Desktop, News, Review

HP Slate 21 (All In One)

HP Slate 21 (All In One)

ယခုတစ်ပတ် မိတ်ဆက်ပေးမည့် ပစ္စည်းကတော့ HP Product များကို တရားဝင်ဖြန့်ချီနေသော Royal Smart Co., Ltd. မှ အသစ်ထပ်မံတင်သွင်းလိုက်သည့် Android အသုံးပြု HP Slate (Touch) နှင့် မိတ်ဆက်ပေးမှာ ဖြစ်ပါသည်။ အဖြူ ရောင်အဆင်း ရှိ၍ လက်၏ထိတွေ့မှုကိုလျှင်မြန်စွာ တုန့်ပြန်နိုင်သော HP Slate သည် (21.5”) လက်မ မျက်နှာပြင်အကျယ် ရှိ၍ လက်နှစ်ချောင်း၏ ထိတွေ့မှုကို အာရုံခံစားနိုင်ပြီး IPS Widescreen Full HD (1920 x 1080 ) LED Backlitအမြင် ခံစားမှုရသကို ပေးစွမ်းမှာဖြစ်ပါသည်။ Touch အပြင် စာရိုက်ခြင်းနှင့် ဒီဇိုင်းရေးဆွဲခြင်းများအတွက် USBOptical Mouse နှင့် USB Keyboard ပါတွဲလျှက်ပါရှိမှာ ဖြစ်ပါသည်။ Memory အားဖြင့် 1GB 800 MHz DDR3ပါရှိ၍ Processor အားဖြင့် NVIDIA® Tegra® Quad-Core T4OS (1.6 GHz, 2 MB L2 Cache, 4 Cores)Processor ကို အသုံးပြုထားသည့်အတွက် ရုပ်ထွက်ပိုင်းဆိုင်ရာတွင် ပြတ်သားသလို စွမ်းဆောင်ရည်ပိုင်းတွင်လည်း လျှင်မြန်သွက်လက်စေမှာ ဖြစ်ပါသည်။ Chipset မှာ ARM Cortex – A15 MP Core နှင့် Android 4.2 (Jelly Beam) အပြင် Webcam မှာ HP True vision HD Webcam 720P HD with built-in micropones ကို အသုံးပြုပေးထားပါသည်။ USB 2.0 (3 Ports), 3.5mm headphone / microphone (1 Port), RJ -45 (1 Port) ပါဝင်ပြီး၊ Secure Digital (SD) Card Reader ပါ ပါရှိပါသည်။ Wireless မှာ Bluetooth 4.0 ပါဝင်၍ Network Interface အဖြစ် Integrated Ethernet 10/100 Base –T ပါဝင်ပါသည်။ ဈေးနှုန်းမှာ (USD – 374) ဖြစ်ပါသည်။ Android ဂိမ်းအမြင့်ပိုင်းများကို ဆော့ချင်သူများနှင့်Android ကို အားပါးတရအသုံးပြုချင်သူများအတွက် စိတ်ကြိုက်တွေ့မည့် HP Slate 21 All In One ဖြစ်ပါသည်။ ဝယ်ယူသုံးစွဲသူအတွက် မိမိကိုယ်မိမိ ယုံကြည်မှုပိုမိုရရှိစေပြီး အဆင့်အတန်းတစ်ခု အထိ ပို့ဆောင်ပေးနိုင်မည့် HP ၏ Product Series အသစ်ဖြစ်သည့်အပြင် ဝယ်ယူသူအနေနှင့်လည်း တန်ဖိုးနှင့်ညီမျှသော စွမ်းဆောင်ရည်ကို ထိတွေ့ခံစားနိုင်မည်ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *