News

HTC က စွမ်းဆောင်ရည် အလယ်အလတ်အဆင့် ရှိတဲ့ Desire 816 ကို ကြေညာ

HTC က စွမ်းဆောင်ရည် အလယ်အလတ်အဆင့်ရှိတဲ့ Desire 816 ကို ကြေညာလိုက်ပြီး Sense 5.5 ကိုလည်း Sense 6.0 သို့ အဆင့်မြှင့်တင်ပေးမယ်လို့ သိရပါတယ်။

စွမ်းဆောင်ရည် အလယ်အလတ် အဆင့်ရှိတဲ့ HTC Desire 816 တွင် ၅.၅ လက်မအရွယ် (1280 x 720) Pixels Display နဲ့ 1.6GHz Quad-Core Qualcomm Snapdragon 400 Processor တပ်ဆင်ထားပါတယ်။ 1.5GB RAM နဲ့ 4G LTE ဆက်သွယ် အသုံးပြုနိုင်ပါတယ်။

Desire 816 တွင် Sense 5.5 ကို အသုံးပြုမှာဖြစ်ပြီး ဖုန်းရဲ့ Home Screen မှာ Social Media များနှင့် အခြားသတင်းများကို ပြသပေးမယ့် BlinkFeed စွမ်းဆောင်ချက် ပါရှိပါတယ်။

အနောက်ဘက်တွင် 13-Megapixel ကင်မရာနဲ့ မျက်နှာချင်းဆိုင်တွင် 5-Megapixel ကင်မရာ တပ်ဆင်ထားပြီး HTC ရဲ့ cool Zoe Camera စွမ်းဆောင်ချက်ပါရှိပြီးတော့ HTC One မှာလိုပဲ ဓာတ်ပုံတွေကို် ဗွီဒီယို အလိုအလျောက် ပြုလုပ်ပေးနိုင်ပါတယ်။

Sense 5.5 အသုံးပြုထားတဲ့ HTC Desire 816 ကို မတ်လတွင် တရုတ်ပြည်မှာ စတင် ရောင်းချပေးမှာ ဖြစ်ပါတယ်။ ဧပြီလတွင် တစ်ကမ္ဘာလုံးရောင်းချပေးမှာဖြစ်ပါတယ်။ HTC One ရဲ့ မျိးဆက်ကို ရောင်းချမယ့် မတ်လ(၂၅)ရက်နေ့မှာ HTC Sense 6.0 ကို အဆင့်မြှင့် တင်ပေးမယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

HTC Desire 816 ရဲ့ အရှေ့ဘက်မျက်နှာချင်းဆိုင်တွင် HTC ရဲ့ BoomSound နည်းပညာပါရှိပြီး Speaker နှစ်လုံးတပ်ဆင် ထားပါတယ်။ အဲဒီအတွက် အသံအရည်အသွေး ကောင်းမွန်မှာ ဖြစ်ပါတယ်။

HTC Desire 816 တွင် 8GB Internal Storage ပါရှိပြီး MicroSD Card လည်း ထည့်သွင်း အသုံးပြုနိုင်ပါတယ်။

HTC Desire 816 ဟာ စွမ်းဆောင်ရည် အလယ်အလတ်အဆင့်ရှိတဲ့ ဖုန်းတွေထဲမှာတော့.ထူးခြားဆန်းသစ်တဲ့ စမတ်ဖုန်းတစ်လုံး ဖြစ်တယ်လို့ HTC ရဲ့ CEO ဖြစ်တဲ့ Peter Chou က ပြောပါတယ်။

HTC Desire 816 က စျေးသက်သာတဲ့ စမတ်ဖုန်းစျေးကွက်မှာတော့ စိန်ခေါ်နိုင်မှာ ဖြစ်ပါတယ်။ ထူးခြားဆန်းသစ်တဲ့ ဒီဇိုင်းနဲ့ မြင့်မားတဲ့ စွမ်းဆောင်ရည် တွေကို် မယုံကြည်နိုင်လောက်အောင် သက်သာတဲ့ စျေးနှုန်းနဲ့ ရရှိမှာ ဖြစ်ပါတယ်။

စျေးနှုန်းကိုတော့ ပြောကြားခြင်း မရှိသေးပါဘူး။ မတ်လတွင် တရုတ်နိုင်ငံမှာ ရောင်းချပေးမှာ ဖြစ်ပြီး ဧပြီလတွင် တစ်ကမ္ဘာလုံးမှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

One thought on “HTC က စွမ်းဆောင်ရည် အလယ်အလတ်အဆင့် ရှိတဲ့ Desire 816 ကို ကြေညာ

  1. Johnson Maung says:

    iPhone 5C နဲ့တူလိုက္တာကြယ္…

Leave a Reply

Your email address will not be published. Required fields are marked *