၄၃ ယောက်မြောက် အမေရိကန် သမ္မတတစ်ဦးဖြစ်သူ George W. Bush စီးခဲ့တဲ့ ၂၀၀၅ ခုနှစ်ထုတ် Cadillac DTS ကားကို ဖော်ပြပေးချင်ပါတယ်။ သမ္မတတစ်ဦး အသုံးပြုမယ့် ယာဉ်ကို သီးသန့် အထူးပြုလုပ်ချက် တီထွင်ဖန်တီးမှုတွေနဲ့ ပေါင်းစပ် တည်ဆောက်လေ့ရှိပါတယ်။ သူက လက်ရှိသမ္မတ အိုဘားမားလိုပဲ သမ္မတအဖြစ် ဒုတိယအကြိမ် ရွေးချယ်တင်မြောက်ခံရသူပါ။ အိုဘားမားစီးတဲ့ ကားအကြောင်းကို ပြီးခဲ့တဲ့အပတ်က အိုင်စီတီဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။ အခုတော့ George Bush စီးတဲ့ ကားအကြောင်းကို စိတ်၀င်စားလို့ ဆက်ပြီး လေ့လာကြည့်ခဲ့ပါတယ်။
George Bush စီးတဲ့ ကားအမျိုးအစားက Cadillac DTS ကားပါ။ ၄င်းကားကို အမေရိကန် Automobile ကားကုမ္ပဏီဖြစ်သည့် General Motors ကုမ္ပဏီကနေ ထုတ်လုပ်လိုက်တဲ့ Luxury Sedan ကားအမျိုးအစား ဖြစ်ပါတယ်။ General Motors ကုမ္ပဏီကနေ ထုတ်လုပ်လိုက်တဲ့ အကြီးစား Luxury ကားအမျိုးအစား Cadillac Deville နေရာမှာ အစားထိုးနေရာယူလိုက်တဲ့ ကားဖြစ်ပါတယ်။ ၄င်းကားကို ၂၀၀၅ ခုနှစ်မှာ အမေရိကန်သမ္မတဟောင်း George W. Bushအတွက် အထူးသီးသန့် ကားအဖြစ် ရွေးချယ်ခဲ့သည့်အတွက် Luxury ကားတွေထဲမှာတော့ ရောင်းအကောင်းဆုံး စာရင်း၀င်ခဲ့ပါတယ်။
Cadillac Deville ထက် Cadillac DTSမှာ အဓိက ပြောင်းလဲမှုတစ်ခုကို ပြုလုပ်ထားပါတယ်။ အဲဒါကတော့ လူခြောက်ယောက်ကို သက်တောင့်သက်သာနဲ့ တင်ဆောင်နိုင်ဖို့အတွက် ဒီဇိုင်း ထွင်ထားခြင်းပါ။ ကားအတွင်းပိုင်းမှာ လူခြောက်ယောက် အေးအေးဆေးဆေး သက်တောင့်သက်သာ နေနိုင်ဖို့အတွက် ခုံတန်း ရှည်တွေကို တပ်ဆင်ထားပါတယ်။ ထိုင်ခုံတွေမှာ Wi-Fi ချိတ်ဆက်ထားတဲ့ Laptop တွေ အဆင့်မြင့်ဖုန်းတွေ ပါ၀င်ပြီး ၄င်းပစ္စည်းတွေကို လိုလျှင် ထုတ်သုံးနိုင်ပြီး မလိုလျှင် ခေါက်ပြီး သိမ်းထားလို့ ရပါတယ်။ ကားရဲ့ စုစုပေါင်း အလေးချိန်က ပေါင် ၄,၀၀၀ လေးပါတယ်။ စွမ်းရည် ပြည့်၀တဲ့ 4.6L Northstar V8ကို အသုံးပြု ထားတာ ဖြစ်ပါတယ်။ 4-Speed Automatic ဂီယာအမျိုးအစား ဖြစ်ပြီး မြင်းကောင်ရေအား 275 hp ကို ထုတ်လုပ်ပေးနိုင်တဲ့ အင်ဂျင်အမျိုးအစားပါ။
2005 မော်ဒယ်ထုတ် ဖြစ်ပြီး GM Four-Wheel Drive ဖြစ်ပါတယ်။ ၄င်းကားကို George W. Bush ဒုတိယအကြိမ်မြောက် သမ္မတအဖြစ် ပြန်လည် တင်မြှောက်ခံရတဲ့ အချိန် ၂၀၀၅ ခုနှစ် ဇန်နဝါရီလ ၂၀ရက်နေ့မှာ ပထမဆုံး စတင် အသုံးပြုခဲ့တာပါ။ ရှည်လျားစွာ အုပ်မိုးထားတဲ့ အမိုးတွေ၊ အရေးပေါ်အခြေအနေတွေမှာ အသုံးပြုနိုင်မယ့် အနီ၊ အဝါ ရှေ့စလိုက်မီးတွေ၊ နောက်ဘရိတ်မီးတွေကို သပ်သပ်ရပ်ရပ် ဒီဇိုင်းဆင်ထားပါတယ်။ DTSရဲ့ ဘော်ဒီ ကိုယ်ထည်ကို ၅ လက်မ (၁၃၀ မီလီမီတာ) အထူရှိတဲ့ ကျည် မထိုးဖောက်နိုင်တဲ့ သတ္ထုပြား ကျည်ကာ ကိုယ်ထည်နဲ့ အကာအကွယ်ပေးထားပါတယ်။ တံခါးပေါက်တွေက မှန်အကာတွေကို အဖွင့်အပိတ် လုပ်မရအောင် ပြုလုပ် ထားပြီး အလွန် ထူထဲတဲ့ အောက်ခံ ကိုယ်ထည်ပါ ဘီးတွေကို အသုံးပြုထားပါတယ်။
ဘီးပေါက်သွားတာတောင် တစ်စုံတစ်ရာ ချို့ယွင်းမှုမရှိဘဲ အမြန်နှုန်းနဲ့ မောင်းနှင်နိုင်မယ့် ဘီးအမျိုးအစားတွေပါ။ အကြမ်းဖက်မှုတွေ၊ တိုက်ခိုက်မှုတွေ ဒဏ်ကို အကောင်းဆုံးကာကွယ်ပေးနိုင်မယ့် သံချပ်ကာ ကိုယ်ထည်တွေအပြင် အတွင်းမှာလည်း ထိခိုက်မှုကို ကာကွယ်ပေးနိုင်မယ့် Safety Featureတွေ အများကြီး ထည့်သွင်းပေးထားပါတယ်။
ကားအတွင်းပိုင်းမှာတော့ စစ်ဌာနချုပ်တွေ၊ အေ၀းဆက်သွယ်မှုတွေ ပြုလုပ်နိုင်မယ့် Antenna ငါးခုကို တပ်ဆင်ထားပါတယ်။ ရှေ့ခန်းနဲ့ နောက်ခန်းကို ဖန်သားပြင်နဲ့ ပိုင်းခြားထားပါတယ်။ အနောက်ပိုင်းမှာ ရှိတဲ့ ထိုင်ခုံတွေကို လိုသလို ခေါက်သိမ်းထားနိုင်ပြီး အတွင်းပစ္စည်းတော်တော်များများကို သို၀ှက်သိမ်းဆည်းနိုင်ဖို့ အတွက် နေရာတော်တော်များများ ရှိပါတယ်။ ၂၀၀၉ ခုနှစ်ရောက်တဲ့အချိန်မှာတော့ အိုဘာမားကို အမေရိကန်သမ္မအဖြစ် တင်မြှောက်ခဲ့ပါတယ်။ အိုဘာမား လက်ထက် မှာတော့ ၂၀၀၉ ကားမော်ဒယ်သစ် The Beastလို့ ခေါ်တဲ့ Cadillac One, Limousine ကားကို ပြောင်းလဲ သုံးစွဲခဲ့တာ ဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အမေရိကန် သမ္မတ နှစ်ဦးကတော့ Cadillac ကားအမျိုးအစားတွေကိုပဲ ရွေးချယ်ကြတယ်ဆိုတာ တွေ့ရပါတယ်။
သင်လည်း ထိပ်တန်းသမ္မတကြီးတွေ စီးတဲ့ Cadillac DTS ကားကို စီးချင်တယ်ဆိုရင်တော့ သင့်ရဲ့အိပ်မက်က အမှန်တကယ် ဖြစ်နိုင်ပါတယ်။ 2010 Cadillac DTS ကား ပြည်တွင်းမှာ စီးနိုင်ပါပြီ။ သမ္မကြီးစီးတဲ့ ကားလို ကျည်ကာတွေ၊ လုံခြုံရေးပစ္စည်း ကိရိယာတွေ မပါ၀င်ပါဘူး။ ဒါ့အပြင် အိမ်ရှည် ကားမျိုး မဟုတ်ဘဲ အိမ်တိုကားမျိုးပါ။ 2010 Cadillac DTSကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ပြည်တွင်းက Golden Dragon Tradingနဲ့ ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။ အကယ်၍ သမ္မကြီးစီးတဲ့ ကားလိုပဲ Bullet Proofတွေပါ လိုချင်တယ်ဆိုရင်လည်း Golden Dragonမှ ၀န်ဆောင်မှု ပေးဦးမည်လို့ သိရပါတယ်။ ဆက်သွယ်နိုင်မည့် ဖုန်းကတော့ ၀၉-၇၃၂-၅၄၃-၅၅ ဖြစ်ပါ တယ်။