Business, Lifestyle

အလုပ်စားပွဲမှာ တစ်နေ့လုံး မထိုင်ချင်သူများအတွက် လစာအများဆုံး အလုပ် ၁၃ ခု

အလုပ်စားပွဲမှာ တစ်နေ့လုံး မထိုင်ချင်သူများအတွက် လစာအများဆုံး အလုပ် ၁၃ ခု

အလုပ်စားပွဲမှာ တစ်နေ့လုံး ထိုင်ပြီး အလုပ်လုပ်နေရတာ စိတ်ညစ်ညူးစရာပါ။ ဒါပေမယ့် လစာအများဆုံး အလုပ်တွေကတော့ ဒီလိုပဲလုပ်နေရပါတယ်။

အလုပ်စားပွဲမှာ တစ်နေ့လုံးထိုင်စရာ မလိုဘဲ လစာအကောင်းဆုံး အလုပ် ၁၃ ခုကို အမေရိကန် အလုပ်သမား ဗျူရိုရဲ့ စာရင်းများအရ တင်ပြလိုက်ပါတယ်။

အဲဒီအလုပ်တွေထဲမှာ စာသင်ခန်းထဲမှာ လုပ်ရတာ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ လုပ်ရတာနဲ့ မြေပြင်အထက် ပေ သုံးသောင်းလောက်မှာ လုပ်ရတဲ့ အလုပ်တွေ ပါ၀င်ပါတယ်။

၁၃။ မိုင်းခွဲခြင်းနဲ့ ဘူမိဗေဒ အင်ဂျင်နီယာ

နှစ်စဉ်ပျမ်းမျှ၀င်ငွေ။ ။ အမေရိကန် ဒေါ်လာ ၉၆ ၉၅၀

မိုင်းခွဲရာမှာနဲ့ မြေပြင် ဖွံဖြိုးမှု လုပ်ငန်းခွင်မှာ မြေပြင်အောက်မှာ ဘာတွေ ဖြစ်နေလဲဆိုတာကို တွက်ချက်ရာမှာ တာ၀န်ယူရတဲ့ သူတွေပါပဲ။ ပတ်၀န်းကျင်နဲ့ လုပ်သားတွေ လုံခြုံဖို့ကို သေချာအောင် လုပ်ရပါတယ်။

မိုင်းခွဲခြင်းဟာ အန္တရာယ်ရှိတဲ့ အလုပ်ဖြစ်ပေမယ့် လစာက ကောင်းမွန်ပါတယ်။

13

၁၂။ ကုန်ထုတ်လုပ်မှု မန်နေဂျာ

နှစ်စဉ်ပျမ်းမျှ၀င်ငွေ။ ။ အမေရိကန် ဒေါ်လာ ၉၉ ၃၇၀

စက်ရုံမှာ စီမံခန့်ခွဲရတာ အလုပ်စားပွဲမှာထက် ပိုကောင်းလားဆိုတာ မသိပေမယ့် စက်ရုံမန်နေဂျာတွေဟာ လစာကောင်းကြပါတယ်။

12

၁၁။ စီးပွားရေး ပါမောက္ခ

နှစ်စဉ်ပျမ်းမျှ၀င်ငွေ။ ။ အမေရိကန် ဒေါ်လာ ၁၀၀ ၄၉၀

ကောလိပ် စာသင်ခန်းထဲမှာ ၀င်ငွေများစွာ ရနိုင်ပါတယ်။ စီးပွာရေး ပါမောက္ခတွေဟာ သူတို့ရဲ့ ဆုံးဖြတ်ချက်ချရတဲ့ အသိပညာကြောင့် သတင်းဆောင်းပါးတွေ ရေးသားတာကနေ အစိုးရရဲ့ မူဝါဒတွေ ချမှတ်တာအထိ နေရာတိုင်းမှာ အလုပ်ဖြစ်နေပါတယ်။

ယခင် အစိုးရ အတွက် အလုပ်လုပ်ခဲ့ဖူးပြီး California Berkely Universityမှ စီးပွားရေး ပါမောက္ခဖြစ်သူ Janet Yellenဟာ အခုလက်ရှိမှာ Federal Reserve Chairman ဖြစ်နေပါပြီ။

11

၁၀။ အင်ဂျင်နီယာ ပါမောက္ခ

နှစ်စဉ်ပျမ်းမျှ၀င်ငွေ။ ။ အမေရိကန် ဒေါ်လာ ၁၀၂ ၈၈၀

ဒီအလုပ်မှာ စာသင်တဲ့ အပိုင်းရော သုတေသနပြုလုပ်တဲ့ အပိုင်းမှာပါ အလုပ်လုပ်တဲ့ အင်ဂျင်နီယာ ပါမောက္ခတွေ ပါ၀င်ပါတယ်။

10

၉။ ဓာတုဗေဒ အင်ဂျင်နီယာ

နှစ်စဉ်ပျမ်းမျှ၀င်ငွေ။ ။ အမေရိကန် ဒေါ်လာ ၁၀၄ ၃၄၀

ဓာတုဗေဒ အင်ဂျင်နီယာတွေဟာ ဆေးဝါးကနေ လောင်စာဆီအထိ တီထွင်ဖန်တီးကြရပါတယ်။ သူတို့တွေဟာ ဓါတ်ခွဲစမ်းသပ်ခန်းတွေနဲ့ အစားအစာ ၊ ဓာတုပစ္စည်းများ ဖန်တီးတဲ့ စက်ရုံများမှာ အလုပ်လုပ်ကြရပါတယ်။

9

၈။ အာကာသ အင်ဂျင်နီယာ

နှစ်စဉ်ပျမ်းမျှ၀င်ငွေ။ ။ အမေရိကန် ဒေါ်လာ ၁၀၅ ၄၅၀

လေယာဉ်ပျံတွေနဲ့ အာကာသယာဉ်တွေ တည်ဆောက်ရတာ အရမ်းမိုက်မှာပါ။

အင်ဂျင်နီယာ အများစုဟာ ရုံးခန်းတွေမှာ အချိန်ကုန်လေ့ရှိပေမယ့် အာကာသအင်ဂျင်နီယာများကတော့ သူတို့တည်ဆောက်တဲ့ အရာတွေကို ကြီးကြပ်ဖို့ တည်ဆောက်ရေးလုပ်ငန်းခွင်ကို သွားကြရပါတယ်။

8

၇။ ဆေးသိပ္ပံ ပါမောက္ခ

နှစ်စဉ်ပျမ်းမျှ၀င်ငွေ။ ။ အမေရိကန် ဒေါ်လာ ၁၀၅ ၈၈၀

ဆရာ၀န်လောင်းတွေကို စာသင်ပေးရတာ ဂဏန်းခြောက်လုံး ၀င်ငွေကို ရနိုင်ပါတယ်။

ပျမ်းမျှလစာက ဆရာ၀န်တွေလောက်မကောင်းပေမယ့် ကောင်းတယ်လို့ ဆိုရမှာပါ။

7

၆။ ဘူမိဗေဒ ပညာရှင်

နှစ်စဉ်ပျမ်းမျှ၀င်ငွေ။ ။ ၁၀၈ ၄၂၀

ဘူမိဗေဒ ပညာရှင်တွေဟာ ကမ္ဘာမြေကြီးအကြောင်း လေ့လာသင်ကြားကြရပြီး အင်ဂျင်နီယာ နည်းပညာ၊ ပတ်၀န်းကျင် အတိုင်ပင်ခံ အဖွဲ့အစည်းများ၊ မိုင်းခွဲတဲ့ Companyများနဲ့ အစိုးရအေဂျင်စီများမှာ အလုပ်လုပ်နိုင်ကြပါတယ်။

မကြာခဏဆိုသလို တံတားဆောက်တဲ့ လုပ်ငန်းခွင်တွေ၊ ကောလိပ်အတွက် သုတေသနပြုလုပ်ဖို့ ပင်လယ်ပြင်ကို လေ့လာတာတွေ ပြုလုပ်ရပါတယ်။

6

၅။ ဥပဒေ ပါမောက္ခ

နှစ်စဉ်ပျမ်းမျှ၀င်ငွေ။ ။ ၁၂၂ ၂၈၀

ဥပဒေ ပါမောက္ခ ဖြစ်ရတာ အလွန်ကောင်းပါတယ်။ လစာကောင်းပြီး နောင်မျိုးဆက် ရှေ့နေများနဲ့ တရားသူကြီးများကို ပညာသင်ကြားပေးဖို့ အခွင့်အရေး ရရှိပါတယ်။

Bill Clintonနဲ့ Barack Obamaတို့လို သမ္မတတောင်ဖြစ်နိုင်ပါသေးတယ်။ သူတို့နှစ်ဦးဟာ နိုင်ငံရေးလောကထဲမ၀င်ခင်မှာ ဥပဒေကျောင်းမှာ စာသင်ခဲ့ကြတာပါ။

5

၄။ လေယာဉ်မှူး

နှစ်စဉ်ပျမ်းမျှ၀င်ငွေ။ ။ ၁၂၉ ၆၀၀

ကမ္ဘာအနှံ့ခြေဆန့်နေတဲ့ လေယာဉ်မှူးတွေက ၀င်ငွေကောင်းကြပါတယ်။

4

၃။ ရေနံ အင်ဂျင်နီယာ

နှစ်စဉ်ပျမ်းမျှ၀င်ငွေ။ ။ ၁၄၉ ၁၈၀

ရေနံ အင်ဂျင်နီယာတွေဟာ မြေကြီးထဲက ရေနံတွေကို တူးဖော်ဖို့ အကောင်းဆုံး နည်းလမ်းတွေကို သိကြပါတယ်။ ဒီအလုပ်မှာ အလုပ်အောင်မြင်ဖို့ Toolsနဲ့ ဆော့ဝဲတွေကို ဖန်တီးကြရပါတယ်။

ဒီအလုပ်ရဲ့ အချိန်အတော်များများက လုပ်ငန်းခွင်မှာ ကုန်ဆုံးကြပါတယ်။ လုပ်ငန်းခွင်မှာ မြေပြင်ကို ဖောက်ထွင်းဖို့နဲ့ အလုပ်အဆင်ပြေချောမွေ့စွာ ပြီးမြောက်ဖို့ ပြုလုပ်ကြရပါတယ်။

3

၂။ မေ့ဆေး ဆရာ၀န်

နှစ်စဉ်ပျမ်းမျှ၀င်ငွေ။ ။ ၁၅၇ ၆၉၀

ခွဲစိတ်မှုမလုပ်ခင် မေ့ဆေးပေးရတာ အလွန်ခက်ခဲတဲ့ ပညာဖြစ်ပြီး မေ့ဆေးဆရာ၀န်များဟာ တစ်နှစ်ကို ဒေါ်လာ တစ်သိန်းအထက်ရရှိကြပါတယ်။

2

၁။ ဆရာ၀န်

နှစ်စဉ်ပျမ်းမျှ၀င်ငွေ။ ။ ၁၉၁ ၈၈၀

ဆရာ၀န်နဲ့ ခွဲစိတ်ဆရာ၀န်များဟာ လူသားတွေရဲ့ အသက်ကို ကယ်တင်နိုင်သလို ၀င်ငွေကောင်းကြပါတယ်။

အရိုးနဲ့ သားဖွားမီးယပ်လို အထူးကု ဆရာ၀န်တွေရဲ့ လစာဟာ ပိုတောင်ကောင်းပါတယ်။ အကောင်းဆုံးကတော့ ဦးနှောက်မှတ်ဥာဏ် ပျောက်ဆုံးသွားသူများကို ကုသပေးတဲ့ အထူးကုများက ဖြစ်ပြီး နှစ်စဉ်ပျမ်းမျှ၀င်ငွေ ဒေါ်လာ ၂၃၅ ၀၇၀ ရရှိကြပါတယ်။

1

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *