ပရော်ဖက်ရှင်နယ် ဂိမ်းလောကရဲ့ ၇၀ ရာခိုင်နှုန်းကို အမျိုးသားတွေကပဲ အုပ်စိုးထားတယ်လို့ စစ်တမ်းတစ်ရပ်က ဖော်ပြထားပါတယ်။ ပရော်ဖက်ရှင်နယ် အမျိုးသမီး Gamerတွေကတော့ အတော်ကိုနည်းနေပါသေးတယ်။ ဒါပေမယ့်လည်း နာမည်ကျော်ကြားပြီး ၀င်ငွေကောင်းတဲ့ အမျိုးသမီး Gamerတွေရှိနေပါတယ်။ e-sportsက ဆုကြေးငွေအများဆုံးရထားတဲ့ အမျိုးသမီး ဂိမ်းကစားသူ အယောက်တစ်ရာကို စစ်တမ်းကောက်ယူထားပါတယ်။ အဲဒီထဲကမှ ဆုကြေးငွေအများဆုံး ရထားတဲ့ အမျိုးသမီး ဂိမ်းကစားသူ (၁၅)ယောက်ကို ၀င်ငွေအနည်းဆုံးကနေ အများဆုံးစီပြီး ဖော်ပြပေးလိုက်ပါတယ်။
15. Seo ‘ToSsGirL’ Ji-soo
ဂိမ်းကစားတဲ့နာမည် ToSsGirLလို့ အမည်ရတဲ့ Seo Ji-sooဟာ ပြိုင်ပွဲသုံးခုမှာ ဆုကြေးငွေ ၅၇၅၃ ဒေါ်လာ ရရှိခဲ့ပါတယ်။ သူမက StarCraftဂိမ်းကို ပရော်ဖက်ရှင်နယ် ကစားသူဖြစ်ပါတယ်။ သူမက ၂၀၁၂ မှာ ဂိမ်းကစားခြင်းမှ အနားယူခဲ့ပြီး ကိုယ်ပိုင် အွန်လိုင်းအရောင်းဆိုင် ဖွင့်လှစ်ထားပါတယ်။
14. Mirlet ‘Hitomi 1’ Delgadillo
မက္ကဆီကိုမှ Mirlet ‘Hitomi 1’ Delgadilloက Dead or Alive 4 ကစားသူဖြစ်ပြီး ပြိုင်ပွဲနှစ်ခုမှ ဆုကြေးငွေ ဒေါ်လာ ခြောက်ထောင် ရရှိခဲ့ပါတယ်။
13. Samantha ‘Ricochet’ Whale
Samantha ‘Ricochet’ Whaleက ၂၀၀၇ မှာ ပြုလုပ်ခဲ့တဲ့ Dead or Alive 4ပြိုင်ပွဲမှာ တတိယဆွတ်ခူးခဲ့တဲ့ အဖွဲ့ထဲမှ တစ်ယောက်ဖြစ်ပါတယ်။ ဆုကြေးငွေ ဒေါ်လာ ခုနစ်ထောင် ရရှိပြီးပါပြီ။
12. Jennifer ‘jso’ So
Jennifer ‘jso’ Soဟာ ပြိုင်ပွဲတစ်ခုထဲမှာပဲ ဒေါ်လာ ခြောက်ထောင်ရရှိခဲ့ဖူးပါတယ်။ သူမကစားတဲ့ဂိမ်းက Counter-Strikeဖြစ်ပါတယ်။ သူမဟာ Counter-Strikeပြိုင်ပွဲသုံးခုရဲ့ ချန်ပီယံလည်းဖြစ်ပါတယ်။ သူမရဲ့ အသင်းက SK.Ladies Counter-Strikeဖြစ်ပါတယ်။ သူမရရှိထားတဲ့ ဆုကြေးအားလုံးပေါင်းက ဒေါ်လာ ခုနစ်ထောင်ဖြစ်ပါတယ်။
11. Christine ‘potter’ Chi 
Christine ‘potter’ Chiက ပြိုင်ပွဲငါးခုမှာ ဒေါ်လာ ၇၈၀၀ ဆွတ်ခူးထားပါတယ်။ သူမကလည်း Counter-Strikeကစားသမားဖြစ်ပြီး အမေရိကန်မှာ နေထိုင်ပါတယ်။ ပြိုင်ပွဲသုံးခုမှာ ချန်ပီယံဖြစ်ပြီး SK.Ladiesအသင်းသားပဲဖြစ်ပါတယ်။
10. Alice ‘ali’ Lew
Alice ‘ali’ Lewက ပြိုင်ပွဲငါးခုမှာ ဒေါ်လာ ၇၈၀၀ ဆွတ်ခူးထားပါတယ်။ သူမကလည်း SK.Ladiesအသင်းသားဖြစ်ပြီး Counter-Strikeကစားသူပါ။ ပြိုင်ပွဲသုံးခုမှာ ချိန်ပီယံဆုရရှိထားပါတယ်။
9. Alana ‘Ms.X’ Reid
Alana ‘Ms.X’ Reidက ပြိုင်ပွဲတစ်ခုထဲကနေ ဒေါ်လာတစ်သောင်း ရရှိထားပါတယ်။ ကနေဒါသူဖြစ်ပြီး Quake III Arenaပြိုင်ပွဲမှာ ဒုတိယဆုရရှိခဲ့ပါတယ်။
8. Livia ‘Liefje’ Teernstra 
Livia ‘Liefje’ Teernstraက ပြိုင်ပွဲနှစ်ခုမှ ဒေါ်လာ ၁၄၀၀၀ ရရှိထားပါတယ်။ သူမဟာ ဥရောပသို့မပြောင်းရွှေ့မီ နယူးဇီလန်မှာ Quakeနဲ့ Unreal ပြိုင်ပွဲများ ကစားခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ Dead or Alive 4ကစားရင်း နာမည်ကြီးခဲ့တာဖြစ်ပါတယ်။
7. Jamie ‘Missy’ Pereyda
Jamie ‘Missy’ Pereydaက ပြိုင်ပွဲတစ်ခုထဲမှာ ဒေါ်လာ ၁၅၀၀၀ ရရှိထားပါတယ်။ ကယ်လီဖိုးနီးယားမှ ဖြစ်ပြီး ၂၀၀၅ မှာ ကျင်းပခဲ့တဲ့ QuakeConပြိုင်ပွဲမှာ ပထမရရှိခဲ့ပြီး Ms. QuakeCon ဘွဲ့ကိုလည်း ရရှိခဲ့ပါတယ်။
6. Rumay ‘Hafu’ Wang 
Rumay ‘Hafu’ Wangက ပြိုင်ပွဲငါးခုမှာ ဒေါ်လာ ၁၆၂၀၀ ဆွတ်ခူးထားပါတယ်။ သူမဟာ World of Warcraftချန်ပီယံဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ Hearthstoneဂိမ်းကို ပြောင်းလဲကစားခဲ့ပြီး ဂိမ်းများကို တိုက်ရိုက်ထုတ်လွှင့်ပေးတဲ့ Twitchမှာ လွှင့်တင်ခဲ့ပါတယ်။
5. Vanessa ‘Vanessa’ Arteaga
Vanessa ‘Vanessa’ Arteagaက ပြိုင်ပွဲနှစ်ခုမှာ ဒေါ်လာ နှစ်သောင်း ရရှိထားပါတယ်။ Dead or Alive 4ကစားပွဲမှာ ဒေါ်လာ ၁၅၀၀၀ သိမ်းပိုက်နိုင်ခဲ့တာပါ။
4. Sarah ‘Sarah Lou’ Harrison
Sarah ‘Sarah Lou’ Harrisonက ၂၀၀၈ မှာ ကျင်းပခဲ့တဲ့ Dead or Alive 4 ပြိုင်ပွဲတစ်ခုထဲမှာ ဒေါ်လာ ငါးသောင်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။
3. Marjorie ‘Kasumi Chan’ Bartell 
Marjorie ‘Kasumi Chan’ Bartellက Dead or Alive 4ပြိုင်ပွဲရဲ့ ချန်ပီယံဖြစ်ပြီး ဒေါ်လာ ငါးသောင်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။
2. Sasha ‘Scarlett’ Hostyn 
Sasha ‘Scarlett’ Hostynက ပြိုင်ပွဲပေါင်းသုံးဆယ်မှာ ဒေါ်လာ ၈၁၂၈၂ ဆွတ်ခူးထားပါတယ်။ ကနေဒါမှ ဖြစ်ပြီး StarCraft IIကစားသူဖြစ်ပါတယ်။ ပြိုင်ပွဲခုနစ်ခုမှာ ပထမဆုရရှိထားပါတယ်။
1. Katherine ‘Mystik’ Gunn
Katherine ‘Mystik’ Gunnက ဆုကြေးငွေအများဆုံးရထားတဲ့ ပရော်ဖက်ရှင်နယ် Gamerဖြစ်ပြီး ပြိုင်ပွဲသုံးခုမှာ ဒေါ်လာ ၁၂၂၀၀၀ ရရှိထားပါတယ်။ သူမဟာ Dead or Alive 4တစ်ခုထဲနဲ့ ဒေါ်လာ ၂၂၀၀၀ ဆွတ်ခူးဖူးပါတယ်။ ဒါပေမယ့် ချန်ပီယံဆုရရှိပြီး ဆုကြေးငွေအများအပြားရရှိလိုက်တဲ့ ဂိမ်းကတော့ Halo:Reachဖြစ်ပါတယ်။
						
					














