး”ဟု Hinthaမှ ဒါရိုက်တာ Catherine Smitက ပြောသည်။

အဆိုပါ စင်တာသည် ပန်းပဲတန်းမြို့နယ်၊ ကုန်သည်လမ်း၊ အမှတ် (၆၀၈)တွင် တည်ရှိကာ တစ်လလျှင် ပျမ်းမျှငှားရမ်းခမှာ စတုရန်းတစ်ပေလျှင် အမေရိကန် ဒေါ်လာ ၈၀ခန့် သတ်မှတ်ထားပြီး ငှားရမ်းသူမှ အခြားသော ၀န်ဆောင်မှုများ အသုံးပြုခြင်းပေါ် မူတည်၍ ဈေးနှုန်းသတ်မှတ်ထားခြင်း ဖြစ်သည်ဟု သိရသည်။

“ဒီ Business Centreမှာ ရုံးခန်းငှားပြီဆိုကတည်းက ရုံးတစ်ရုံးမှာရှိရမယ့် Fascilities ပါမှာပါ။ တယ်လီဖုန်းလိုင်း အင်တာနက်တို့က အစပေါ့။ နောက်ပြီး အချိန်ပိုင်း အစည်းအေ၀း လုပ်ချင်တဲ့ သူတွေအတွက်လည်း ၀န်ဆောင်မှု ပေးနိုင်အောင် ဆောင်ရွက်ထားပါတယ်”ဟု ၄င်းက ထပ်မံပြောကြားသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *