News

ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် လျှပ်စစ်ဓာတ်အား ရရှိရေး လုပ်ငန်းများ စတင် ဆောင်ရွက်နေပြီ

electirc-power

မြန်မာနိုင်ငံရှိ လျှပ်စစ်ဓာတ်အား ရရှိရေးအနေဖြင့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီး ဖြန့်ဖြူးပေးနိုင်ရန်အတွက် စီမံကိန်း လုပ်ငန်းများကို စတင် ဆောင်ရွက်နေပြြီဖစ်ကြောင်း နေပြည်တော်ရှိ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ တာ၀န်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရပါသည််။ ချင်းပြည်နယ်တွင် 66KV ဓာတ်အားလိုင်း စီမံကိန်းများ၊ 66KV/11KV/5MVA ကျော့-ဂန့်ဂေါ-ဟားခါး ဓာတ်အားခွဲရုံများ တည်ဆောက်ခြင်းများကို ဆောင်ရွက်သွားမည်ဟု သိရသည်။

ရခိုင်ပြည်နယ် တွင်လည်း ဓာတ်အားလိုင်း စီမံကိန်းများ၊ ဓာတ်အားခွဲရုံ စီမံကိန်းများကို စတင်ဆောင်ရွက်လျက် ရှိနေပြီ ဖြစ်ကြောင်း သိရသည်။ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်များ၊ ယခု ၂၀၁၃-၂၀၁၄ခုနှစ် ဘဏ္႑ာရေးအတွင်း လျှပ်စစ်ဓာတ်အား ရရှိရန် စီမံကိန်းလုပ်ငန်းများကို အပြီး ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၁၄ခုနှစ် နှစ်ဆန်းပိုင်းတွင် ဓာတ်အား ပို့လွှတ် ဖြန့်ဖြူးနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။ လျှပ်စစ်ဓာတ်အား ရရှိရန် ဆောင်ရွက်ရသည်မှာ အဆိုပါ ပြည်နယ်များတွင် မြို့နယ်အလိုက် မိမိ အစီအစဉ်ဖြင့် လျှပ်စစ်မီးကို ထုတ်လုပ် သုံးစွဲရပြီး၊ လျှပ်စစ်မီး သုံးစွဲသည့်အခါ လျှပ်စစ်မီး သုံးစွဲခ ပိုမို၍ ပေးဆောင်ရသောကြောင့် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အား ရရှိရန် စီမံကိန်းများ ဆောင်ရွက်ရကြောင်း သိရှိရပါသည််။

One thought on “ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် လျှပ်စစ်ဓာတ်အား ရရှိရေး လုပ်ငန်းများ စတင် ဆောင်ရွက်နေပြီ

  1. Myo Thiha says:

    လျှပ်စစ်မီးမရနိုင်ခဲ့တဲ့နေရာတွေ အခုတော့လျှပ်စစ်မီး ရရန်ဆောင်ရွက်နေပြီ ဆိုတော့ ကောင်းတဲ့သတင်း ပါ။မြန်မြန်လျှပ်စစ်မီးရနိုင်ပါစေဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *