Education, Lifestyle, News

အောက်စဖို့ဒ်တက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ်တို့ ပညာရေးပူးပေါင်းဆောင်ရွက်ရန်သဘောတူညီမှုရ

အောက်စဖို့ဒ်တက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ်တို့ ပညာရေးပူးပေါင်းဆောင်ရွက်ရန်သဘောတူညီမှုရ

ဗြိတိန်ရှိ အောက်စဖို့ဒ် တက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ်တို့ ပညာရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်ရန် ဇူလိုင် ၁၅ရက်တွင် နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးလိုက်ကြောင်း ရန်ကုန်တက္ကသိုလ် ပါမောက္ခ ဒေါက်တာအောင်သူက ပြော သည်။

ကျောင်းသားဖလှယ်ခြင်း၊ ပညာရေး၀န်ထမ်းဖလှယ်ခြင်း၊ ဧည့်ပါမောက္ခများ စေလွှတ်ခြင်းနှင့် ပညာသင်ဆုချီးမြှင့်ခြင်း အစီအစဉ်များဆောင်ရွက်နိုင်ရန် ဗြိတိန်ရှိတက္ကသိုလ်တစ်ခုနှင့် ပထမဆုံးအနေဖြင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်း ဖြစ်သည်။

‘‘ကျွန်တော်တို့ဆီက ဒုတိယ ပါမောက္ခချုပ်နှစ်ဦး၊ ပါမောက္ခချုပ် ငါးဦးနှင့် စာကြည့်တိုက်မှူးတစ်ဦးတို့ အောက်စဖို့ဒ်တက္ကသိုလ်ကို သွားလေ့လာပြီးပါပြီ။ ဇူလိုင် ၁၆ ရက်မှာ အောက်စ်ဖို့ဒ်တက္ကသိုလ်က ပညာရှင်က ရန်ကုန်တက္ကသိုလ်မှာ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဟောပြောပွဲလုပ်ပါမယ်။ ဧည့်ပါမောက္ခတွေလည်း စေလွှတ်ဖို့ရှိပါတယ်။ အင်္ဂလန်က တက္ကသိုလ်တစ်ခုနဲ့ ပထမဆုံးအကြိမ်နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးတာပါ’’ ဟု ရန်ကုန်တက္ကသိုလ်၊ ပါမောက္ခချုပ် ဒေါက်တာအောင်သူကပြောသည်။ အောက်စဖို့ဒ်တက္ကသိုလ်မှ ဆရာတစ်ဦးနှင့် မဟာတန်းကျောင်းသား ၈ ဦးတို့သည် ဇူလိုင် ၄ ရက်က ရန်ကုန်တက္ကသိုလ်သို့ ရောက်ရှိနေပြီး တစ်လကြာနေထိုင်ကာ ပညာရေးဖလှယ်မှုများ ဆောင် ရွက်မည်ဟု ဆိုသည်။

ရန်ကုန်တက္ကသိုလ်တွင် နိုင်ငံတကာမှ ပညာရှင်များအပတ်စဉ် လာရောက်ကာ ပညာရပ်ဆိုင်ရာဟောပြောပို့ချပွဲများ ကျင်းပပြီး ကျောင်းသား၊ ကျောင်းသူများအတွက် နိုင်ငံတကာအသိအမြင်များ ရရှိနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

သမ္မတ ဦးသိန်းစိန်အစိုးရက ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့သော ရန်ကုန်တက္ကသိုလ်သည် နိုင်ငံတကာပံ့ပိုးကူညီမှုအများဆုံးရရှိနေ သော တက္ကသိုလ်တစ်ခုဖြစ်ပြီး ဂျာမနီနိုင်ငံမှ ကိုလုံးတက္ကသိုလ်၊ သြစတြေးလျအမျိုးသားတက္ကသိုလ်၊ ဂျပန်နိုင်ငံမှ နဂိုယာတက္ကသိုလ်၊ အမေရိကန်နိုင်ငံရှိ ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်စသည့် နိုင်ငံတကာ ပညာရေးအဖွဲ့အစည်း ၁၃ ခုနှင့် ပညာရေးဆိုင်ရာ ပူးပေါင်းမှုများ ဆောင်ရွက်နေသည်။

လွန်ခဲ့သောပညာသင်နှစ်က ပြန်လည်ဖွင့်လှစ်ခဲ့သော ရန်ကုန် တက္ကသိုလ်တွင် နိုင်ငံတကာဆက် ဆံရေးပညာဘာသာရပ်အတွက် ဘွဲ့ကြိုးကျောင်းသား ၆၃ ဦး အများဆုံးဖြင့် စုစုပေါင်းကျောင်းသား ၁၀၆၂ ဦးကို ကျောင်း၀င်ခွင့် လက်ခံခဲ့သည်။ ယင်းနှစ် ကျောင်း၀င်ခွင့်တွင် အင်္ဂလိပ်စာဘာသာ ရပ်အတွက် တက္ကသိုလ်၀င်စာ မေးပွဲအနည်းဆုံးရမှတ် ၄၈၉ မှတ်နှင့် တက္ကသိုလ်၀င်စာမေးပွဲအမှတ်အနည်းဆုံးအဖြစ် သမိုင်းနှင့် မနုဿဗေဒဘာသာရပ်အတွက် အနည်းဆုံးရမှတ် ၃၇၀ မှတ်ရရှိ သူများ ၀င်ခွင့်ရရှိခဲ့သည်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *