News

HTC One ရဲ့ မျိုးဆက် HTC One M8 ကို ရောင်းပြီ

HTC က စွမ်းဆောင်ရည်မြင့် HTC One ရဲ့ မျိုးဆက် ဖြစ်တဲ့ HTC One M8 ကို တရား၀င်ကြေညာလိုက်ပါတယ်။ ဗြိတိန် မှာ စတင်ရောင်းချပေးလိုက်ပြီဖြစ်ပါတယ်။ ဟန်းဆက် အသစ် ကို HTC One M8 လို့ တရား၀င်ကြေညာလိုက်ပြီး အရင် HTC One ကို HTC One M7 အမည်နဲ့ ခွဲခြားရောင်းချပေးမှာဖြစ်ပါတယ်။

မျိုးဆက်သစ်မှာ တိုးတက်ကောင်းမွန်မှုများစွာ ပါရှိလာပါတယ်။ HTC One M8 မှာ 2.3GHz Quad-Core Qualcomm Snapdragon 801 Processor မောင်းနှင်လည်ပတ်မှာဖြစ်ပါတယ်။ 2GB RAM တပ်ဆင်ထားပါတယ်။ HTC One ထက်ပိုမိုကြီးမားတဲ့ ငါးလက်မအရွယ် 1920×1080 Resolution Display ကို HTC One M8 မှာ တပ်ဆင်ထားပါတယ်။ တစ်လက်မတွင် Pixel သိပ်သည်းဆ ၄၄၁ ပါရှိတဲ့အတွက် ရုပ်ထွက်အလွန်ကြည်လင်ပြတ်သားမှာ ဖြစ်ပါတယ်။

Android 4.4 ကို HTC ရဲ့ Sense 6.0 နဲ့ တွဲဖက် အသုံးပြုထားပါတယ်။ Sense 6.0 မှာ နောက်ဆုံးထုတ် BlinkFeed ပါရှိပါတယ်။ အထူးခြားဆုံး က ဖုန်းရဲ့ အနောက်ဘက်မှာ ကင်မရာ နှစ်လုံး တပ်ဆင်ထားတာဖြစ်ပါတယ်။ Duo Camera လို့ HTC က ခေါ်ပါတယ်။ မျက်နှာချင်းဆိုင်မှာ 5 Megapixel Camera တပ်ဆင်ထားပြီး 1080p အရည်အသွေး ဗီဒီယို တွေကို ရိုက်ကူးပေးနိုင်ပါတယ်။

ဖုန်းကို အလူမီနီယမ် ကိုယ်ထည်နဲ့ ကာရံထားတဲ့အတွက် ထိခိုက်မှုတွေကို ခံနိုင်ရည်ရှိပါတယ်။ အရွယ်အစားအပြည့်အစုံ က 146.36 x 70.6 x 9.35mm ဖြစ်ပြီး ၁၆၀ ဂရမ် အလေးချိန် ရှိပါတယ်။ အညိုရောင်၊ ငွေရောင် နဲ့ ရွှေရောင် သုံးမျိုး ထုတ်လုပ်ပေးထားပါတယ်။

Motion Launch စွမ်းဆောင်ချက်အသစ်ပါရှိလာပါတယ်။ ဖုန်းမျက်နှာပြင် ပေါ်မှာ နှစ်ချက်နှိပ်ရင် Wake / Sleep လုပ်ပေးမှာဖြစ်ပါတယ်။ ဘယ်ဘက်ကနေ ညာဘက် ကိုပွတ်ဆွဲရင် BlinkFeed ကိုဖွင့်ပေးနိုင်ပြီး နောက်ထပ် Gesture တွေကိုလည်း အသုံးပြုနိုင်ပါတယ်။

HTC One M8 မှာ Nano SIM Card အသုံးပြုနိုင်ပါတယ်။ Bluetooth 4.0, 4G LTE, NFC, DLNA, HTC Connect စတဲ့ ဆက်သွယ်မှုတွေ အသုံးပြုနိုင်ပါတယ်။ တီဗီတွေကို ထိန်းချုပ်ဖို့ IR Remote Control ပါရှိပါတယ်။ အရှေ့ဘက်မှာ BoomSound နည်းပညာပါရှိတဲ့ စပီကာတွေ တပ်ဆင်ထားပါတယ်။ 2600mAh Battery တပ်ဆင်ထားပါတယ်။ နာရီ နှစ်ဆယ်ကြာဖုန်းပြောဆိုနိုင်ပါတယ်။ Qualcomm ရဲ့ Fast Charge နည်းပညာ က တစ်နာရီအတွင်းမှာ ၈၀ ရာခိုင်နှုန်း အားဖြည့်ပေးနိုင်ပါတယ်။

သာမာန် Flip Case အပြင် ရာသီဥတု အခြေအနေ၊ အချိန်နာရီ တွေကို အစက်အပြောက် အနေနဲ့ မြင်တွေ့နိုင်တဲ့ Dot View Case စတဲ့ Accessories တွေကိုလည်း ရောင်းချပေးနေပါတယ်။ HTC One M8 ကို ဒေါ်လာ ၆၄၉ ဖြင့်ရောင်းချပေးနေပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *