Mobile

အသစ်ထွက်လာမည့် HTC One X+ Smartphone

HTC One X+ Smartphone အသစ်ကို HTC မှ မိတ်ဆက်ပေးခဲ့ပါတယ်။ ဒါပေမယ့် ထွက်ရှိမယ့် အချိန်ကိုတော့ ဖော်ပြပေးထားခြင်း မရှိသေးပါဘူး။ မကြာသေးမီကမှ ကမ္ဘာကျော် မိုဘိုင်းကုမ္ပဏီများမှ Apple iPhone 5 နဲ့ Samsung Galaxy S3 Miniတို့ ထုတ်လုပ်ခဲ့ပြီး HTC One X+ စမတ်ဖုန်းသစ် ထွက်ရှိမယ့် ရက်ကို အားလုံးက စိတ်၀င်တစား စောင့်ကြည့်နေကြပါတယ်။ HTC ကတော့ One X+ ကို အမြင့်ဆုံး မြန်နှုန်းနဲ့ အကောင်းဆုံးဆိုတာတွေကို စွမ်းဆောင်ပေးနိုင်မယ့် Android phone ဖုန်းလို့ ဆိုထားပါတယ်။

Screen
Screen အရွယ်အစားက ၄.၇ လက်မ ရှိပြီး Gorilla Glass 2 အသုံးပြုထားတဲ့ LCD 2 Touch Screen ဖြစ်ပြီး HD 720p Resolution ရှိပါတယ်။ ဘတ်ထရီပါ အပါအ၀င် အလေးချိန်က ၁၃၅ ဂရမ် ရှိပါတယ်။ GSM နဲ့ WCDMA Network နှစ်ခုစလုံး အသုံးပြုနိုင်မည်ဖြစ်ပြီး Android OSကို အသုံးပြုထားတယ်လို့ ဆိုပါတယ်။ Android OS Version အတိအကျကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။

Performance & Speed
ဒီဖုန်းမှာ အဓိက တိုးမြှင့်ထားတဲ့ Feature တွေကတော့ Speed မြန်နှုန်းပိုင်း၊ Data သိမ်းဆည်းနိုင်မှု Storage ပိုင်း၊ ကြာရှည်အသုံးခံနိုင်မှု Battery Life Time ဆိုတာတွေ ကို တိုးမြှင့်ထားတယ်လို့ သိရပါတယ်။ မြန်နှုန်းပိုင်းအတွက် 1.7GHz Quad-core Processor အသုံးပြုထားတာကြောင့် အင်တာနက် အသုံးပြုရာမှာ 67% ပိုမို မြန်တယ်လို့ ဆိုပါတယ်။ သီချင်းတွေ၊ ဂိမ်းတွေ များများ သွင်းပြီး ဆော့ကစားနိုင်ဖို့အတွက် Internal Memory Storageကို 64GB အထိ အသုံးပြုနိုင်အောင် လည်း ပြုလုပ်ပေးထားတာ တွေ့ရပါတယ်။ ပါဝါအား သက်သာစေမယ့် ဘတ်ထရီ အမျိုးအစားကို ထည့်သွင်းပေးထားတာကြောင့် Battery Life Timeကို 50% နှင့် ပိုမို ကြာရှည်စွာ သုံးစွဲနိုင်မယ်လို့ HTCက ဆိုထားပါတယ်။

အံသြဖွယ်ရာ ကင်မရာ Feature များ
ဓာတ်ပုံ Crazy သမားများအတွက် စိတ်ကျေနပ်စေမယ့် ကင်မရာ Feature တွေကို ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။ တစ်ချက်တည်း နှိပ်လိုက်ရုံနဲ့ တစ်စက္ကန့်ကို ဓာတ်ပုံ ၄ ပုံ ဖမ်းယူ ရိုက်ကူးနိုင်မယ့် One-Press Continuous Shooting Mode ပါ၀င်တာကြောင့် အဖိုးမဖြတ်နိုင်တဲ့ ဓာတ်ပုံတွေကို တစ်စက္ကန့်မှ မလွတ်စေဘဲ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ HTCမှ အထူး ပြုလုပ်ထားတဲ့ VideoPic Modeနဲ့ HD အရည်အသွေးရှိတဲ့ Videoကို ဆက်တိုက် ရိုက်ကူးနိုင်တယ်လို့ သိရပါတယ်။ ကင်မရာက 8 MP အရည်အသွေး ရှိပြီး ဖုန်းအရှေ့ပိုင်းမှာ 1.6 MP ရှိတဲ့ Secondary ကင်မရာ ထည့်သွင်းပေးခြင်းက Video Callအတွက်များစွာ အထောက်အပံ့ပေးနိုင် ပါတယ်။

Beats Audio built in ပါ၀င်
HTC One X+ မှာ ကင်မရာပိုင်းမှာတင်မက အသံအရည်အသွေးပိုင်းမှာပါ နည်းပညာပိုင်း တိုးမြှင့်ထားတာ တွေ့ရပါတယ်။ Beats Audio built in ပါ၀င်တဲ့အတွက် Bass သံနက်ရှိုင်းပြီး တက်ကြွတဲ့ Vocals သံများနားဆင်နိုင်မည့်အပြင် အသံ Notes အနိမ့်အမြင့် အတက်အကျကို အသေးစိတ် ဖော်ပြပေးနိုင်တယ်လို့ ဆိုပါတယ်။
အဲဒီ Sound System က Audio ပိုင်းမှာသာမက Game, Movie နဲ့ Video ပိုင်းမှာပါ အကောင်းဆုံး စွမ်းဆောင်ပေးနိုင်တယ်လို့ သိရပါတယ်။

TV နဲ့ ချိတ်ဆက်နိုင်
HTC Watch 2.0 ပါ၀င်တာကြောင့် Movieတွေ၊ Show တွေကို Onlineကနေ ၀ယ်ယူ ငှားရမ်းနိုင်တယ်လို့ သိရပါတယ်။ HTC Media Link HD စနစ်ကို ထည့် သွင်းပေးထားတဲ့အတွက် မည်သည့် HD TV နဲ့မဆို Wireless ချိတ်ဆက်ကာ Movie နဲ့ Show တွေကို TV ဖန်သားပြင်ပေါ်မှာ အပြည့်အ၀ ကြည့်ရှုနိုင်တယ်လို့ ဆိုထားပါတယ်။ HTC ရဲ့ ပြောကြားချက်အရတော့ One X+ က အရမ်းကို နည်းပညာပိုင်း မြင့်မားနေပါတယ်။ ဒါ့ကြောင့် ဘယ်အချိန် ထွက်ရှိလာမလဲ၊ တန်းဖိုး ဘယ်လောက် ရှိမလဲဆိုတာ ဆက်လက် စောင့်ကြည့်ရအောင်။

author-avatar

About Myo Zin

အမည်ရင်းမှာ မျိုးဇင်ကိုဖြစ်ပြီး Myanmar ICTတွင် နည်းပညာသတင်းများ၊ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းစသည့် IT ပစ္စည်းများအကြောင်း ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *