Apps

အန်းဒရွိုက်အတွက် Google Maps

အန်းဒရွိုက် အသုံးပြုသူတွေ အတွက် မနေ့ကမှ ထွက်ရှိခဲ့တဲ့ Google Maps Appနဲ့ မိတ်ဆက်ပေး လိုပါတယ်။ ဖိုင်အရွယ်အစား 1MBသာ ရှိပြီးတော့ ဒီနေရာမှာ အခမဲ့ Downloadရယူနိုင်မှာ ဖြစ်ပါတယ်။ မြေပုံတစ်ခုအနေနဲ့ အလွန်အသုံး၀င်ပြီး 3Dအဆောက်အဦတွေနဲ့ မြေပုံအတိအကျ ပါ၀င်ပါတယ်။ Turn-By-Trun GPS Navigationကိုလည်း အသံနဲ့ ထိန်းချုပ်ညွှန်ကြားနိုင်တဲ့ အပြင် ကားမောင်းခြင်း၊ ဆိုင်ကယ်စီးခြင်းနဲ့ လမ်းလျှောက်ခြင်း စတာ တွေအတွက်လည်း ဦးတည်ရာတွေကို ညွှန်ပြပေးနိုင်တဲ့ Mapတစ်ခုပါ။

ဒါ့အပြင် ယာဉ်ကြောပိတ်ဆို့မှုတွေကို တိုက်ရိုက်ဖော်ပြလို့ ကြိတ်ကြိတ်တိုးရခြင်းမှလည်း ကင်းေ၀းစေမှာပါ။ စီးပွားရေးဆိုင်ရာတွေ အတွက် ရှာဖွေနိုင်သလို Googl Maps Street Viewလည်း ပါ၀င်ပြီး လေဆိပ်တွေ၊ ဟိုတယ်တွေ၊ လက်လီဆိုင်နဲ့ အခြားနေရာများအတွက်လည်း Indoor Mapsတွေ ထည့်သွင်းထားပါတယ်။ ဒါ့အပြင် မြေပုံပေါ်က အကွာအေ၀းကို အပြင်မှာ ဘယ်လောက်ေ၀းတယ်ဆိုတာ တွက်ချက်ပေးနိုင်မယ့် Scale Barလည်းပါ၀င်လို့ အသုံးပြုသူတွေအတွက် တကယ်ပဲ လွယ်ကူအဆင်ပြေစေမှာ ဖြစ်ပါတယ်။ မြန်မာအိုင်စီတီ ပရိသတ်ကြီးကော အထက်ပါ Google Mapsကို နှစ်သက်ပါရဲ့လား?

3 thoughts on “အန်းဒရွိုက်အတွက် Google Maps

  1. Waihin Tun says:

    Yes.i like thank

  2. Waihin Tun says:

    Instell ရဘူး ဒေါင်းလို့လဲရဘူး

  3. Duke Knight says:

    မြန်မာနိုင်ငံအတွက်အသုံးဝင်ရဲ့လား

Leave a Reply

Your email address will not be published. Required fields are marked *