လက်ရှိမော်နီတာ ဈေးကွက်ထဲသို့ Gateway အမှတ်တံဆိပ် 19.5” monitorကိုရွေှလမင်းနဂါးကုမ္ပဏီမှ တင်သွင်းဖြန့်ဖြူး ရောင်းချပေးလိုက်ပါတယ်။ Gatewayအမှတ်တံဆိပ်ဟာ အမေရိကန် Brandဖြစ်ပြီး Acer Brand ရဲ့ လက်အောက်ခံ တစ်ခုဖြစ်တာကြောင့် အရည်အသွေးယုံကြည်စိတ်ချစွာ ၀ယ်ယူနိုင်ပါတယ်။ ယခုလက်ရှိ ဈေးကွက်ထဲကိုတော့ 19.5” ပဲအရင်တင်သွင်း ရောင်းချပေးနေပါတယ်။ အမေရိကန် Brand ဖြစ်တာနဲ့အညီ Desginနဲ့ Qualityကတော့ ဥရောပနဲ့ အမေရိကန်ကအငွေ့အသက်တွေ လွှမ်းခြုံ ထားပြီး ခန့်ညားစွာနဲ့ မြန်မာပြည်ကိုရောက်ရှိလာပါပြီး။ Model နံပါတ်က HX1953Lဖြစ်ပြီးပုံရိပ်အရည်အသွေးကတော့ HD အရည်အသွေး 1600X900 ဖြစ်ပါတယ်။ အလင်းဆုံး Brightness ကတော့200 nits ရှိတာကြောင့် အတောက်ပဆုံးကိုကွဲပြားစွာ တွေ့မြင်ရမှာပါ။ အဖြူနဲ့ အမဲရောင်ကို ကွဲပြားခြားနားစွာတွေ့မြင်ရဖို့ Contrast ratio ကို 100,000,000: 1 အထိထောက်ပံ့ပေးမှုက ကျေနပ်စရာပါ။ တုန့်ပြန်နိုင်စွမ်းက 5ms စက္ကန့်သာကြာတဲ့ အတွက်မြန်ဆန်မှုက အံ့မခန်းပါပဲ။ LED နောက်ခံအလင်းဖြစ်တာကြောင့် စွမ်းအင်ချေွတာ မှု့ ကိုပေးစွမ်းမယ်ဆိုတာ သိသာစေပါတယ်။ Input ချိတ်ဆက်မှုက VGA (D-sub) နဲ့ဆိုတော့ အမေရိကန် Brand ကိုမှ ကြိုက်တဲ့ user တွေအတွက် ရွေးချယ်၀ယ်ယူသင့်တဲ့ model ဖြစ်ပါတယ်။ ပါးလွှာပြီးစတိုင်ကျလှပတဲ့ Gateway monitor များကို ရွေှလမင်းနဂါးကုမ္ပဏီ မှတင်သွင်းပြီး အာမခံသက်တမ်း (၃) နှစ် ပေးထားပါတယ်။ ရွေးချယ်၀ယ်ယူချင်တယ်ဆိုရင်တော့ ဆိပ်ကမ်းသာလမ်းရှိ ကွန်ပျူတာဆိုင်များနဲ့ ရွေှလမင်းနဂါးကုမ္ပဏီ Ph: 221683, 217233 သို့ ဆက်သွယ်မေးမြန်း၀ယ်ယူနိုင် ၀ယ်ယူနိုင်ပါပြီ။
ဈေးနှုန်း – 94,000 ကျပ်၀န်းကျင်