News

ပေါင် ၇၅၀ပေးကြည့်ရပြီး ကင်မရာ ကွယ်နေ၍ ဖူလ်ဟမ်ပရိသတ်များ ဒေါသထွက်

ပြီးခဲ့သည့် စနေနေ့ညက အာဆင်နယ်ကို သုံးဂိုး-တစ်ဂိုးဖြင့် ရှုံးခဲ့သော ဖူလ်ဟမ်အသင်း၏ ယခုရာသီ အိမ်ကွင်းအဖွင် ့ပွဲစဉ်တွင် ရုပ်သံရိုက်ကူးသော ကင်မရာစင်မှာ တစ်ရာသီစာ လက်မှတ်တန်ကြေး ပေါင် ၇၅၀ပေးကြည့်ရသည့် ဂျွန်နီဟေးနက် ပွဲကြည့်စင်မှ ပရိသတ်များ၏ မြင်ကွင်းကို ကွယ်နေခဲ့သဖြင့် ဒေါသထွက် ပေါက်ကွဲမှုများ ရှိခဲ့သည်ဟု သိရသည်။

ယင်းရုပ်သံ ရိုက်ကူးမှုမှာ ပရီးမီးယားလိဂ်ပွဲစဉ်များကို ရိုက်ကူးပြသခွင့် ရရှိထားသည့် BT Sportsရုပ်သံလိုင်းမှ ရိုက်ကူးခြင်းဖြစ်ပြီး အခြားကွင်းများတွင် ထိုပြဿနာမရှိသော်လည်း ဖူလ်ဟမ်အသင်း၏ ကရာဗင်ကော့တေ့ချ်ကွင်းမှာ အိုဟောင်းလွန်းပြီး သေးငယ်လွန်းသောကြောင့် မိုးလွတ်စေရန် ရှောင်ကွင်းရိုက်ကူးစရာ နေရာလည်းမရှိ၍ ထိုသို့ဖြစ်ခဲ့ရကြောင်း BT Sportsရုပ်သံလိုင်းမှ ဖြေရှင်းပြောကြားခဲ့သည်ဟု  ဆိုသည်။

အဆိုပါပွဲကြည့်စဉ်၌ ၃၅နှစ်ဆက်တိုက် တစ်ရာသီစာ လက်မှတ်ဝယ်ယူကြည့်ရှုခဲ့သော အသက် ၅၀အရွယ် ဖူလ်ဟမ် ပရိသတ် အန်ဒူးစတန်လိန်ဆိုသူက “ဒီလောက်ဈေးကြီးပေးကြည့်ရပြီး မြင်ကွင်းကို ကွယ်နေတာက သည်းမခံနိုင်စရာပါပဲ။ ဂိုးသွားတဲ့ ဂိုးတွေကိုတောင် ကျွန်တော်တို့အပါအဝင် ကင်မရာနောက်မှာ ကွယ်နေတဲ့ ပရိတ်သတ်အချို့ဆိုရင် မြင်တွေ့ခွင့် မရလိုက်ဘူး။ ဒီပြဿနာကို BT Sports တာဝန်ရှိသူတွေရဲ့ အသင်းပိုင်ရှင် သစ် ရှာဟစ်ခမ်းတို့ ပူးပေါင်းအဖြေရှာပြီး ဖြေရှင်းပေးသင့်တယ်”ဟု ထုတ်ဖော်ပြောဆိုသွားကြောင်း သိရပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *