Featured, Review

Inmarsatက ဥရောပ ဝေဟင်ရှိ လေယာဉ်ပျံများကို WiFi ၀န်ဆောင်မှု ပေးမည်။

Inmarsatက ဥရောပ ဝေဟင်ရှိ လေယာဉ်ပျံများကို WiFi ၀န်ဆောင်မှု ပေးမည်

ဗြိတိန် Satelliteကုမ္ပဏီ Inmarsatက ဥရောပတစ်လွှား ပျံသန်းမောင်နှင်မယ့် လေယာဉ်ပျံများမှာ အင်တာနက် ၀န်ဆောင်မှုပေးဖို့ အစီအစဉ်ကို ကြေညာလိုက်ပါတယ်။ Inmarsatရဲ့ နည်းပညာမှာ မြေပြင်မှဝေဟင်သို့ အင်တာနက် ထုတ်လွှင့်ပေးမယ့် Air-to-Ground Networkများနဲ့ Europasatလို့ ခေါ်တဲ့ S-band Satelliteကို အသုံးပြုမှာ ဖြစ်ပါတယ်။ Air-to-Ground Networkများက လေယာဉ်ပျံများကို အင်တာနက် ထုတ်လွှင့်ပေးမှာ ဖြစ်ပြီး Europasat Satelliteက တာဝါများရဲ့ အင်တာနက် ထုတ်လွှင့်မှုကို စဉ်ဆက်မပြတ်ဖြစ်စေဖို့ Systemကို ထိန်းကျောင်းပေးမှာ ဖြစ်ပါတယ်။ အဲဒီအတွက် ခရီးသည်များက WiFiကို မပြတ်တမ်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Inmarsatဟာ မတ်လမှာ Malaysia Airlines MH 370ရဲ့ ဂြိုလ်တု သတင်းအချက်အလက်များကို ပေးအပ်ခဲ့တဲ့အတွက် လူသိများထင်ရှားလာပါတယ်။ Inmarsatက သူ့ရဲ့ Ground-to-Air Networkနဲ့ S-band Satelliteတို့ကို အသုံးပြုတဲ့ လေယာဉ်ပျံများဟာ ဥရောပဝေဟင်မှ ထွက်ခွာသွားရင်လည်း အင်တာနက်လိုင်းပြတ်တောက်မှာ စိတ်ပူစရာမလိုဘဲ Inmarsatရဲ့ အင်တာနက်လိုင်းတစ်ခု ဖြစ်တဲ့ Global Xpress Serviceကို ဆက်လက်အသုံးပြုနိုင်အုံးမယ်လို့ ပြောပါတယ်။ Inmarsatက သူ့ရဲ့ ၀န်ဆောင်မှုကို ၂၀၁၆ အကုန်မှာ စတင်မယ်လို့ ပြောပါတယ်။

Inmarsatရဲ့ CEO ဖြစ်သူ Rupert Pearceက မြောက်အမေရိကဟာ လေယာဉ်မှာ အင်တာနက်၀န်ဆောင်မှုပေးတဲ့ ကဏ္ဍမှာ ဦးဆောင်နေတယ်လို့ ၀န်ခံလိုက်ပါတယ်။ သူက အမေရိကန်ရှိ Gogoရဲ့ Air-to-Ground Networkနဲ့ AT&Tတို့ရဲ့ ၀န်ဆောင်မှုကို ထောက်ပြခဲ့ပါတယ်။ လေယာဉ်မှာ အင်တာနက် ၀န်ဆောင်မှုပေးတဲ့ လုပ်ငန်းဟာ ၂၀၂၀ မှာ ဒေါ်လာသန်းထောင်ချီတန်တဲ့ စီးပွားရေးလုပ်ငန်း ဖြစ်လာမယ်လို့ ဟောကိန်းထုတ်ပါတယ်။

“EU Telecom အာဏာပိုင်များရဲ့ ထောက်ပံ့မှုနဲ့ Inmarsatဟာ ဥရောပတစ်လွှားမှ မြန်နှုန်းမြင့် လေယာဉ်ပျံများမှာ အင်တာနက် ၀န်ဆောင်မှုပေးနိုင်တော့မှာ ဖြစ်ပါတယ်။ ဥရောပလေကြောင်းလိုင်း များစွာကလည်း အဲဒီ၀န်ဆောင်မှုကို လိုချင်နေကြပြီး ကျွန်တော်တို့ဟာ British Airwaysနဲ့လည်း ဆွေးနွေးမှုတွေ ပြုလုပ်နေပြီဆိုတာကို ကြေညာဖို့ လွန်စွာ ၀မ်းမြောက်နေပါတယ်။” လို့ Inmarsatက ပြောပါတယ်။

Inmarsatဟာ ဥရောပဝေဟင်မှာ အင်တာနက် ၀န်ဆောင်မှုပေးရုံသာမက အင်တာနက် အမြန်နှုန်းကိုလည်း စဉ်ဆက်မပြတ်တိုးမြှင့်ပေးမှာ ဖြစ်သလို လေကြောင်းလိုင်းတွေရဲ့ WiFi ၀န်ဆောင်ခကိုလည်း လျှော့ချပေးမှာ ဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *