News

Huawei ရဲ့ စမတ်လက်ကောက်

Huawei က ချပ်၀တ်တန်ဆာကွန်ပြူတာ ဈေးကွက်ထဲ ကို ၀င်ရောက်လာပါပြီ။ ကျွန်တော်တို့ နိုင်ငံမှာလည်း လူသုံးအများဆုံးဖြစ်တဲ့ နာမည်ကြီး တရုတ် စမတ်ဖုန်း ထုတ်လုပ်သူ Huawei က TalkBand B1 လို့ အမည်ပေးထားတဲ့ စမတ်လက်ကောက် ကို Mobile World Congress မှာ ပြသလိုက်ပါတယ်။ ၁.၄ လက်မအရွယ် ကွေးညွှတ်နိုင်တဲ့ OLED Display တပ်ဆင်ထားပါတယ်။

ကိုယ်လက်ကြံ့ခိုင်ရေးလှုပ်ရှားသူများအတွက် ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပါတယ်။ အသုံးပြုသူရဲ့ ခြေလှမ်းများ ၊ ခရီးသွားတဲ့အကွာအဝေးများ ကို မှတ်သားပေးနိုင်ပြီး နေ့စဉ် ကယ်လိုရီလောင်ကျွမ်းမှု ကို တိုင်းတာပေးနိုင်ပါတယ်။ Fitbit One လို Fitness Tracker နဲ့ ဆင်တူပြီး TalkBand B1 က အိပ်စက်မှု ကိုလည်း စောင့်ကြည့်ပေးနိုင်ပါတယ်။

အခြား Fitness Tracker များထက်ထူးခြားတာကတော့ Bluetooth 4.1 Earpiece ကို တပ်ဆင်ထားပြီး စမတ် လက်ကောက်ကနေ ဖုန်းပြောဆိုနိုင်တာဖြစ်ပါတယ်။ Android 2.3 နဲ့ သူ့အထက်က ဖုန်းတွေ ၊ iOS 5.0 နဲ့ သူ့အထက်ကဖုန်းတွေကို Support ပေးပြီး NFC ကို အသုံးပြုပြီး ကြိုးမဲ့ Sync လုပ်ပေးမှာဖြစ်ပါတယ်။

Huawei က စမတ်လက်ကောက်ကို ထုတ်လုပ်မယ်ဆိုတာ အရင်ထွက်ပေါ်ခဲ့တဲ့သတင်းတွေအရ သိရှိပြီး ဖြစ်ပေမယ့် အခုမှ Huawei က တရား၀င်ကြေညာတာဖြစ်ပါတယ်။ Huawei ရဲ့ အရာရှိ တစ်ယောက်က တရုတ် Social Network ဖြစ်တဲ့ Weibo မှာ စမတ်လက်ကောက် ရဲ့ ဓာတ်ပုံတစ်ပုံ ကို အရင်က ထုတ်ဖော်ပြသခဲ့ဖူးပါတယ်။ ဓာတ်ပုံမှာ “My new toy. Do you like this color?” ဆိုတဲ့ စာသားကိုလည်း ရေးသားထားပါတယ်။

TalkBand B1 စမတ်လက်ကောက် ကို တရုတ် ၊ ရုရှား ၊ ဂျပန် ၊ လက်တင်အမေရိက ၊ အရှေ့အလယ်ပိုင်း နဲ့ ဥရောပ နိုင်ငံအချို့မှာ မတ်လတွင် ရောင်းချမှာ ဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *