News

Huawei Ascend Y530 ကို ဗြိတိန်တွင် ရောင်းပြီ

ဇန်နဝါရီလက ထုတ်ဖော်ပြသခဲ့တဲ့ Huawei Ascend Y530 ကို ဗြိတိန်တွင် စတင်ရောင်းချပေးလိုက်ပြီဖြစ်ပါတယ်။ ဒေါ်လာ (၂၅၀) ဖြင့် ရောင်းချပေးတာဖြစ်ပါတယ်။ စတာလင်ပေါင်အားဖြင့် (၁၄၉.၉၅) ကျသင့်မှာဖြစ်ပါတယ်။ SIM Card မပါဘဲ ရောင်းချတာ ဖြစ်ပါတယ်။ Y530 က စွမ်းဆောင်ရည် အလယ်အလတ်ဖုန်းဖြစ်ပြီး ၄.၅ လက်မ အရွယ် 480×854 Pixels Display တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 5MP Camera နဲ့ မျက်နှာချင်းဆိုင်မှာ VGA Camera တပ်ဆင်ထားပါတယ်။ Dual-Core 1.2GHz Snapdragon 200 Processor, 512MB RAM, 4GB Internal Storage ပါရှိပါတယ်။ MicroSD Card အသုံးပြု နိုင်ပါတယ်။

ထူးခြားတာက Standard Android Interface ကို အသုံးပြုထားတာဖြစ်ပြီး Android OS မှာ Huawei ရဲ့ Emotion UI ဆော့ဝဲ ပေါင်းစပ်ပြုပြင်ထားခြင်းမရှိပါဘူး။ စမတ်ဖုန်းကို စတင် အသုံးပြုသူများအတွက် သင့်တော်ပါတယ်။ ဗြိတိန်မှာ နေထိုင်သူများ အတွက် Huawei Ascend Y530 ကို Argos ကနေ၀ယ်ယူနိုင်ပါတယ်။ Argos မှာ အနက်ရောင် ရောင်းချပေးနေပါတယ်။ မတ်လမှာတော့ Carphone Warehouse မှာ အနက် နဲ့ အဖြူ ၀ယ်ယူနိုင်မယ်လို့ သိရပါတယ်။ မကြာမီမှာ Y530 ကို အခြား နိုင်ငံများမှာ ရောင်းချပေးမှာဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *