
Gaming PC တစ်လုံးဆင်ဖို့ဆိုရင် အရေးကြီးဆုံးအချက်ကတော့ ဆင်တော့မယ့် Gaming PC ရဲ့ Performance Level တစ်ခုကို ကြိုတင်တွက်ဆထားရမှာ ဖြစ်ပါတယ်။ ကိုယ်တတ်နိုင်သလောက် Budget လောက်လေးနဲ့ Gaming PC တစ်လုံးဆင်ဖို့ဆိုတာ တော်တော်လက်တွေ့ကျကျ စဉ်းစားတတ်ရပါတယ်။ ငွေကုန်ကြေးကျသက်သာတဲ့ Gaming Machine တစ်ခုကိုဆင်ဖို့ဆိုရင် ကိုယ်ဆော့ချင်တဲ့ Game ရဲ့ Minimum Requirement လောက်ကိုတော့ သိထားဖို့လိုပါလိမ့်မယ်ဗျ။ Hardware တွေဆိုတာကတော့ Gaming Performance တစ်ခုလုံးပြသနိုင်ဖို့အတွက် အရေးကြီးဆုံးပါပဲ။ Speed, Responsiveness, Frame Rates အစရှိတဲ့အရာတွေအများကြီးလိုပါတယ်။ Processor, Power Supply နဲ့ Motherboard တို့ကို Case ထဲ ဆင်ရတာဟာ အဲ့လောက်တော့ မရှုပ်ထွေးပါဘူး ဒါပေမဲ့ ဖြစ်လာနိုင်တဲ့ Error တွေကတော့ ရှိတတ်ပါတယ်။ ဒါကြောင့် Part တစ်ခုချင်းစီကို Step By Step ဆင်သွားတာဟာ ပိုအဆင်ပြေပါလိမ့်မယ်။