ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်းတို့မှ ပူးပေါင်းကျင်းပမည့် ICT Products,Solutions & Edu Fair 2014ကို ပြခန်းပေါင်း (၁၂၀) ကျော်ဖြင့် ၂၀၁၄ ခုနှစ် ဇူလိုင်လ ၂၅ ရက်မှ ၂၇ ရက်နေ့အထိ ၃ ရက်တိုင်တိုင် ရန်ကုန်မြို့၊ ဦး၀ိစာရလမ်းရှိ တပ်မတော်ခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။
ပြပွဲကို ယခင်ပွဲများနှင့်မတူဘဲ နောက်ဆုံးပေါ်ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများပြသမည့် Products Zone, Online Banking အပါအ၀င် ICT Solutions များပြသမည့် Solution Zone , နိုင်ငံတကာအဆင့်မီကွန်ပျူတာ သင်တန်းကျောင်းများပြသမည့် Education Zone ဟူ၍ သုံးပိုင်းခွဲကာပြသွားမည်ဖြစ်သည်။ ထို့အပြင် ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်၊ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ် (ဗဟန်းနယ်မြေ)၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ သင်တန်း (ICTTI IMCEITS Training ) များမှ ကျောင်းသား၊ကျောင်းသူများ၏ ပရောဂျက်များ၊ နည်းပညာပြကွက်များ လည်းပါဝင်မည်ဖြစ်သည့်အတွက် နည်းပညာစိတ်ပါဝင်စားသူများ အနေဖြင့် လေ့လာနိုင်မည်ဖြစ်သည်။ ပြပွဲအထူးအစီအစဉ်များအနေဖြင့် စျေးလျှော့ပေးသည့် အစီအစဉ်များအပြင် အခမဲ့သောက်သုံးနိုင်မည့် Coffee Counter , အခမဲ့စီးနင်းနိုင်သည့် Shuttle Busနှင့် အိုင်တီကုမ္ပဏီများသို့ အခမဲ့အလုပ်လျှောက်နိုင်မည့် Job Opportunities အစီအစဉ်များ ပါဝင်မည်ဖြစ်သည်။