News

Huawei က MediaPad X1 နဲ့ MediaPad M1 Android Tablets များကို ပြသ

Huawei က MediaPad X1 နဲ့ MediaPad M1 Android Tablets များကို ဘာစီလိုနာ နိုင်ငံမှာ ဒီနေ့ကျင်းပပြုလုပ်တဲ့ Mobile World Congress မှာ ပြသလိုက်ပါတယ်။

MediaPad X1 မှာ ခုနစ်လက်မအရွယ် 1080p HD Display တပ်ဆင်ထားပြီး တစ်လက်မလျှင် Pixel သိပ်သည်းဆ (၃၂၃) ပါရှိပါတယ်။ 1.6GHz Quad-Core Processor တပ်ဆင်ထားပါတယ်။ 16GB Internal Storage ပါရှိပါတယ်။ 4G LTE အသုံးပြုနိုင်ပြီး အလွန်အသုံးခံတဲ့ 5000mAh Battery တပ်ဆင်ထားပါတယ်။ နေ့စဉ် အသုံးပြုမယ်ဆိုရင်တောင် ငါးရက်ကြာ အသုံးခံတယ်လို့ Huawei က ပြောပါတယ်။ ဗီဒီယို ကြည့်မယ်ဆိုရင် (၁၅) နာရီ အသုံးခံပါတယ်။ အနောက်ဘက်ကင်မရာ ကို 13 Megapixel တပ်ဆင်ထားလို့ တက်ဘလက်အများစု ထက်ကောင်းမွန်ပါတယ်။ မျက်နှာချင်းဆိုင်မှာ 5 Megapixel Camera တပ်ဆင်ထားပါတယ်။ Huawei က Android OS ကို သူ့ကိုယ်ပိုင် Emotion UI ဆော့ဝဲပေါင်းစပ်ပြုပြင်ပေးထားပါတယ်။ Huawei က MediaPad X1 ကို Nexus 7 တက်ဘလက် နဲ့ ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားပါတယ်။ X1 မှာ 1920×1200 Pixel Display တပ်ဆင်ထားပါတယ်။ သယ်ယူရလွယ်ကူအောင်လည်း ပြုလုပ်ပေးထားပါတယ်။ အလေးချိန် က (၂၄၀) ဂရမ်သာရှိပါတယ်။ အထူက (၇.၁) မီလီမီတာ ဖြစ်ပါတယ်။ X1 ကို တရုတ်၊ ရုရှား၊ အနောက်ဥရောပ ၊ အရှေ့အလယ်ပိုင်း နဲ့ လက်တင်အမေရိက တို့မှာ မတ်လ မှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။

Huawei MediaPad M1 မှာ ရှစ်လက်မအရွယ် 1280×800 Pixel HD IPS Display တပ်ဆင်ထားပါတယ်။ မျက်နှာချင်းဆိုင်မှာ စပီကာ နှစ်ခုတပ်ဆင်ထားပါတယ်။ ဗီဒီယို ကြည့်ရင် ဘက်ထရီ က ရှစ်နာရီ အသုံးခံပါတယ်။ X1 လိုပဲ M1 မှာ 4G အသုံးပြုနိုင်ပါတယ်။ အလေးချိန်က (၃၂၉) ဂရမ် ဖြစ်ပါတယ်။ အလူမီနီယမ် ကိုယ်ထည်ကို အသုံးပြုထားလို့ အနည်းငယ်လေးလံပါတယ်။ အနောက်ဘက်မှာ 5 Megapixel Camera နဲ့ မျက်နှာချင်းဆိုင်မှာ 1 Megapixel Camera တပ်ဆင်ထားပါတယ်။ M1 ကို ဧပြီ မတိုင်မီမှာ ရောင်းချပေးမှာဖြစ်ပါတယ်။ ဥရောပ ၊ ရုရှား ၊ အရှေ့အလယ်ပိုင်း ၊ တရုတ် ၊ ဂျပန် ၊ အာရှပစိဖိတ် ၊ သြစတေးလျ ၊ လက်တင်အမေရိက တို့မှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။ M1 ရဲ့ ဈေးနှုန်း က ယူရို (၂၉၉) ဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

One thought on “Huawei က MediaPad X1 နဲ့ MediaPad M1 Android Tablets များကို ပြသ

  1. Johnson Maung says:

    Slide any direction to unlock the Screen??????? what is that????

Leave a Reply

Your email address will not be published. Required fields are marked *