Huawei က Ascend G6 စမတ်ဖုန်း ကို ပြသလိုက်ပြီး စွမ်းဆောင်ရည် အလယ်အလတ်ဖုန်းဖြစ်ပါတယ်။ 4G အသုံးပြုနိုင်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ထုတ်လုပ်ခဲ့ပြီး ကမ္ဘာ့အပါးလွှာဆုံးလို့ Huawei က မိတ်ဆက်ခဲ့တဲ့ Ascend P6 နဲ့ ဒီဇိုင်း ဆင်တူပါတယ်။ Ascend G6 ရဲ့ အလေးချိန် က (၁၁၅) ဂရမ် ဖြစ်ပြီး အထူက (၇.၈၅) မီလီမီတာ ဖြစ်ပါတယ်။ Ascend P6 ရဲ့ အထူက (၆.၁၈) မီလီမီတာ ဖြစ်ပါတယ်။
Ascend G6 မှာ ၄.၅ လက်မအရွယ် Display တပ်ဆင်ထားပြီး 960×540 Resolution ဖြစ်ပါတယ်။ တစ်လက်မလျှင် Pixel သိပ်သည်းဆ (၂၄၅) ပါရှိပါတယ်။ Quad-Core 1.2GHz Processor နဲ့ 2000mAh Battery တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 8 Megapixel Camera နဲ့ 4G LTE အသုံးပြုနိုင်ပါတယ်။ 150 Mbps အမြန်နှုန်းနဲ့ အင်တာနက် အသုံးပြုနိုင်ပါတယ်။ 3G Version ကိုလည်း ထုတ်လုပ်ပေးထားတယ်လို့ သိရပါတယ်။
4G Version ကို အနက်ရောင် ၊ ရွှေရောင် ၊ အဖြူရောင် ထုတ်လုပ်ပေးထားပါတယ်။ ဧပြီလ မှာ စတင်ရောင်းချပေးမယ်လို့ သိရပါတယ်။ 3G Version ကို အနက်ရောင် ၊ အဖြူရောင် ၊ ပန်းရောင် ၊ ရွှေရောင် ထုတ်လုပ်ပေးထားပြီး ဧပြီ မတိုင်မီ ရောင်းချပေးမှာ ဖြစ်ပါတယ်။
Huawei က Ascend P7 နဲ့ ပတ်သက်ပြီးလည်း ဗီဒီယို တစ်ခု ပြုလုပ်ပြီး သတင်းအရိပ်အမြွက်ပေးထားပါတယ်။ P7 မှာ Apple ရဲ့ Siri လို ကိုယ်ရေးလက်ထောက်ပါလာမယ်လို့ မျှော်လင့်ရပါတယ်။