Pokemon, Mario စတဲ့ Game Boy ဂိမ်းလေးတွေကို မှတ်မိကြမှာပါ… အခု အဲဒီ Game Boy ဂိမ်းလေးတွေကို iDeviceတွေဖြစ်တဲ့ iPhone, iPod, iPad တွေမှာ အဆင်ပြေပြေ ဆော့ကစားနိုင်ဖို့ နည်းလမ်းလေးတစ်ခု တင်ပြပေးသွားမှာ ဖြစ်ပါတယ်။ Jailbreak လုပ်စရာ မလိုဘဲနဲ့ ဒီ GBA Gameboy Emulatorလေးကို မိမိတို့ရဲ ့ iDeviceမှာ အလွယ်တကူ ထည့်သွင်းလိုက်ရုံပါပဲ။ လွန်ခဲ့တဲ့ နှစ်တွေက ကျွနု်ပ်တို့ ကစားခဲ့တဲ့ Game Boy Deviceလေးတွေကို ပြန်လည်ဆော့နေရသလို ခံစားရမှာဖြစ်ပါတယ်။ အပေါ်အောက် ဘယ်ညာ ခလုတ်တွေနဲ့ A,B, Select, Start, Menu စတဲ့ Buttonလေးတွေက သင့်ရဲ့ငယ်ဘ၀ကို ပြန်လည် အမှတ်ရစေမှာ ဖြစ်ပါတယ်။ လက်ရှိ အသုံးပြုသူများရဲ့ပြောစကားအရတော့ iPhone4 နဲ့ iPodတွေမှာ အဆင်ပြေပြေ ကစားလို့ ရကြောင်းလည်း သိရှိရပါတယ်။ လိုချင်သူတွေအနေနဲ့ App Storeမှာ အခမဲ့ Download ရယူနိုင်ပါတယ်။
Ref : http://appadvice.com/appnn/2013/07/how-to-install-a-game-boy-emulator-on-your-idevice-jailbreak-free